စိတ်ကို အရောင်ဆိုးနေကြသူများ
စိတ်ဆိုတာကအင်မတန်ကြောက်ဖို့ကောင်းတယ်..ချစ်ဖို့လဲကောင်းတယ်
ပျော်ရွှင်အောင်လုပ်ပေးနိုင်တာလဲ မိမိရဲ့စိတ်ပဲ
စိတ်ဆင်းရဲအောင်လုပ်တာလဲမိမိရဲ့စိတ်ပါပဲ
စိတ်ကိုအမျိုးမျိုးနာမည်တပ်ကြတာလူတွေပဲ
ဘာတဲ့ စိတ်ဆိုးတယ် ..
စိတ်ဆိုးတာဆိုတာကတော့စိတ်ကသူ့ဟာသူနေတာ ဆိုးတာကပ်လိုက်တာ စိတ်+ဆိုး စိတ်ဆိုတာကဦးဏှောက်ကနေတွေးတာကိုခေါ်တာ တကယ်လုပ်တာမလုပ်တာအပထား တွေးနေတာ။ဆိုးတာကြတော့ ဆိုးသွမ်းတာပါ့။ အက်တော့စိတ်ဆိုးတယ်ဆိုတာ စိတ်ဆိုးသွမ်းတာ စိတ်မကောင်းတာနဲ့မတူဘူး။ မကောင်းတာကဆိုးတာမဟုတ်ဘူး။ဒါပေမယ့်နည်းနည်းတော့ဆင်တယ်။ဆင်ပေမယ့်မတူဘူး။စိတ်ဆိုးနေတဲ့သူတစ်ယောက်ကတော့ ကောင်းတာမတွေးတော့ဘူး။ မကောင်းတာတွေပဲတွေးတာများတယ်။မကောင်းတာတွေးတော့ကြာတော့ဘာဖြစ်လာလဲဆိုတော့ အလိုလိုနေရင်းဒေါသတွေကရင်ထဲမှာကိန်းအောင်းလာရော။ကိုယ်ကိုယ်တိုင်ကကိုမငြိမ်းချမ်းတော့တာ စိတ်ဆိုးရင်။အကြာကြီး စိတ်မပြေပဲနဲ့စိတ်ဆိုးနေတဲ့သူက ပိုဒေါသကြီးတာပေါ့လေ။တစ်ချို့ကတော့ရှိတယ် ကိုယ်တိုင်ပြန်စဉ်းစားပြီးတော့ ခနနဲ့စိတ်ဆိုးပြေသွားကြတာ။အဲ့လိုလူတွေကျတော့ဒေါသနည်းတာပေါ့။စိတ်ပြေသွားတဲ့အချိန်တွေကိုကြည့်ပြီးတော့တိုင်းတာနိုင်တယ်လူတစ်ယောက်ရဲ့ဒေါသကို။
ဘာတဲ့..စိတ်တိုတယ်
အဲသူကျတော့တစ်မျိုး စိတ်+တို စိတ်ကတော့ဒီတိုင်းပဲ သူ့ကိုတိုနဲ့ပေါင်းလိုက်တာ အဲ့တော့ စိတ်တိုပေါ့။တစ်နည်းအားဖြင့် စိတ်မရှည်တာ သူတို့နှစ်ခုကအပြောပဲကွာတာအတူတူပဲ။တိုမှတော့မရှည်ဘူးပေါ့ဟုတ်တယ်လေ။ဘာလို့စိတ်တိုတယ်လို့ခေါ်တာလဲဆိုတော့စိတ်တိုနေတဲ့အခါစကားပြောတာက တိုပြတ်ပြတ်ဖြစ်နေလို့ပဲ။ဥပမာ စားပီးပြီလားလို့စိတ်တိုနေတဲ့သူကိုသွားမေးမိရင် အေးပဲပြောတာမျိုးပေါ့။စိတ်မတိုနေတဲ့အချိန်ကျရင်တော့ အဲ့မေးခွန်းပဲမေးပေမယ့် အေးညီလေးပြီးပီိကွခုနတင်ပဲ မင်းရောစားပြီးပြီလား။အဲ့လိုလာတာ။အက်ကျတော့စိတ်တိုတယ်ဆိုတာကတိုတိုနဲ့ပြတ်ပြတ်ပြောနေတယ်ဆိုရင် သူစိတ်တိုနေတာပေါ့။စိတ်တိုရင်ဘာဖြစ်လဲဆိုတော့စိတ်ဆိုးတာတော့မဟုတ်ပေမယ့် ရင်ထဲကနေလို့ကောင်းမှာမဟုတ်ဘူး။လုပ်နေတဲ့အလုပ်တွေလွဲနိုင်တယ်။စိတ်ရဲ့နောက်ကိုခန္ဓာကိုယ်ကလိုက်ရတာကိုး။
