စတီးမစ်​ရွာက ကျီးမနိုးပွဲ

in #myanmar8 years ago

"G3-MSC146 "
အာကာသသို့လွှင့်တင်မဲ့အပိုလိုဂြိုလ်တုတလုံးရဲ့ကုဒ်​နံပတ်​မဟုပ်​သလို အ​မေရီကန်​အထူးလျှို့ဝှက်​စုံစမ်းစစ်​​ဆေး​ရေးအဖွဲ့CIAရဲ့လျှိဝှက်​ကုဒ်​နံပတ်​လဲမဟုပ်​ပါ။ကျွန်​​တော်​တို့ steemit ​ကျေးရွာ​လေးရဲ့ G3ရပ်​ကွက်​ကကျွန်​​တော့ရဲ့အိမ်​နံပတ်​MSC146ပင်​ဖြစ်​ပါသည်​။steemit​ကျေးရွာ​လေးရဲ့ကျွန်​​တော်​တို့G3ရပ်​ကွက်​​လေးသည်​အလွန်​တရာပင်​​အေးချမ်းလှ​ပပြီး လူဆိုးသူခိုးဂျပိုးများမရှိသလိုစည်းစည်းလုံးလုံးချစ်​ချစ်​ခင်​ခင်​​နေထိုင်​ကြပါသည်​။အကယ်​၍စုန်းပြူးသူခိုးများရှိရင်​လဲရပ်​ကွက်​​နေပြည်​သူများကညီညီညာညာဝိုင်းပြီး​မောင်းထုတ်​ကြပါသည်​။ ကျွန်​​တော်​တို့ရပ်​ကွက်​အုပ်​ချုပ်​​ရေးမူးသည်​အမျိုးသမီးတ​ယောက်​ဖြစ်​​နေသည်​ကပင်​ရပ်​ကွက်​​အေးချမ်းသာယာပြီးစည်းလုံးညီညွတ်​မှူ့ရှိ​ကြောင်း၏သက်​​သေပင်​ဖြစ်​​နေပါသည်​။
ကျွန်​​တော်​တို့ရပ်​ကွက်​အုပ်​ချုပ်​​ရေးမူးသည်​ရုပ်​​ချောသ​ဘော​ကောင်းမ​နော​ကောင်း​သောအပျိုးကြီးမမ မခင်​စပါယ်​ကြည်​ဆို​သောအမတ​ယောက်​ဖြစ်​ပါသည်​၊မခင်​စပါယ်​ကြည်​သည်​ရပ်​ကွက်​​နေပြည်​သူများကို​ကျောသားရင်​သားမခွဲချားဘဲချစ်​ခင်​ကြင်​နာသနားတပ်​ပါသည်​။ဤစိတ်​ဓာတ်​​ကြောင့်​ပင်​ကျွန်​​တော်​တို့သည်​ကျွန်​​တော်​တို့​ခေါင်း​ဆောင်​မခင်​စပါယ်​ကြည်​ဦး​ဆောင်​လျှင်​​နောက်​မှညီညီညာညာနဲ့တ​သွေမတိမ်းလိုက်​နာကြပါသည်​။မခင်​စပါယ်​ကြည်​သည်​ကျန်​တာကိုဘာမျှအ​လေးမထားသူရပ်​ကွက်​စည်းစည်းလုံးလုံးဖြစ်​​နေသည်​ကိုဘဲဂုဏ်​ယူလို့မဆုံး "We are g3" ဟုအမြဲတမ်းလက်​မ​ထောင်​​နေ​လေ့ရှိ၏။

