ချောက်ကမ်းပါး

in #busy8 years ago (edited)

ချစ်သူ
ဝေးကွားခြင်းအခြေအနေက
ခဏတာပဲလား
ဒါမှမဟုတ် ဆုံမှတ်တွေလွဲနေတဲ့ အခိုက်အတန့်ပဲလား
ငါ့ရင်ခွင်ထဲ
အပြီးအပိုင်ထွက်ခွာသွားတာလား
လမ်းခွဲစကားမပြော
မုန်းတဲ့စကားမပြော
ဘာအကြောင်းပြချက်မှမပေးပဲ
ထွက်ခွာသွားတဲ့နင့်ကို
အနာအကျင်မရှိ
ငါမျော်လင့်နေတုန်းပါ
နင်မရှိတော့တဲ့ငါရင်ခွင်ကို
အခုအချိန်ထဲ ဘယ်သူ့ကိုမှ
အစားမထိုး
တစ်နေ့နင်ပြန်လာခဲ့ရင်
အနာအကျင်မရှိ
ငါ့ရင်ခွင် နင့်အတွက်အဆင်သင့်ပါပဲ ချစ်သူ
နင့်ကိုမမုန်းပဲ မျော်လင့်နေတဲငါ
သေချာရေရာတဲ့ ဒုတိယလူမဟုတ်ပေမယ့်
မသေချာမရေရာခြင်းများစွားနဲ့
နင်ကိုမျော်လင့်နေမိတာ
အတ္တမဟုတ်ပါဘူး

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 60578.05
ETH 1558.21
USDT 1.00
SBD 0.50