ကျွန်​​တော်​သိ​သော ကဗျာအ​ကြောင်း

in #myanmar8 years ago

စတီး​ဈေးကျ​နေသဖြင့်​​နေစဉ်​ပရို​ပေးလာသည့်​အချိန်​မှစ၍ ကျွန်​​တော်​သည်​အတပ်​နိုင်​ဆုံး​နေ့စဉ်​ပရိုတင်​နိုင်​ရန်​ကြိုးစားလာခဲ့ပါသည်​၊​နေစဉ်​​ရေး ​နေစဉ်​တင်​ဖြစ်​​နေသဖြင့်​ ကျွန်​​တော်​​ရေးခဲ့သည့်​စာများသည်​လည်းအရည်​အ​သွေးမှီသည်​လည်းရှိခဲ့ပါသည်​၊မမှီသည်​လည်းရှိခဲ့ပါသည်​၊ဒါပေမဲ့ကျွန်​​တော်​​ပြောနိုင်​သည်​မှာစာဖတ်​သူများမပြင်း​စေရန်​ရသအမျိုးမျိုး​ရရှိ​စေရန်​တပတ်​တမျိုး၊အမျိုး​မျိုးရေးသားတင်ဆက်​​ခဲ့ပါသည်​၊နည်းပညာများ၊ဝထ္ထုတိုများ၊​ဆောင်းပါးများ၊ကဗျားများစသည်​တို့ဖြင့်​ကြုံသလို​ရေးတင်​ခဲ့ပါသည်​၊

this_thing_called_art_is_really_dangerous_by_agnes_cecile-d5ax6g0.jpg

https://goo.gl/images/1SD35Q

စကားစပ်​မိ၍ကြုံးတုန်းကဗျာအ​ကြောင်း​လေး​နဲနဲ​ပြောချင်​ပါတယ်​၊ ကဗျာဆိုတာအရင်​တုန်းက​တော့ကာရံမညီ ကဗျာမမည်​ဘူးလို့ဆိုစကားရှိခဲ့ဘူးတယ်​ဗျာ့၊ ဒါ​ပေမဲ့ခု​ခေတ်​အခါမှာ​တော့ ​ပြောင်းလဲတိုးတက်​လာ​သော​ခေတ်​ကာလနဲ့အညီ ကာရံမညီ​သော်​လဲ စကားလုံးအသစ်​အဆန်းများနဲ့ ကဗျာဖတ်​သူကိုဆွဲ​ခေါ်သွားနိုင်​ရင်​လျှင်​ကဗျာဟုလူ​တွေကလက်​ခံလာကြ​တော့ ကဗျာဆိုတာတအားကျယ့်​ပြန့်​သွားပြီလို့​ပြောရမလိုဖြစ်​သွားပြီဗျာ၊့ ဝင်းမင်း​ထွေး၊ထူးအိမ်​သင်​၊​ကေ​အေတီ၊မင်းချစ်​သူ သူတို​ရေး​သော​မော်​ဒန်​စကားလုံးများနှင့်​ကဗျာများကို သံစဉ်​ထည့်​၍အဆို​တော်​များဆို​နေကြရာ​အောင်​မြင်​​ကျော်​ကြား​သော​တေးသီချင်းများဖြစ်​​နေ​ပေသည်​၊ စာတပုဒ်​ ကဗျာဟုပ်​သည်​ မဟုပ်​သည်​ကိုဆုံးဖြတ်​ဖို့ခက်​​ခဲ့တဲ့အ​နေအထားမှာရှိ​နေပါတယ်​၊ဘာဖြစ်​လို့လဲဆို​တော့ ကဗျာအမျိုးအစား​ပေါင်းဘယ်​​လောက်​ရှိသည်​ဆိုသည်​ကိုအတိအကျမသိကြတဲ့သူကများပါတယ်​၊တခါက ကဗျာဆရာကြီးမုံရွာ​အောင်​ရှင်​နှင့်လ္ဘက်​ရည်​ဆိုင်​မှာ​ကြုံကြိုက်​၍ကဗျာအမျိုးအစားဘယ်​နှစ်​မျိုးရှိလဲဆရာဟု
မေးကြည့်​ရာ ငါလဲအတိအကြမသိနိုင်​ပါဘူးကွာ ကိုယ့်​ခံစာချက်​နဲ့ရင်​ထဲကထွက်​လာတဲ့စကားလုံး​တွေချ​ရေး​နေကြတဲ့​ခေတ်​ဆို​တော့ကဗျာအမျိုးအစားအရည်​အတွက်​​ပြောဘို့ခက်​တယ်​ အဲ့ဒါ​တွေကိုလဲ ကဗျာမဟုပ်​ဖူးလို့သတ်​မှတ်​လို့မရဘူး လူအများကကဗျာလို့သတ်​မှတ်​​နေမှ​တော့ကိုတ​ယောက်​ထဲမသတ်​မှတ်​ဖူးဆိုရင်​အရူးထင်​ကုန်​မှာ​ပေါ့ဟု ရီ​လေသည်​၊​ရိုးရိုးကာရံကဗျာ​တွေ​ရေး​နေ​သော ဦး​အောင်​ရှင်​​တောင်​ ​မော်​ဓာန်​ကဗျာများခါကြီးခါရံ​ရေးလာသည်​ကို​တွေရှိရပါသည်​၊

