အနည်းဆုံးနှစ်နှစ်တော့ခြားပါ

in #busy8 years ago

s5qpn02nad.jpg

ကလေးတစ်ယောက်နဲ့ တစ်ယောက်အကြားတွင် အချိန်ကာလအားဖြင့်
နှစ်နှစ်ကျော်ခြားနားခြင်းသည် ကောင်းမွန်သောအချိန်ကာလအပိုင်းအ
ခြားဖြစ်သည်ဟုဆိုပါလေသည် ကလေးများကိုကျန်းမာရေး ပိုလို့ကောင်း
မွန်စေလေသည်။ မိခင်နှင့်ကလေး နှစ်ဦးစလုံးရဲ့ ကျန်းမာရေးအတွက်
နောက်ထပ်ကလေးယူမည့် အစီအစဉ်ကို အငယ်ဆုံးကလေး အနည်းဆုံး
နှစ်နှစ်ပြည့်သည်အထိ ဆိုင်းငံလို့ထားသင့်ပါလေသည်။ သို့မှသာ ကလေး
စောင့်ရှောက်ရေးအတွက် ကောင်းမွန်လုံလောက်သောအချိန်ကိုပေးနိုင်
မည်ဖြစ်လေသည်။ ဒီအတွက် ကြိုတင်ပြင်ဆင် စဉ်းစား တိုင်ပင်ထားသင့်
ပါသည်။ မိသားစုအတွင်းမှာ ကြိုတင်စီစဉ်ထားခြင်း အစီအစဉ်များ ဆွဲထား
ခြင်း ဒါတွေက အိမ်ထောင်ရေးအတွက် များစွာ အဆင်ပြေစေပါသည်။

တစ်ယောက်နှင့် တစ်ယောက်ကလေးကို နီးကပ်လွန်းစွာ မွေးဖွားလာရသူ
တွေ ကလေးတွေသည် နှစ်နှစ်ခန့်ခြားပြီးမှ မွေးလာသူ ကလေးများကဲ့သိုပ
ကလေးများကို ကာပပိုင်းရော ညာဏပိုင်းပါ ကောင်းမွန်စွာ မဖွံ့ဖြိုးတာကို
တွေ့ရှိထားပါတယ် လေ့လာ သုတေသနပြုချက်များအရ ဒီလိုဖေါ်ပြခြင်း
ဖြစ်ပါတယ် စနစ်တကျ လေ့လာ စမ်းစစ်မှု စစ်တမ်းများက ဒီအတိုင်းဆို
ထားပါတယ်
နို့ညှာကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှု နှ်င့် ကျန်းမာရေးကို အပြင်းထန်ဆုံး ထိခိုက်စေသောအကြောင်းတစ်ရပ်မှာ သူ့အသက် နှစ်နှစ်
မပြည့်ခင် နောက်ကလေးတစ်ယောက် နောက်ထပ် စောလျှင်စွာမွေးဖွားခြင်းဖြစ်ပါ လေသည်။ နောက်မွေးသည့်ကလေးကို နို့တိုက်နေရပြီး ဖြစ်သောကြောင့် နို့ညှာမှာ နို့ပြတ်သွားသလို အငယ်ကို
ဂရုစိုက်နေရသောကြောင့် နို့ညှာကို စောင့်ရှောက်နိုင်ရန် အချိန်လည်း မပေးနိုင်တော့ပါဘူး။ ဒါဟာ ကလေးငယ်ကို အလွန်ထိခိုက်စေသော
အခြေအနေတွေကို ဖြစ်ပေါ်စေတာဘဲဖြစ်ပါတယ်
@zinminaye
photo-google image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 64206.40
ETH 1783.22
USDT 1.00
SBD 0.39