ဘာတဲ့..စိတ်ဆင်းရဲတာ
စိတ်ကတော့ဒီတိုင်းပဲ စိတ်+ဆင်းရဲ ဆင်းရဲကလိုက်လာတာစိတ်နောက်က စိတ်နဲ့ဆင်းရဲပေါင်းတော့ စိတ်ဆင်းရဲ။တစ်နည်းအားဖြင့်စိတ်မချမ်းသာတာ။သူကတစ်မျိုး အပေါ်ကနှစ်ခုနဲ့မတူဘူး။တစ်ခုခုကိုမြင်ခဲ့ရလို့ စိတ်မချမ်းမသာဖြစ်တာမျိုး။ဥပမာ ကျန်းမာရေးမကောင်းပဲအော်ညည်းနေတဲ့သူတို့ ၊ အက်ဆီးဒန့်ဖြစ်လို့ ကွဲပြဲနေတာမျိုးကိုမြင်ခဲ့မိတာ ၊ အသုဘတစ်ခုခုကိုမြင်ခဲ့တာမျိုး ၊ ကိုယ်ချစ်ခင်တဲ့သူတစ်ယောက် တစ်ခုခုကိုအရမ်းခံစားနေရတဲ့အခါမျိုးကို မြင်ခဲ့တဲ့အခါ ၊ စိတ်မကောင်းစရာသတင်းတစ်ခုခုကြားရတဲ့အခါမျိုးတွေမှာ စိတ်မချမ်းသာမှု စိတ်ဆင်းရဲမှုက ကိုယ့်စီအလိုလိုရောက်လာတာ။အဲ့လိုစိတ်ဆင်းရဲနေရရင် အလုပ်လုပ်ရတာလေးလံလာတယ် အဆင်မပြေဘူး။ဆင်းရဲတယ်ဆိုတာ မွဲနေတာ ငွေမရှိတော့လုပ်ချင်တိုင်းလုပ်လို့မရဘူး စိတ်လဲအက်တိုင်းပဲလေ စိတ်ဆင်းရဲတော့ လုပ်ချင်တိုင်းလုပ်လို့မရဘူး။
ဘာတဲ့..စိတ်နာတာ
သူကတစ်မျိုး..စိတ်+နာ..စိတ်ကိုနာနဲ့ကပ်လိုက်တာ အက်တော့စိတ်နာ။သူကတော့ကောင်းသလိုလို.ဆိုးသလိုလို..စိတ်နာလာရင်ပြတ်တောက်သွားတော့ သူ့အကြောင်းတော့မစဉ်းစားရတော့ဘူးပေါ့။ကောင်းတော့လဲကောင်းတယ်။ဆိုးတာကသူကကိုယ့်အပေါ်မကောင်းရာကနေ တဖြည်းဖြည်းပြန်ပြီးတော့ကောင်းလာတဲ့အခါကျတော့ ကိုယ်ချစ်တဲ့သူတစ်ယောက်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရတာပေါ့။အဲ့တာကျမကောင်းပြန်ဘူး။လောကမှာချစ်တဲ့သူကရှားပြီးတော့မုန်းတဲ့သူကပေါတာကိုး။စိတ်နာတဲ့အခါသူ့ကိုစွန့်လွှတ်လိုက်တယ် စွန့်ပစ်လိုက်တယ် ကိုယ်ကတမြေ့မြေ့တော့ခံစားရတာပေါ့။နောက်ပြီးတော့မှ ဖြေသိမ့်ယူရတာ ကိုယ်လဲမပော်ျရွှင်ရဘူး။အဆင်သိပ်မပြေဘူးလို့ဆိုရမယ်။
ဘာတဲ့...စိတ်ဓါတ်ကျတာ
စိတ်ကတော့သူ့ဟာသူနေတာ ဓါတ်နဲ့ ကျ ကလာတွဲတာ။စိတ်+ဓါတ်+ကျ။သူကတော့အဆိုးဆုံးလို့ပြောရမယ်စိတ်ထဲမှာ။ဓါတ်ဆိုတာကအစုအဝေးသဘော။အပေါ်ကစိတ်မျိုးတွေများများအစုအဝေးနဲ့ဖြစ်လာရင်စိတ်ဓါတ်ကျလာတာများတယ်။ကျတယ်ဆိုတာစာမေးပွဲကျတာတောင်မကောင်းဘူးမှတ်လား။ဘာကျကျမကောင်းဘူး။ကျရင်ပြန်ကောက်။ပျက်သွားရင်ပြန်ပြင်။ဘာလို့စိတ်ဓါတ်ကျလဲဆို အဆင်မပြေတာတွေများလာတဲ့အခါ စိတ်ဓါတ်ကျတယ်။စိတ်ဓါတ်ကျရင်ဘာမှမလုပ်နိုင်တော့ဘူး။တစ်ချို့ကအသက်အန္တရာယ်တောင်စိုးရိမ်ရတယ်။
