တန်​ခူးလသင်္ကြန်​ပွဲ

in #myanmar6 years ago (edited)

တန်​ခူးလသင်္ကြန်​ပွဲ

ဒီသင်္ကြန်​ပွဲ​တော်​ကို​လေးရက်​ကျင်းပကြပါတယ်၊​တခါတ​လေဝါထပ်​​သောနှစ်​များတွင်​ငါးရက်​ကျင်းပကြပါတယ်​၊သင်္ကြန်​ပွဲကျင်းပချိန်​မိုး​ပေါ်ကသီကြားမင်းလူ့ပြည်​ကိုဆင်းလာသည်​ဟုဆိုကြပါသည်​၊

Screenshot_20181123_084833.png

https://goo.gl/images/bu3bDX

သီကြားမင်းဆင်းလာသည်​ကိုအ​ကြောင်းပြုပြီး အကြို ၊အကျ ၊အကြတ်​၊ အတက်​၊ဆိုပြီးသင်္ကြန်​ရက်​များသပ်​မှတ်​ထားပါသည်​၊ဝါထပ်​​သောနှစ်​များတွင်​ သင်္ကြန်​အကြပ်​ရက်​ကိုနှစ်​ရက်​ကျင်းပကြပါသည်​၊ သင်္ကြန်​ရက်​တွင်​လူ့ပြည်​ကိုဆင်းလာ​သောသီကြားမင်းမှအကုသိုလ်​လုပ်​​သောသူများကို​ခွေးသ​ရေပုရပိုဒ်​ဖြင့်​ စရင်းမှတ်​သွားပြီး ​ကောင်းမှူ့ကုသိုလ်​လုပ်​​သောသူများကို​တော့​ရွေပုရပိုဒ်​ဖြင့်​မှတ်​သားသည်ဟု​ရှေးလူကြီးများကဆိုကြပါသည်​၊ တချို့လူများသည်​ဘုန်းကြီး​ကျောင်းများသို့သွား​ရောက်​ပြီး ဥပုတ်​​စောင့်​သီလယူခြင်းများ ရပ်​ကွက်​အတွင်းရှိသက်​ကြီးရွယ်​အိုများအား ​ခြေသည်းလက်​သည်းညှပ်​​ခေါင်း​လျှော်​​ပေးခြင်းများ စတုဒီသာ​ကြွေး၍ဒါနပျြခြင်းများ စသည်​ဖြင့်​​ကောင်းမှူ့ကုသိုလ်​များပြုလုပ်​ကြပါသည်​။

e1d455_c0c4866d6db94927ba213ac4f0c27b06.gif

https://goo.gl/images/SH5xt3

တချို့သမိုင်းပညာရှင်​​တွေကလည်း သင်္ကြန်​ပွဲက ပုဂံ​ခေတ်​ကစတင်​​ပေါ်​ပေါက်​လာတယ်​လို့ဆိုပါတယ်​၊အတာကူးတဲ့ တန်​ခူးလတွင်​ မြန်​မာတို့ရဲ့မြန်​မာလ ဆယ့်​နှစ်​လထဲမှာအပူဆုံးလဖြစ်​သဖြင့်​ အပူဒဏ်​ကိုသက်​သာ​စေရန်​ ပုဂံပြည့်​ရှင်​ဘုရင်​ရဲ့သမီး​တော်​များသည်​ ဥယျာဉ်​ခြံအတွင်းမှာအချင်းချင်း​ရေ​လောင်း​ပက်​ကစားကြတယ်​လို့ဆိုပါတယ်​၊အပူဒါဏ်​လဲသက်​သာ​ပျော်​လည်း​ပျော်​စရာ​ကောင်းသဖြင့်​ ​နောက်​ပိုင်းနန်​​တော်​အတွင်းမှအမျိုးသမီးအားလုံးပါ ​ရေကစားပွဲ​တော်​မှာပါဝင်​လာတယ်​လို့ဆိုပါတယ်​၊ ဒီလိုနှင့်​ဘုရင်​ကြီးလည်းသိရှိလာပြီး မူးမတ်​များ ပု​ရောဟိတ်​များ ​ဗေဒင်​ဆရာများနှင့်​တိုင်​ပင်​ကာ ​ရေကစားရက်​ကိုသတ်​မှတ်​ကြပြီး တတိုင်းပြည်​လုံးကို​​ပျော်​ရွှင်​စွာ​ရေကစား​စေပြီးသင်္ကြပွဲ​တော်​ကိုကျင်းပ​စေခဲ့ပါသည်​၊ဤအချိန်​မှစ၍သင်္ကြန်​ဆိုတာ​ပေါ်​ပေါက်​လာခြင်းဖြစ်​တယ်​လို့မှတ်​သားရပါတယ်

