လမ်းသွားစဉ်​ ယဉ်​​ကျေးမှု(social ethic on road)

in #myanmar7 years ago (edited)

ကျ​နော်​တို့သည်​ ​နေ့စဉ်​ အ​ကြောင်းကိစ္စမျိုးစုံနဲ့ သွားလာသမှုပြုကျရ​ပေသည်​။ ထိုသို့ သွားလာကျရာတွင်​ စိတ်​အ​နှောင့်​အယှက်​ဖြစ်​စရာများ ကြုံကျသလို စိတ်​ကြည်​နူးဖွယ်​ရာများလဲ ကြုံကျရတာမျိုးရှိသည်​။ အဘယ်​​ကြောင့်​ စိတ်​အ​နှောင့်​အယှက်​ ကြုံကျရသနည်း။လမ်းသွားစဉ်​ စည်းကမ်းမရှိသူ ယဉ်​​ကျေးမှုမရှိသူ တစ်​ဘက်​သားအားနာတတ်​မှု မရှိသူတို့​ကြောင့်​ ဖြစ်​သည်​။ တချို့လမ်းသွားရင်း ကွမ်း​သွေးကို စည်းကမ်းမဲ့​ထွေးမှု​ကြောင့်​ ​ဘေးလူအ​နှောင့်​အယှက်​ဖြစ်​ရသည်​။ တချို့ ​လူကြားထဲ ​ချောင်းဆိုးလျင်​ လက်​ကိုင်​ပဝါအုပ်​ဆိုးရမှန်းမသိသူ၊ လူကြားထဲ​ဆေးလိပ်​​သောက်​တတ်​သူ၊တံ​တွေးနှပ်​တို့ကို ရွံရှာဖွယ်​ စွန့်​ပစ်​တတ်​သူ၊ အမှိုက်​ကို စည်းကမ်းမဲ့ပစ်​တတ်​သူ၊ အစရှိသူတို့​ကြောင့်​ စိတ်​အ​နှောက်​အယှက်​ဖြစ်​ရ​လေသည်​၊ယခင်​အပတ်​က ကျ​နော်​ (အိမ်​၌​နေထိုင်​စဉ်​ )ယဉ်​​ကျေးမှုအ​ကြောင်းကို တင်​ပြခဲ့ပြီးဖြစ်​ပါသည်​။ ယခု အခါ လမ်းသွားစဉ်​ ယဉ်​​ကျေးမှု အ​ကြောင်းကို တင်​ပြလိုပါသည်​။>>>
imagephoto credit google
လမ်းသွား​နေစဉ်​ ကျယ်​​လောင်​စွာ စကား​ပြောဆိုခြင်းမပြုအပ်​​ပေ၊ ညအချိန်​လမ်း​လျောက်​စဉ်​ ကျယ်​​လောင်​စွာ သီချင်းဆိုခြင်းမျိုးမပြုအပ်​၊ လူအများ စိတ်​အ​နှောင့်​အယှက်​ဖြစ်​​အောင်​ သွားလာ​ပြောဆိုခြင်းမပြုရ၊ သွားလာ​နေသူများ စိတ်​အ​နှောင့်​အယှက်​ဖြစ်​​အောင်​ လမ်းလယ်​​ကောင်​တွင်​ ရပ်​၍ စကားမ​ပြောရ၊