ဘာတဲ့...စိတ်ပျော်ရွှင်တာ..သူကတော့အကောင်းဆုံးပဲ
စိတ်ကတော့သူ့ဟာသူပဲနေတာ ပျော်တာကကပ်လိုက်လာတာ စိတ်+ပျော်။သူကတော့မဖြစ်ရင်တောင် ဘ၀မှာစိတ်ဓါတ်မကျအောင်ဖန်တီးယူရမှာ။အပေါ်ကစိတ်တွေလိုဖြစ်ခဲ့ရင် ဘယ်လိုပျော်အောင်နေမလဲစဉ်းစားရမယ် မိမိကိုယ်တိုင်။မပျော်ရင်ပျော်စရာတွေကြံဖန်လုပ်။ဟာသကားတွေကြည့်သင့်တယ်။အပေါ်ကစိတ်ဓါတ်တစ်ခုခုဝင်လာတဲ့အခါ ပျော်စရာတွေလုပ်နေရင်းနဲ့ တဖြည်းဖြည်းကျင့်သားရလာမယ်။လွယ်လွယ်နဲ့ပြန်ဖြေသိမ့်နိုင်ပြီးတော့ပျော်လာမယ်။စာအုပ်တွေဖတ်များများ။အားတဲ့ချိန်အပင်လေးတွေစိုက်မယ်။တရိစ္ဆာန်လေးတွေအစာကျွေးမယ်။ကုသိုလ်ကောင်းမှုတွေလုပ်မယ်။အိမ်သန့်ရှင်းရေးတို့ဘုန်းကြီးကျောင်းသွားပြီးတော့သန့်ရှင်းရေးလုပ်တာတို့ တရားထိုင်တာတို့ တရားနာတာတို့ ဒါတွေဟာစိတ်ကိုအေးချမ်းစေတယ်။မိသားစုကိုအချိန်ပေးမယ် မိဘကိုပြုစုမယ်။
မုန်တိုင်း ပြီးရင် လေပြေ ရောက်လာစမြဲပါ။ အကောင်းဆုံးတွေလာဖို့  အဆိုးတွေအရင် အလည်လာတာပါ။တကယ်တော့လောကကြီးကနေတတ်ရင်ကျေနပ်စရာပါဗျာ။အားလုံးပျော်ပျော်ရွှင်ရွှင်နေလိုက်ကြရအောင်လား။
Photos credit; Google Image
MSC-210
Author : Zarmanizawlinn
https://steemit.com/@zarmanizawlinn
ကျွနုပ်သည် MSC အဖွဲ့ထဲသို့စ၀င်ပြီးသည့်နေ့မှစ၍ မည်သည့်အဖွဲ့စည်းနှင့်မျှမပတ်သက်ပါ။အကယ်၍ MSC နှင့်ပါတ်သက်သော စည်းကမ်းချက်များအားမလိုက်နာမိပါက မိမိကိုယ်တိုင် ၀န်ခံ၍ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။ စီနီယာအားလုံးကိုလေးစားပါတယ်။ချစ်လှစွာဖြင့်
@zarmanizawlinn
စိတ် စိတ်ပါကွယ်...
အဲသီချင်းလာဆိုတယ်ပေါ့ ကျေးဇူးပါအစ်ကို for you upvote.
This post has received a 2.21 % upvote from @drotto thanks to: @zarmanizawlinn.
Congratulations! This post has been upvoted from the communal account, @minnowsupport, by zarmanizawlinn from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
ဟုတ်ကဲ့ဗျာ
ဟုတ်ကဲ့ပါ