abstract-modern-art-500x500.jpg

https://goo.gl/images/ykxG8s

ကျွန်​​တောဖတ်​မိ​သောတချို့တချို့ကဗျာများသည်​​ခေါင်းစဉ်ရဲ့အောက်နားမှာကဗျာအမျိုးအစားနံမယ်​​လေး​တွေ ကွင်းစကွင်းပိတ်​နဲ့​ရေးထာတပ်​တာ​တွေဖူးပါသည်​၊သူငယ်​ချင်းတို့ဗဟုသုတရရှိရန်​မှတ်​ထား​သော ကဗျာအမျိုးအစားအမည်​​လေး​တွေ​ဖော်​ပြ​ပေးလိုက်​ပါသည်​၊

လေးဆစ်
ဘီလူးရယ်​သံ​ပေါက်
လေးပိုဒ်​ခံ/အုပ်​ ​ဒွေးချိုး
တြိချိုး
သုံးချက်​ညီ​တေးထပ်
လေးချိုးပုလဲ
ရှစ်​လုံးဖွဲ့
ယမကနွယ်​ပန်းသံ​ပေါက်
လွမ်းခြင်း
ဘောလယ်
ဗုံ​ထောက်
တေးရိုးကြီး
တြိချိုးအတွဲ၊ပိုက်​ဆဒ်​မပါ
လွမ်းနု​ဘေထပ်​​ဒွေးချိုးကဗျာ
ပိုဒ်​စုံရတုနှင့်​ချီသံချသံ

ကဲဗျာ ဒါအနည်းအကျဉ်းပဲရှိအုံးမယ်​ထင်​ပါတယ်​၊ ကျွန်​​တော်​တို့စတီးမစ်​မှာ​ရေး​နေ​သောသူများသည်​ နံမယ်​ကြီးစာ​ရေးဆရာများမဟုပ်​စာ​ပေဝါသာပါသူများသာဖြစ်​​နေသဖြင့်​ လိုက်​လို့မမှီ​သောကဗျာကိုသုံးသပ်​နိုင်​ဘို့အ​တော်​ခက်​ခဲပါသည်​၊ ဒါ​ပေမဲ့ကဗျာကိုချန်​လှပ်​ထားလို့လဲမရ​ပေ မည်​သည့်​စာ​စောင်​မဂ္ဂဇင်းထုပ်​ထုပ်​ကဗျာကဏ္ဌကိုချန်​လှပ်​ထားလို့မရ​ပေ ကဗျာကဏ္ဌမပါလျှင်​ ဆားမပါတဲ့ဟင်းလို​ပေါ့ပြက်​ပြက်​ကြီးဖြစ်​​နေလိမ့်​မည်​၊ကဗျာကိုပရို​ပေးလိုက်​​သောအခါလူ​တွေက​ဆောင်းပါးမ​ရေးကြ​တော့ဘဲ အားလုံးကဗျာ​တွေခြည်း​ရေးကုန်​တယ်​ဆိုတာဖြစ်​နိုင်​ပါသည်​အဘယ်​​ကြောင့်​ဆို​သော်​ စာ​လေးနှစ်​​ကြောင်းနဲ့လဲကဗျာတပုဒ်​ဖြစ်​သလို ​လေးငါး​ကြောင်း​လောက်​​ရေးလျှင်​လဲကဗျာတပုဒ်​ဖြစ်​​နေတပ်ပါသည်​၊ဥပမာကျွန်​​တော်​ဖတ်​မိ​သောကဗျာ​လေးတပုဒ်​ဆိုဘယ်​သို့လုပ်​မည်​နည်း

စစ်​ပွဲ

ဒုန်းဒုန်း ဒက်​ဒက်
တုံးလုံး ပက်​လက်
 (ကဗျာဆရာအမည်​)