လမ်းတွင်​ ရဟန်း သံဃာများ ၊သူအိုများ ၊ သီလရှင်​များ၊ အမျိုးသမီးများ၊က​လေးများ ၊ကိုယ့်​ထက်​အကြီးအကဲများနှင့်​ ​တွေ့ပါက ယဉ်​​ကျေးမှု အပြည့်​နှင့်​လမ်းဖယ်​​ပေးရမည်​၊ လမ်းသွားစဉ်​ အချွန်​ပါသည့်​ ထီး ၊တုတ်​ ၊ ဓားများယူ​ဆောင်​သွားပါက ​အောက်​ဖက်​သို့ စိုက်​ပြီးယူ​ဆောင်​သွားရမည်​၊ မီးရှိ​သော ​ဆေးလိပ်​တိုကို လမ်း​ပေါ်တွင်​ စည်းကမ်းမဲ့မပစ်​ရ၊ လမ်း​ပေါ်တွင်​ စားပြီးသား သစ်​​စေ့ သစ်​ခွံများအမှိုက်​များ စည်းကမ်းမဲ့မပစ်​ရ၊ လူကိုဒုက္ခ​ပေးနိုင်​​သော ခဲ ဆူး ခလုတ်​ ပုလင်းကွဲ သံချွန်​များလမ်း​ပေါ်တွင်​ ​တွေ့ရှိပါက ဖယ်​ရှား​ပေးရမည်​၊ လမ်း​ပေါ်တွင်​​လေးလံ​သောဝန်​များကို သယ်​​ဆောင်​လာသူများ​တွေ့ပါက မိမိမှဦးစွာ လမ်းဖယ်​​ပေးရမည်​၊ လမ်း​ပေါ်တွင်​ မိမိနှင့်​သိ​သော မိတ်​​ဆွေ သူငယ်​ချင်းများနှင့်​​တွေ့က မမြင်​ချင်​​ယောင်​​ဆောင်​မသွားရ မင်္ဂလာပါ ဟုအစရှိသဖြင့်​ နှုတ်​ဆက်​ပါ၊ လမ်း​ပေါ်တွင်​ အ​ရေးတကြီးသွားလာ​နေ​သော မိတ်​​ဆွေများ​တွေ့ပါက အသိအမှတ်​ပြု နှုတ်​ဆက်​ရုံမှအပ အချိန်​ကြာမြင့်​စွာ စကားရပ်​​ပြောဆိုခြင်းမပြုရ၊ လူအများသွားလာ​နေ​သောလမ်းတွင်​ တစ်​​ယောက်​နှင့်​ တစ်​​ယောင်​ ပုခုံးပွတ်​တိုက်​မသွားရ အပြန်​အလှန်​​လေးစားမှုရှိရမည်​၊ လူစည်​ကားရာအရပ်​မှာ သွားလာစဉ်​ တံ​တွေး​ထွေးခြင်း သလိပ်​​ထွေးခြင်း ကွမ်း​သွေး​ထွေးခြင်း အ​ပေါ့သွားခြင်း မပြုရ၊လူအများသွားလာ​နေ​သောလမ်း၌ ​ဆေးလိပ်​​သောက်​ခြင်း ဘီယာပုလင်း အရက်​ပုလင်းဆို့ကို​မော့​သောက်​ ၍ မသွားအပ်​​ပေ လူဆိုးလူမိုက်​ဟုအထင်​ခံရမည်​၊ ​ယောက်ျား​လေးဖြစ်​ပါကလမ်းသွားစဉ်​ အမျိုးသမီးများ ကာအိ​နြေ္ဒ ပျက်​ပျား​အောင်​ စ​နောက်​ခြင်း စူးစိုက်​ကြည့်​ ခြင်း မပြုအပ်​၊ မီးရထားဘူတာရုံနှင့်​ ​လေဆိပ်​ ​လေယဉ်​ကွင်းများတွင်​ တံ​တွေးမ​ထွေးအပ်​၊ လူ​ရှေ့သူ​ရှေ့ ပိရိသတ်​​ရှေ့ လမ်း​လျောက်​သွားလျင်​ ​ခေါင်းကိုငုံ၍ သွားရမည်​၊လမ်း၌ ကိုယ့်​ထက်​အသက်​ကြီး​သောသူ ဘုန်းကြီးရဟန်း​တွေ့၍ စကား​ပြောဆိုလျင်​ ထီး​ဆောင်းထားပါက ထီးကိုပိတ်​ ၍ ဦးထုတ်​ လက်​အိပ်​ ချွတ်​ ၍ ဂါရဝတရားအပြည့်​နှင့်​စကား​ပြောရမည်​၊ လမ်း၌ မိတ်​ဆွသူငယ်​ချင်း​တွေ့၍ လက်ဆွဲနှုတ်​ဆက်​လျင်​ လမ်းကိုကန့်​လန့်​ဖြတ်​ပြီး နှုတ်​ဆက်​ခြင်​မပြုအပ်​​ပေ၊လမ်းသွားစဉ်​ ​ပြောင်းဖူး ​နေကြာ​စေ့ ဇီးထုတ်​မုန့်​ များစား၍မသွားအပ်​​ပေ၊

ကျန်ုပ်​ ဖတ်​ခဲ့ဖူး​သောစာအုပ်​များမှ ​ရေးသားထုတ်​နှုတ်​၍ မိမိအတွက်​​ကြောင့်​ တစ်​ပါးသူ စိတ်​အ​နှောင့်​အယှက်​ မဖြစ်​​စေရန်​ လိုက်​နာကျင့်​သုံးအပ်​သည်​များကို​ရေးသား တင်​ပြအပ်​ပါသည်​။

@zinminhtet

MSC-126

image

Sort:  

Social motivation နည်းနဲ့သွားရင်တော့ အကျင့်ဆိုးတွေပြင်လို့ရနိုင်မလားပဲ၊ ကိုယ် ဂျပန်ခဏရောက်တုန်းက ကွမ်းမဟုတ်တဲ့ တံတွေးတောင် ထွေးစရာနေရာမတွေ့လို့ ဟိုတယ်ကို တစ်ရှူးနဲ့ပြန်ယူလာခဲ့ရတယ်

ဟုတ်​ကဲ့ ခင်​​ဗျ

good post bro

thank you bro

ဆင်ခြင် ရတော့မယ် ဟဲဟဲ

ဟုတ်​ကဲ့​ဗျ

လူတိုင်းလိုက်​နာဖို့လိုတယ်

လိုက်​နာသင့်​ပါတယ်

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.029
BTC 68928.98
ETH 2500.45
USDT 1.00
SBD 2.54