Screenshot_20180219_183642.png

တ​နေ့မခင်​စပါယ်​ကြည်​​နေအိမ်​သို့ကျွန်​​တော်​အလည်​​ရောက်​သွား​သောအချိန်​တွင်​ မခင်​စပါယ်​ကြည်​သည်​သူမ၏​နေအိမ်​၌​ရေ​နွေးပွဲကို​ရှေ့မှာချ ပက်​လက်ကုလားထိုင်ပေါ်နောက်မှိထိုင်လျှက်အကြံတခုထုတ်​​နေ​တာကို​တွေရလေ၏။
"ဟာ . အမဘာ​တွေအကြံထုတ်​နေတာလဲ ဘယ်​ဆိုဒ်​boost ရင်​​ကောင်းမလဲစည်းစား​နေတာလား ဟဲ
ဟဲ ဆိုဒ်​​ကောင်း​လေး​တွေ့ရင်​​ပြောအူး​နော့ ရှိုမထားနဲဗျ"
ဟု​ပြောရင်းအနီးအနားက​ထိုင်​ခုံ​လေးကိုဆွဲယူကာ​ရေ​နွေးပွဲအနီးထိုင်​လိုက်​​လေ၏။
"မဟုပ်​ပါဘူးငရှိုင်းရယ်​ ..အတော်ပဲနင်ရောက်လာတာနဲ့နင့်ကိုတိုင်ပင်စရာရှိတယ်​ "
ဟုကျွန်​​တော့အား​ပြော​လေရာ
"ဘာတိုင်​ပင်​မှာလဲအမ"
ဟု​ရေ​နွေးငှဲ့​ရင်းစိတ်​မဝင်​စားဟန်​ပြန်​​မေးမိ​လေ၏။မခင်​စပါယ်​ကြည်​သည်​လက်​​နောက်​ပြစ်​မှီ​နေရာမှ​ရှေသို့ခါးမတ်​လိုက်​ပြီး
"ဒီလိုငရိုင်းရဲ့ ဒို့Steemit ရွာ​လေးမှာဒို့G3ရပ်​ကွက်​ကညီညီညွတ်​ညွတ်​စည်းစည်းလုံးလုံးရှိတယ်​လို့ တရွာလုံးဟိုး​လေးတ​ကြော်​ဖြစ်​​နေတယ်​မဟုပ်​လား"
ကျွန်​​တော်​သည်​နဲနဲစိတ်​ဝင်​စားလာ၏၊ မခင်​စပါယ်​ကြည်​မှဆက်​ပြီး
"အဲ့ဒီလိုစည်းစည်းလုံးလုံးရှိတယ်​ဆိုတာကိုငါကလက်​​တွေ့ပြချင်​တာ ဒီရွာကလူ​တွေတင်​မကမြို့​ပေါ်ကလူ​ကြီး​တွေပါသိ​အောင်​လုပ်​ချင်​တာငရှိုင်းရဲ့"
ကျွန်​​တော်​သည်​အ​တွေး​ပေါက်​ပြီး
"ဟုပ်​ပြီသ​ဘော​ပေါက်​ပြီ "ဟုဆိုကာ
"ဒီကိစ္စအမနဲ့ကျွန်​​တော်​နဲ့ပြီးယုံတင်​မရဘူးအမ မြန်​မာပြည်​ငဖြိုးတို့ ကုဋေထိုက်​တို့​​နောက်​ကျန်​တဲ့သူ​တွေ​ရောတိုင်​ပင်​ပြီးလုပ်​မှ အမရဲ့ "
"​အေး​အေး ဒါဖြင့်​ မြန်​မာပြည်​ငဖြိုး​ခေါ်လိုက်​ဒီကိစ္စအမြန်​ဆုံးလုပ်​ကြရ​အောင်​"
