ပန်မလာသူတစ်ယောက်အကြောင်း

in #estee7 years ago

(ပြန်မလာသူတစ်ယောက်အကြောင်း)

ငါဟာ ကိုယ့်ရာဇဝင်ကိုယ်
ပြန်လှည့်မကြည့်ရဲလောက်အောင်
မှားသွားခဲ့တယ်

ှုနှုတ်ဆက်ထွက်ခွာသွားတဲ့
နောက်ကျောကိုကြည့်ပြီး
တစ္ဆေလန့် လန့်နေခဲ့ရ

ည ညဆို သံယောဇဉ်တွေနဲ့ကြိုးရှုပ်
အသည်းကွဲသွားတဲ့
စာခြောက်ရုပ်ကလေးလို
မြင်ကွင်းအရှည်တွေကို
စိတ်အသေနဲ့ ငေးမောနေရတယ်

မင်းမိုးခိုဖို့အတွက်
ငါ့ထီးကလေး
ဖွင့်ထားမိတုန်းပဲ

ကြောက်ပြီးသားဇာတ်လမ်းတစ်ပုဒ်ကို
ထပ်တီးခေါက်ပြတော့လည်း
ပြန်ကြောက်ရတာပဲ

စက္ကူပန်းဖြစ်နေတော့လည်း
ဘယ်လိပ်ပြာက ကြာကြာနားနိုင်မှာလည်း

ဒီလိုနဲ့ ရင်ကွဲမိုးတွေယိုတာ
ဘဝတစ်ခုလုံးရွှဲရွှဲစိုနေခဲ့ပေါ့

အိပ်မက်မက်နေသလိုပေါ့
မင်းနဲ့ငါ့ရဲ့ဇာတ်လမ်းမှာ
လက်ဆုပ်လက်ကိုင်ပြစရာ
ဘာမှမရှိခဲ့

နင်ဟာ ပုံပြောသူ
ငါဟာ နားထောင်သူ
အိပ်မောကျသွားတဲ့ငါ့ကို
နုတ်ဆက်စကားမဆိုပါပဲ
ထထွက်သွားခဲ့တယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60785.45
ETH 1557.47
USDT 1.00
SBD 0.47