Dropbox နဲ့ ဖိုင်လေးတွေ အလိုလျောက် သိမ်းမယ်

in #mmgroup9 years ago

ဒီတစ်ပတ်အတွက်တော့ အသုံးဝင်တဲ့ application လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Dropbox ကို လူတိုင်းနီးပါး ကြားဖူးကြမယ် ထင်ပါတယ်။

ဒီ dropbox ထဲမှာ ကိုယ့်ရဲ့ ဓာတ်ပုံတွေ၊ document file တွေ၊ ဗီဒီယိုဖိုင်တွေနဲ့ တခြားဖိုင်တွေကို သိမ်းဆည်းထားလို့ရပါတယ်။

dropbox ကို ကိုယ့်ဖုန်းထဲမှာ သုံးနိုင်တဲ့အပြင် ကွန်ပျူတာထဲမှာလည်း ထည့်ပြီး သုံးနိုင်ပါသေးတယ်။ ကွန်ပျူတာအတွက်တော့ သပ်သပ်ဆော့ဖ်ဝဲလ်ထည့်ဖို့လိုတာပေါ့။

dropbox မှာ ကိုယ့်ရဲ့ email အကောင့်နဲ့ ဝင်ရမှာဖြစ်ပြီး အင်တာနက်ဖွင့်လိုက်တာနဲ့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ဖိုင်တွေမှန်သမျှကို သူက အလိုအလျောက် သိမ်းဆည်းပေးသွားမှာဖြစ်ပါတယ်။

ကိုယ်တောင်သတိမထားမိလိုက်ဘဲ ဖိုင်ထဲတွေကို အလိုအလျောက် သိမ်းဆည်းပေးနေမှာပါ။ တကယ်လို့ ဖုန်းပျောက်တာမျိုး၊ ဖုန်းပျက်သွားတာမျိုးဖြစ်ရင်တောင် တခြားဖုန်းမှာ dropbox ကိုဖွင့်ပြီး ကိုယ့် email အကောင့်နဲ့ ဝင်ကြည့်လိုက်ရင် ကိုယ့်ရဲ့ ဖိုင်တွေကို ပြန်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုရှိတာက dropbox က 2GB ပဲ အခမဲ့ပေးထားတာဖြစ်ပြီး တကယ်လို့ ထပ်ပြီး သိမ်းဆည်းချင်သေးတယ်ဆိုရင်တော့ သူ့ရဲ့ သတ်မှတ်နှုန်းထားအတိုင်း ဝယ်ယူရမှာဖြစ်ပါတယ်။
Credit#post owner
Dropbox.png

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.103
BTC 63426.97
ETH 1875.54
USDT 1.00
SBD 0.37