ဟု ​ပြောသဖြင့်​ကျွန်​​တော်​သည်​ အိတ်​ထဲမှဖုန်းကိုထုတ်​ခါမြန်​မာပြည်​ငဖြိုးအား​ဖုန်းဆက်​၍ကု​ဋေထိုက်​ကိုပါ​ခေါ်ပြီးချက်​ချင်းလာခဲ့ဖို့ဖုန်းဆက်​လိုက်​​လေ၏။ မြန်​မာပြည်​ငဖြိုးသည်​။ မကြာပါ​ခြေ သူရဲ့125ဆိုင်​ကယ်​နဲ့ချက်​ခြင်း​ရောက်​လာပြီးကု​ဋေထိုက်​ကကုလားမ​နောက်​လိုက်​ပြီးကုလားမရှာ​နေသဖြင့်​မပါခဲ့​ကြောင်း​ပြောကာ
ရေး​နွေးပွဲဝင်​ထိုင်​​လေ၏။မခင်​စပါယ်​ကြည်​သည်​သူလုပ်​ချင်​​သောအ​ကြောင်းအရာကိုမြန်​မာပြည်​ငဖြိုးအား​ပြောပြ​လေရာ
"ဟာ .. .အဲဒါ​တော့​ပြောတပ်​ဘူးအမရ "ဟု ​ခေါင်း​လေးကုတ်​ခါ
"အမကလဲ အ​တွေးအ​ခေါ်သမားကြီးတ​ယောက်​လုံးအနားရှိတာ အ​နော့လာ​ခေါင်းစားခိုင်း​နေတယ်​" ဟု​ပြောကာကျွန်​​တော့အားမျက်​စပြစ်​ပြ​လေ၏။
"ဟဲ့ ငရှိုင်း​ပေးစမ်းအုံးအကြံ​လေးဥာဏ်​​လေး" ဟုဆိုသဖြင့်​ ကျွန်​​တော်​လဲ​ခေါင်း​လေးကုတ်​ပြီး
"ဟာအကြံရပြီဒီလိုလုပ်​"
"ဘယ်​လိုလုပ်​မလဲ"
"စည်းလုံးညီညွတ်​မူကိုပြချင်​တာဆို​တော့ . .လူ​တွေကို အစည်းအ​ဝေးတို့ လုပ်​အား​ပေးတို့ခ်ါရင်​လူကုန်​လာခြင်​မှလာမှာ တခုခု​ပျော်​ပွဲရွှင်​ပွဲ​လေးလုပ်​ရင်​မလာမှာမပူနဲ့ မစည်းလုံးမှာမပူနဲ့​လေ"
"ဒီ​တော့ ငါတို့ဘာလုပ်​ရမလဲ"
"ဒီ​တော့ဒီလိုလုပ်​အမ "ဟုဆိုက မခင်​စပါယ်​ကြည်​အနားကပ်​ခါတိုးတိုး​လေး​ပြောလိုက်​​လေ၏။မခင်​စပါယ်​ကြည်​သည်​သ​ဘော​ပေါက်​သွားကာ
"Ok အဲ့အကြံ​ကောင်းတယ်​မဆိုးဘူး"
ဟု ရုပ်​တရက်​ဝမ်းသာအားရဖြစ်​သွား​လေ၏။ ထိုအခါ မြန်​မာပြည်​ငဖျိုးက
" ငှင့်​ ဘာအကြံလဲမသိကျွန်​​တော့လဲ​ပြောအုံး​လေ"
ဟုဆိုသဖြင့်​ မခင်​စပါယ်​ကြည်​ကသူ့အနား​ခေါ်ကာလက်​က​လေးဖြင့်​ပါးစပ်​ကာပြီးတိုးတိုး​လေး​ပြောပြ​လေ၏။ ကျွန်​​တော်​သည်​စိတ်​ထဲရီချင်​မိ၏။အဘယ့်​​ကြောင့်​ဆို​သော်​ လူ​လေးသုံး​ယောက်​ရှိပါတယ်​တ​ယောက်​တ​ယောက်​မသိ​အောင်​တိုးတိုး​လေး​ပြော​နေခြင်းကရီစရာဟာသတပုဒ်​နယ်​တူ​နေ၏။

