အချစ်ဟု ချရေးခြင်း

in #estee7 years ago

အချစ်ဟု ချရေးခြင်း

ကိုယ့်စိတ်ကို ကိုယ်မနိုင်
သူသာပိုင်သည်
မောင်ဂါစွဲမိ သူ , မသိပြီ။

ချစ်တယ် စကား
ဆိုမအားသူ ...
နေ့ပူညချမ်း
စိုးရိမ်စမ်းတော့
မောင်ဂါ့အချစ် နွံတွင်နှစ်သည်။

အနှစ်အသဲ စွဲမြဲရင်ကော့
ခေါင်းမော့ခါခါ ပေးဆပ်လာရ
ဝဋ်လှလှလေး ရင်မှာရေးယူ
မောင်ဂါ့အပူ နေဆယ်ဆူလို။

အို ... အချစ်
ရင်ဝယ်ဖြစ်သော
စိတ်ဇောဖုံဖုံ
ပေးဆပ်တုံပြီ
မောင်ဂါ့အသက်
မင်းအတွက် သည်။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60783.65
ETH 1557.84
USDT 1.00
SBD 0.47