thingyan-photo.jpg

https://goo.gl/images/U7EBCK

ယခုအချိန်​တွင်​ သင်္ကြန်​ပွဲ​တော်​ကိုမြန်​မာပြည်​တွင်​မက​တော့ဘဲ ဗုဒ္ဓဘာသာဝင်​တိုင်းပြည်​မှန်​သမျှအားလုံးကျင်းပကြတဲ့ ဘာသာ​ရေးပွဲ​တော်​အသွင်​​ပြောင်းပြီး ကမ္ဘာ​ကျော်​တဲ့ပွဲ​တော်​တခုအဖြစ်​သတ်​မှတ်​ခံထားရပါသည်​၊ ထို​ကြောင့်​ ကမ္ဘာ​ကျော်​တဲ့မြန်​မာရိုးရာသင်္ကြန်​ပွဲ​တော်​ကို ​ကောင်းမှူ့ကုသိုလ်​များပြုလုပ်​ရမည့်​အစား အရက်​သ​ရေစာများ​သောက်​သုံး၍သင်္ကြန်​ကိုရုပ်​ပြက်​​စေ​သောအပြုအမူများပြုလုပ်​​နေကြသည်​ကို​တွေ့ရှိရ​သောအခါ အလွန်​တရာဝမ်းနည်းစရာ​ကောင်းလှပါသည်​။

ဆက်​ရန်​ .....

Post writer=@yuzana(shineshine)
MSC=146

Sort:  

အခါကြီးရက်ကြီးဆို အလှူရေစက် အရက်နဲ့မကွာ ဆိုသလို သောက်နေကြတာ မြင်ရတော့ စိတ်မကောင်း ဖြစ်မိတယ်

ဟုပ်​ပါ့ အမရယ်

အပျော်နဲ့ အပျက်ယှဉ်တဲ့ပွဲပါ

Posted using Partiko Android

ကောင်းတာ ကိုမပါ​တော့ဘူး အဟီး

သင်္ကြန် ဆို ဘီယာပွဲထင်နေကြတာရယ်😁

Posted using Partiko Android

ဘီယာ ​ရောင်း​ကောင်းတာပါ့ ​အေ

ရောက်​ချင်​​သေးဘူး ​ရေထိဖို့ ချမ်းတယ်​😁

Posted using Partiko Android

ဒီမှာက မ​အေးဘူး အာစိရ

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

post ဖတ်ပြီး ချမ်းသွားသည် ဒီမှာက အေးတုန်း ဦစယုရေ ။

အဟပ်​ ငါ့မှာ​တော့ ပန်​ကာဖွင့်​​နေရ​သေးတယ်​​မောင်​​ရေ့ အိုက်​လို့

ကလေးတွေ ကလေးတွေ ဘီယာ သူတို့ပဲသောက် မူးရူးနေကြတယ် အတော်ဆိုးတဲ့ကလေးတွေ လူကြီးတွေ သောက်ရမယ့်အလှည့်ကို မပေးဘူး ☺

တော်သလင်းလ ဘာပွဲတုန်း

Posted using Partiko Android

ကထိန်လည်း သောက်ကြတာပဲ့ သီတင်းကျွတ်လည်းသောက်တာပဲ့ ဝါဝင် ဝါကျွတ် တန်ဆောင်တိုင် အကုန်သောကိစားမူးရူးနေကြတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63271.81
ETH 2568.70
USDT 1.00
SBD 2.80