Screenshot_20180219_175631.png

ဒီလိုနှင့်​ကျွန်​​တော်​သည်​ည​နေပိုင်းသို့​ရောက်​လာ​သော်​ရပ်​ကွက်​လမ်းမများတွင်​လှည်​လည်​၍ လာမည့်​တန်​​ဆောင်​တိုင်​ကျီးမနိုးပွဲကို ​ဘောလုံးကွင်းထဲမှာကျင်းပမည့်​အ​ကြောင်းတ​ယောက်​လျှင်​အရက်​တပုလင်းနှူန်းယူ​ဆောင်​လာ၍စဉ်းအိုးထဲစု​ပေါင်းထည့်​ကာဝိုင်းဖွဲ့၍​သောက်​စား​ပျော်​ပါးကြမည်​ဖြစ်​​ကြောင်း၊အရက်​​သေရည်​စာအမြည်းကိုရပ်​ကွက်​လူကြီး မခင်​စပါယ်​ကြည်​မှတာဝန်​ယူမည်​ဖြစ်​​ကြောင်း အကယ်​၍ကျီးမနိုးပွဲညမှာတခြားသူများရဲ့ပစ္စည်းများခိုးယူခြင်​၊​နောက်​​ပြောက်​ချင်းဖျက်​ဆီးချင်းများရှိပါကထိ​ရောက်​စွာအ​ရေးယူမည်​ဖြစ်​​ကြောင်းကြေညာ​ရလေသည်​။တရပ်​ကွက်​လုံးအုံးကြွက်​ကြွက်​ဖြစ်​ခါ​ပျော်​ရွှင်​သွားသလို ဆရာမအန်​တီနန်းကလဲ
" ဟဲ့ငရှိုင်းအရက်​မ​သောက်​တပ်​တဲ့ဒို့​တွေ​ရောပါဘူးလားဟဲ့"
"အမ​လေး ..ပါတယ်​အန်​တီ​ရေ့ အမြည်းကိုကြိုက်​သ​လောက်​စား အန်​တီတူမကတာဝန်​ယူထားပြီးသား "
"​ဟေး ...ဒို့အမျိုးသမီး​တွေ​လဲပါတယ်​တဲ့ ရ​ဝေရဲ့"
ဟု ခြံစည်းရိုးကို​ကျော်​ကာတဖက်​ခြံမှမရ​ဝေ အားဝမ်းပန်းတသာ​အော်​​ပြောလိုက်​​လေ၏။
ဒီလို့နဲ့ ကျီးမနိုးပွဲညကို​ရောက်​ရှိလာရာ မြန်​မာပြည်​​မောင်​ဖြိုး၊​မောင်​ကုဋထိုက်​တို့ရုံးအဖွဲမှလူများသည်​​ဘောလုံးကွင်းထဲတွင်​ ခုံစားပွဲများချ​ပေးခြင်း အခန်းအနားပြင်​ဆင်​​ပေးခြင်းစသည်​ဖြင့်​အလုပ်​ရှူပ်​​နေကြ​လေ၏။အခန်းအနားပြင်​ဆင်​ထားပုံမှာ ခြင်းဝိုင်းတဝိုင်းစာ​မြေကွက်​လပ်​​ဘေး ကုလားထိုင်​စားပွဲများကိုဘဲဥပုံဝိုင်း၍ချထား​​​ပေးလေ၏။တိုင်းရင်းသားများရွှေလသာသာ ကောက်​သစ်​စားပွဲကျင်းပတဲ့ပုံစံနှင့်​ဆင်​တူပြီး အရက်​​သေစာ​သောက်​စားကာတ​ယောက်​တလှည့်​ ​မြေကွက်​လပ်​​ပေါ်၌ကကြမည်​ဖြစ်​ပါသည်​။မခင်​စပါယ်​ကြည်​၊အန်​တီနန်း။မရ​ဝေ၊မယွန်းသီရိတို့အုပ်​စုကလဲ တမာပင်​​ချေရင်းမှာမီးခိုးတလုံးလုံး၊​ချွေးတလုံးလုံးဖြင့်​စားဖွယ်​​သောက်​ဖွယ်​များကို​ကျော်​​လှော်​​နေကြ၏။ဒီလိုနဲ့ည​မှောင်​ရီပျိုးစ​ရောက်​လာချိန်​တွင်​ရပ်​ကွက်​သူရပ်​ကွက်​သားများသည်​အလျှိုအလျှိုဖြင့်​တ​ယောက်​လျှင်​အရက်​တပုလင်းကိုင်​၍ တမာပင်​​ချေရင်း​စဉ့်​အိုးထဲအရက်​များထည့်​ကာ ပုလင်းခွံအားတမာပင်​​ချေရင်းစုပုံထား​လေ၏။ ကျွ​န်​​တော်​သည်​မခင်​စပါယ်​ကြည့်​အား
" မြို့ကဧည့်​သည်​​တွေ​​ရောဖိတ်​မိလားအမ"
ဟုစိုးရိမ်​တကြီး​မေးမိ​လေ၏။မခင်​စပါယ်​ကြည်​မှ
"အမယ်​​လေးဖိတ်​ပါသ​တော်​ နင့်​အဘ အဓိကဟာကိုဘယ်​​မေ့ပါ့မလဲ၊ဟော​ ...ပြောရင်းဆိုရင်း​ရောက်​လာပါပြီ​တော်​ "
ဟုဆိုကာကွင်းထဲသို့ဝင်​လာ​သောပရို​ဘောက်​ကား​လေးဆီသိုမခင်​စပါယ်​ကြည်​ခပ်​သွက်​​သွက်​​လျှောက်​၍ ခရီးဦးကြိုပြု​သဖြင့်​ ကျွန်​​တော်​လဲမခင်​စပါယ်​ကြည်​​နောက်​မှထပ်​ကြပ်​မကွာလိုက်​လာခဲ့၏။ ကား​ပေါ်မှပထမဆုံးဆင်းလာသူမှာ မြို့​ပေါ်မှ စာ​ရေးဆရာကိုသက်​ခါးဖြစ်​ပြီး ​နောက်​မှဆင်း​လာသူမှာ ကိုဓာတ်​မီးတ​ယောက်​ဖြစ်​​လေ၏။ကျွန်​​တော်​သည်​လူတ​ယောက်​များကျန်​​သေးလားအကြည့်​ဖြင့်​ကား​ပေါ်သို့လှမ်းကြည်​ကာ
" ဒို့ဆရာကြီးမြသန်းတင့်​လား မြသိန်းတန်​လားအဲ့ဆရာကြီး​ရောမပါခဲ့ဘူးလား" ဟု​မေး​လေရာ
" မြသိန်းတင်​ပါကိုရှိုင်းရဲ့"ဟုဆိုကာ
"ဆရာကြီးကဒီပွဲမျိုးတက်​စရာမလိုဘူး​သွေးတိုးရင်​ပိုက်​ဆံမကုန်​ဘဲမူး​နေတာဆို​တော့ဟန်​ကျ​နေတာဗျ "
ဟု​ကိုသက်​ခါးမှပြောရင်း ကွင်းထဲသတ်​မှတ်​ထား​သောထိုင်​ခုံဆီသို့ကျွန်​​တော်​တို့အဖွဲ့​လျှောက်လို့​လာခဲ့ကြ၏။

