မြန်မာပြည်က အမေဇုံတော
မြန်မာပြည်က အမေဇုံတော
ချင်းတွင်းမြစ်ရဲ့ချောင်းလတက်ထဲသို့ လှေစတင်ဝင်ပြီးသိပ်မကြာပေ တောသည်နက်သတဲ့ပိုနက်လာခဲ့လေသည်၊ ချောင်းသည် ကျောက်ဖြာ ကျောက်တောင်အကြားကစိမ့်လာသောရေဖြစ်သဖြင့်အလွန်တရာကြည်လင်နေ၏။ ဘေဆီဝဲရာကြည့်လိုက်လျှင် ကျွန်တော်တို့ ဟွန်ဒါစက်လှေအသံမှလွဲ၍တခြားဘာအသံမှမကြားရ တိတ်ဆိတ်နေလေသည်၊ ခါကြီးခါရံ မျောက်တွေရဲ့အော်သံ တောကောင်တွေရဲ့အော်သံ ငှက်ကလေတွေရဲ့အော်သံကိုသာကြားရလေသည်၊ တချို့အကွေ့လေးတွေမှာ ဖွတ်များ ဒရယ်များစသည့်တောကောင်တွေချောင်းစပ်မှာ ရေသောက်ဆင်းနေတာတွေ့ရပါသည်၊ တောကြားထဲမှနေ ခပ်ဝေးဝေးကိုလှမ်းမြင်ရတဲ့တနေရာမှာတော့ ရေဖွေးဖွေးနဲ့ရေတံခွန်တခု စီးဆင်းနေတာကိုလှပစွာမြင်တွေ့ခဲ့ရပါသည်၊
တယောက်နဲ့တယောက်အတွေးကိုစီနဲ့စကားမပြာဘဲ ဒီကြည့်ဟိုကြည့်လာခဲ့လိုက်တာ ဟွန်ဒါစက်လှေသံသည် တောအုပ်ရဲ့ပဲတင့်သံနဲ့အတူ အတော်လေးဆူညံနေတယ်ဟုထင်မှတ်မိပါသည်၊ မကြာပါ ချောင်းထဲတွင် ဒီကွေ့ဟိုကွေ့နဲ့ဝင်လာလိုက်တာ အရှေ့အနောက်တောင်မြောက်တွေလဲမသိတော့ဘဲ ချောင်းဘေးက ခြင်းဝိုင်းတဝိုင်းစာမြေကွက်လပ်ကလေးမှာ လှေကိုရပ်လိုက်လေသည် တောအုပ်ထဲဝင်မဲ့စက်လှေဆိပ်ကလေးပင်ဖြစ်လေသည်၊ မိုးလေးကလည်းတဖွဲဖွဲကျနေသဖြင့် မိုးကာကိုယ်စီခြုံကာ မြေကွက်လပ်ကလေးအေပေါ် ဘေးနားက သစ်ပင်လေးတွေခုတ်တိုင်လေးတိုင်စိုက်ပြီးမိုးကာခြုံကာ တဲလေးတခုဝိုင်းအုံလုပ်လိုက်ပါသည်၊ ရိက္ခာများသည် ဒီလူအားနဲ့ ကျွန်တော်တို့နေမဲ့တဲကိုတခေါက်နဲ့အပြီးမသယ်နိုင်ပေ အနဲဆုံးသုံးခေါက်မျှသယ်ယူရလိမ့်မည် ထိုကြောင့်ရိက္ခာများခေတ္တထားရန် မိုးလုံစေရန်အတွက်ဖန်တီးရခြင်းဖြစ်လေသည်၊
အဲ့ဒီအချိန်မှာကျင်းခေါင်းဆောင် က ကျွန်တော်တို့အတွက် ပွိုင့်ဖိနပ်တွေ ကြောပိုးအိပ်တွေ နောက်မိုးကာစတခုစီနဲ့ ဓားရှည်တယောက်တချောင်းစီဝေပေးပါသည်၊ အဲ့ဒီတောထဲဝင်ရလျှင် ပွိုင့်ဖိနပ်မဟုပ်လျှင် လမ်းသွားလို့မရနိုင်ပေ မြေကြီးသည်အမြဲစိုနေပြီးလမ်းတွေကချော် ၊အတက်အဆင်းကများသဖြင့်၊ ပွိုင့်ဖိနပ်နဲ့မှသွားနိုင်လာနိုင်လေသည်၊ ထိုနောက်ရိက္ခာများကိုဝိုင်းအုံချပြီးစက်လှေကပြန်သွားလေသည်၊ ကျွန်တော်တို့သည် လူတယောက်ဆန်အိပ်တအိပ်နူန်းနှင့် ပလိုင်းကြီုးများတပ်ကာ ကျောပေါ်မှာပိုးပြီးတောအုပ်ထဲသို့စတင်ဝင်ရောက်ခဲ့ပါသည်၊
Post writer=@yuzana(shineshine)
MSC=146
စွန့်စား စိတ်လှုပ်ရှားစရာပါပဲ
ဟိုးတုန်းက တောအရမ်းနက်မှာ
ငယ်ရွယ်တဲ့အချိန်တုန်းကပေါ့ဗျာ
တောနက်ကြီးထဲ ရိက္ခာအစုံနဲ့  စတင်
ဝင်ရောက်လာပြီပေါ့
လောဘ ဇောတိုက်တော့ တကယ့်ကို စွန့်စွန့်စားစားပါ့
တောတွင်းဇာတ်လမ်း ဖတ်နေရတဲ့အတိုင်းဘဲ။
တကယ်လဲ တောတွင်းစွန်းစားခန်းပါဘဲ ဆရာဟော်ရေ
အာ့လို သွားချင်တာ
Posted using Partiko Android
ဦးယုတို့ စွန့်စားပြီလေ
Posted using Partiko Android
You got a 33.33% upvote from @sleeplesswhale courtesy of @yuzana!