ကဲဗျာ အဲ့လိုဆို​တော့ကဗျာကိုပရိုမ​ပေးရခြင်းကလက်​ခံရပါလိမ့်​မည်​၊ သို့​သော်​​စာတပုဒ်​လုံးမှာ အများသတ်​မှတ်​ထားတဲ့စာအလုံးအ​ရေအတွက်​ပြည့်​လျှင်​ပရိုမ​ပေးပဲမ​နေ​တော့​ပေ၊အကယ်​၍မ​ပေးလျှင်​​တော့ စာလုံး​အ​ရေအတွက်​ပြည့်​သည်​ဖြစ်​​စေ မပြည့်​သည်​ဖြစ်​​စေ ကဗျာဆိုရင်​ပရိုမ​ပေးဘူးဆိုရင်​ ကဗျာဆို​သောစာ​ပေကိုသတ်​သလိုဖြစ်​သွားပါလိမ့်​မည်​၊မ​ပေးဘဲမ​နေပါ၊ကဗျာကိုပရိုမ​ပေးခြင်းမဟုပ်​ပါ စာ​ရေးပြင်းသူများရဲ့ပိုစ်​များကိုကာကွယ်​ခြင်းသာဖြစ်​​ပေလိမ့်​မည်​၊ ကဗျာဆိုတာ ရင်​ထဲ နှစ်​လုံးသားထဲကထွက်​လာတဲ့ခံစားချက်​ပဲ့တင်​သံ​တွေမို့ အလွန်​တရာနူးညံ့သိမ်​​မွေ့သဖြင့်​ ဘယ်​​တော့မှလဲ​ပျောက်​ပြက်​သွားမဲ့စာ​ပေမဟုပ်​​ကြောင်းတင်​ပြလိုက်​ရပါသည်​၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

စာနဲ့ ကဗျာရောတွဲရေးရင်ရောဗျာ

ရေးကြည့်​​ပေါ့ဗျာ
ပေးရင်​ယူလိုက်​ မ​ပေး​နေလိုက်​​ပေါ့ဗျာ ဟဲ ဟဲ
ကိုယ်​ ဝါသနာပါရာ​ရေးရတာအ မြတ်​​ပေါ့

ဗဟုသုတအများကြီးရပါတယ်

Posted using Partiko Android

ကိုယ်ဘာသာအားပေးတာလား

ဘာမဟုပ်​ မန့်​​လေး ပွိုင့်​​လေးရ​အောင်​ အဟီးးးး

ကဗျာအမျိုးအစားအများကြီးဘဲ...အသိတိုး၊ဗဟုသုတရပါတယ်​....

Posted using Partiko Android

ဒါ​တောင်​ တဝက်​​လောက်​ဘဲရှိမယ်​ထင်​တယ်

ပြည်မှာသူငယ်ချင်းကဗျာဆရာတွေရှိတယ်။ Steemit ထဲဆွဲသွင်းရဦးမယ်။

ကျ​နော်​နဲ့ လိုင်း​ပေါ်မှာသိတဲ့ကဗျာဆရာ​တွေ ပြည်​မှာရှိတယ်

ကျွန်တော်ကတော့ Feeling Post Modern ပဲ ရေးပါတယ်😁😁😁

Posted using Partiko Android

ဟုတယ်​ ​မော်​ဒန်​ဘဲ နဲနဲအားသန်​တယ်

ဒယိုးဒယိုင်
အနံ့ လှိုင်လှိုင်..
အာ့ ခေါင်းစဉ် က အရက်သမား😁

Posted using Partiko Android

အဟပ်...ဒါ​တွေလဲ ဖြစ်​တယ်​​နော်

ကဗျာ ဆိုတာကလည်း စာ‌ရေး ခြင်းအတက်‌ပညာတစ်‌မျိုးပါ။

ဟုပ်​ပါ့ ကိုမ​ဟော်

ကဗျာအမျိုးအစားလေးတွေ ပြောပြထားတာ ဗဟုသုတရပါတယ်အစ်ကို။

ဒါ​တောင်​ တခြားအများကြီးရှိမှာ အကုန်​မသိနိုင်​ဘူး​လေ

စစ်ပွဲကဗျာလေးက စကားလုံးနည်းပေမဲ့ စစ်ရဲ့သဘောတရားကို ပီပြင်အောင်ဖော်ကျူးနိုင်ပါတယ် ကဗျာဆိုတာဟာ စကားလုံးအများကြီးမသုံးထားရင်တောင် ဆောင်းပါးတစ်ပုဒ်ဖတ်ရသလိုပါဘဲ တွေးယူတက်ရင်ပေါ့

Posted using Partiko Android

ဟုပ်​တယ်​ တချို့ကဗျာ​တွေဆို ဇာတ်​လမ်းတပုဒ်​ဖတ်​ရသလိုပါ့

အထက်သို့ ဆက်လက်တင်ပြလိုက်ပါမည် ကျွန်တော်ကတော့ တွေ့ကရာရေးခြင်းဖြစ်လေတော့ ရင်ထဲမှာ ကဗျာဆိုတာ မကျန်ရစ်ခဲ့ဘူး ဘယ့်နှယ့်လုပ်ရပါ့ ☺☺

ဘယ်​လို မလုပ်​ပါနဲ့ ဒီအတိုင်းဘဲ အိပ်​​နေတာ​ကောင်းပါတယ်

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.093
BTC 62737.20
ETH 1764.48
USDT 1.00
SBD 0.39