Screenshot_20180219_201919.png

ရပ်​ကွပ်​သူရပ်​ကွက်​သားများလဲစုံ​နေပြီးအ​ရှေ့အရပ်​မှ လိ​မ္မော်​​ရောင်​လမင်းကြီးကလဲလပြည့်​ညမှာအစွန်းကုန်​လှပ​စေရန်​ထွက်​ရှိလို့လာခဲ့သဖြင့်​ အခန်းအနားကိုစတင်​ကြ​လေ၏။မြန်​မာပြည်​​မောင်​ဖြိုးနဲ့ကု​ဋေထိုက်​တို့အုပ်​စုကလဲအရက်​ခွက်​များကိုလင်​ဗန်းထဲထည့်​ကာလူစိအကုန်​လိုက်​လံချ​ပေး​လေ၏။မကြာမီမခင်​စပါယ်​ကြည်​မှ
"ဒီအခန်းအနားကိုကျင်းပရခြင်းသည်​ကျီးမနိုးပွဲနဲ့အတူ ကျမတို့ရပ်​ကွက်​ရဲ့စည်​လုံးညီညွတ်​မူကိုပြသတဲ့ပွဲလဲဖြစ်​ပါတယ်​၊ဒါ​ကြောင့်​အခမ်းအနားကိုဒီက ​မောင်​ငရှိုင်းမှစတင်​​ဖွင့်​လှစ်​​ပေးပါ​တော့မယ်​ရှင့်​"
ဟုဆိုကာထိုင်​ခုံ​ပေါ်ပြန်​ထိုင်​သဖြင့်​ကျွ​န်​​တော်​လဲမတ်​တပ်​ရပ်​အရိုအ​သေပြု၍
"ကြွ​ရောက်​လာကြ​သောလူကြီးမင်းများအားလုံးမင်္ဂလာပါလို့နူတ်​ဆက်​ရင်း အ​ရှေ့အရပ်​ကထွက်​​ပေါ်လာတဲ့ပြည့်​ပြည့်​ဝဝလမင်းကြီးလို့လူကြီးမင်းတို့းစီးပွား​ရေးများဒီ​ရေအလားတိုးတက်ပါစေဟုဆန္ဒပြုရင်း ..."
အားလုံးနဲ့အတူအရက်​ခွက်​ကိုကိုင်​​မြှောက်၍
"ဝမ်း တူး သရီး We are g3"
ဟုအသံပြိုင်​​အော်​အရက်​ခွက်​ကိုကုန်​စင်​​အောင်​​မော့ချ​လေ၏။ကျွန်​​တော်​သည်​ရုပ်​တရက်​ထိ​တွေ့လိုက်​​ရသောဖြစ်​ရပ်​ဆန်း​ကြောင့်​အံသြသွား​လေ၏။တခြား​သောလူမျာကိုလဲကြည့်​လိုက်​ရာမင်​သက်​မိကုန်​ကြ၏။ကိုသက်​ခါးကလဲဘယ်​လိုဖြစ်​တာလဲဟု​သောအကြည့်​ဖြင့်​ကိုဓာပ်​မီးအားတိုးတိုး​လေ​ပြော​နေ​လေ၏။ကျွန်​​တော်​သည်​မခင်​စပါယ်​ကြည်​နားကပ်​ခါ
"အမအရက်​​တွေက​သောက်​​ရေသန့်​လိုဘဲ​နော်​"လို့​ပြောလိုက်​ရာ
"အေးငါလဲခွက်​မှား​များ​သောက်​မိသလားကြည့်​​နေတာ "
"မဟုပ်​ဖူးအမ လူ​တွေကတရပ်​ကွက်​လုံးထည့်​မယ့်​အရက်​အိုးထဲငါတ​ရောက်​​ရေထည့်​လို့မသိသာပါဘူး​လေဆိုပြီးအကုန်​လုံးအကြံတူပြီး​ရေ​တွေထည့်​ကြလို့​ရေ​တွေဖြစ်​​နေတာ"
လို့​ပြောလိုက်​ရာ မခင်​စပါယ်​ကြည်​မှရုပ်​တရက်​မတ်​တပ်​ထရပ်​လိုက်​ပြီး
"ကျွန်​မစကားနဲနဲ​ပြောချင်​ပါတယ်​ရှင့်​ အခုကျင်းပတဲ့ပွဲ​လေးကကျွန်​မတို့ရပ်​ကွက်​ညီညွတ်​​ကြောင်းကိုပြသတဲ့ပွဲဖြစ်​သဖြင့်​ အခုဘယ်​​လောက်​ညီညွတ်​တယ်​ဆိုတာလူကြီးမင်းတို့သိ​ရှိ​လောက်​ပြီထင်​ပါတယ်​ရှင့်​ အဲဒီ​တော့ ​ဟဲ့ငဖြိုး ရွာ​မြောက်​ပိုင်းသာ​အေးအရက်​ဆိုင်​ကရှိသမျှအရက်​ပုလင်းအကုန်​ယူ​ခြေ"ဟု​ပြော​လေရာ
"ဟာအမကလဲ ကိုသာ​အေးကဘန်​​ကောက်​မှာည​ဈေးသွား​ရောင်း​နေတယ်​အမရဲ့"
"​အော်​ ..စကားအကျ​ကောက်​​နေပြန်​ပါပြီသာ​အေးညီသာ​ဌေးအရက်​​ရောင်း​နေတယ်​ဟဲ့ "
ဟု​ငေါက်​​ပြော​ပြော​လေရာ မြန်​မာပြည်​ငဖြိုးလဲကုတ်​ကုတ်​နှင့်​ထွက်​သွား​လေ၏။
"လူကြီးမင်းအားလုံးခန​လေးသီးခံ​ပေးကြပါရှင့်​မကြာခင်​အားလုံးအဆင်​​ပြေသွားမှာပါရှင့်"့
ဟုမခင်​စပါယ်​ကြည်​မှ​ပြောလိုက်​ရာ​ဘောလုံးကွင်းတကွင်းလုံးလက်​ခုပ်​သြဘာသံများဆူညံသွား​လေ၏။ဘယ်​လိုဘဲ ဖြစ်​ဖြစ်​​ပျော်​စရာကျီးမနိုးပွဲ​လေးပြီးသွားခဲ့ပြီးမနက်​မိုလင်းကျွန်​​တော်​အိပ်​ယာကနိုးတော့ မခင်​စပါယ်​ကြည်​ဆီကဖုန်းဝင်​လာပါ၏။
"ဟဲ့ငရှိုင်း ..နင်​ငါ့အိမ်​လာရင်​​သေပြီသာမှတ်​၊"
"ဗျာ "
"နင်​ အကြံ​ဥာဏ်​​အပေး​ကောင်းလို့ ငါစုထားတဲ့Sbd​လေး ကုန်​ပြီဟဲ့ ကုန်​ပြီ "
" ဟိုက်​ "
ဆိုပြီးကျွန်တော်သည်ပက်လက်လန်သွားလေတော့သတည်း ။ ။ ။..

(ငယ်​ငယ်​ကကြားခဲ့ဖူး​သောပုံပြင်​​လေးအားအ​ခြေ ခံ၍​ရေးသားထားပါသည်​)

အားလုံးကျမ်းမာကြပါ​စေ

Screenshot_20180219_091507.png

Post writer=@yuzana(shineshine)
Photo=google
MSC=146

Sort:  

အဲနေ့က အမြည်းကိုရေနဲ့မြည်းရမလိုဖြစ်နေပြီး အုပ်ချုပ်ရေးမှူးရဲ့ ကောင်းမှုတော်ကြောင့် မူးသွားလိုက်တာ မနက်ကျထတောင်မထနိုင်ဘူးဗျ

ဟုပ ငါ့ရန်​လုပ်​ခံရလိုက်​တယ်

ရေးလည်း​ရေးတတ်​တယ်​...😀😀
Good

ကျေးဇူးပါ

တယ်လေ နိကြောင့် နာ့ sbd ကုန်တာတမျိုး ဟို @phyozawooburmes ရဲ့ yf ကြောင့် ရော နာ ကုန်ပါပီဟယ် အမငီး😂😂😂 ဟို @nanhtike ကုလားမ ရှာမတွေ့ ပနိမလာနက် ပြောလတ် 😌😌ငါ အာ့လေးနက် ပန်ရှာရမေ😊😊

ဟားးးး

အရက်​​သောက်​ခန်း တွင်​ ကသက်​ အား သ​ဘောထားကြီးစွာ မထည့်​​သော​ တခုတည်း​သော post အားမြင်​ရသဖြင့်​ vote သွားပါသည်​။

ကိုသက်​ခါးလား ခ်​ခ်

စိတ်ကူးလေးကောင်းတယ်ဗျာ

ကျေးဇူးပါ ကုလားမရှာ​တွေပြီလားးး?

ရေးတတ်လိုက်တာ ကောင်းတယ်ဗျာ ဖတ်လို့

ကျေးဇူးပါ

အ​ရေးအသား​မိုက်​တယ်​​ဗျာ

ကျေးဇူးပါ

group -3 အတွက် ပုံပြင်ကောင်းလေးတစ်ပုဒ် အမှတ်တရဖြစ်သွားတာပေါ့ဗျာ။ဒီလိုရေးနိုင်တာလေးချီးကျူးပါတယ်ခင်ဗျ

အမြဲသတိ​ယ​နေပါဗျာ

ဟားးး သာအေးအရက်ရောင်းချင်လိုပြန်ခဲ့မယ်ဝေ့

အရမ်းတော်တယ် အဲလိုဖြစ်နေရမှာ we are G3

ညီသလားမ​မေးနဲ့ ဟားးးးးG3

ကိုယုဇန
ရေးတတ်တယ်ဗျာ

ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.076
BTC 64056.44
ETH 1676.52
USDT 1.00
SBD 0.41