အွန်​လိုင်းချစ်​သူ

in #myanmar6 years ago (edited)

ဘာရယ်​မဟုပ်​ပါဘူးဗျာ စာဖတ်​တဲ့သူငယ်​ချင်း​တွေအပိုင်းရှည်​​တွေဖတ်​​နေရ​တော့ ပြင်း​နေမှာစိုးလိုအပြင်း​ပြေ​ရေးတင်​လိုက်​တာပါ၊
စာဖတ်​တဲ့သူငယ်​ချင်း​တွေကိုရသတခုခု​ပေးပြီးအပြင်း​ပြေစိတ်​အ​ပြောင်းအလဲဖြစ်​သွားရင်​​တောင်​​ကြေနပ်​ပါတယ်​၊လူငယ်​ ကြိုက်​အချစ်​ကဗျာ​လေးတခုပါ၊ကဗျာ​လေးက၊ ကလက်​တက်​တက်​ဆန်​ပြီးစာ​ရေးတဲ့သူရဲ့ဘဝအစစ်​အမှန်​ခံစားချက်​မဟုပ်​ဘဲ အွန်းလိုင်း​ပေါ်မှာခံစားရတဲ့သူ​တွေရဲ့ကိုယ်​စားခံစားပြီး​ရေးထားတာပါ၊

"အွန်​လိုင်းချစ်​သူ"
= = = =
အချစ်​ဟာချိုသလား ခါးသလား
နို့ဆီသကြားနဲ့ ​ရောပြီး​ဖျော်​​သောက်​လိုက်​တာ
မချိုဘူး ခါးတယ်​ ....
ရိုးသားတဲ့ကိုယ့်​အသည်း
ရိုးသားစွာ​ဈေးဗန်းထဲ
အော်​ပြီး ထည့်​ရောင်းလိုက်​မှ၊
ထောင့်​ငါးရာတန်​အတုတရွက်​နဲ့
ဈေးမဆစ်​ဘဲ အဝယ်​ခံလိုက်​ရတယ်​....
Life-Lab-love-languages.jpg
https://goo.gl/images/4t5sFt
အချစ်​ အချစ်
ထမင်းမ​ကြွေးရတာကလွဲလို့
ဘာမှအသုံးမကျတဲ့အချစ်
သူ့မှာမျက်​စိမပါတိုင်း
ကျွန်​​တော့ရင်​ထဲဝင်​ပြီး
မျက်​စိမှိတ်​ပြီးလမ်းလျှေက်ခိုင်း
ကျွန်တော့ ဘဝမှာ
အရူးတပိုင်းကိုဖြစ်သွားတယ်​ ....
သူလဲ ကိုယ့်​မသိ
ကိုယ်​လဲသူ့မသိ
လိုင်း​ပေါ်တင်​ညိသွားတဲ့ဇတ်​လမ်း
တဆပ်​ဆပ်​နဲ့ တဖျပ်​ဖျပ်​တုံ
ကျွန်​​တော့​ရွှေရင်​အစုံမှာ
ချစ်​အသဲ​လေးသူ့​ကြောင့်​ခုန်​ခဲ့ရ ....
တွေ့ လျှင်​​ပျော်
မ​တွေလျှင်​​မျှော်​လို့
ကတုန်​ကရီလက်​များနဲ့
သူ့ဆီချစ်​ခွင့်​ပန်​မယ်​အခါတိုင်း
လိုင်းက ခနခနပြက်​ ....
ဇနကရဲ့ဇွဲနဲ့
အချစ်​အတွက်​ဆိုညကတည်းက
မျက်​နာသစ်​ထားတဲ့ကျွန်​​တော်
တရက်​ရက်​​မှာတော့
အ​ပျော်​ကြီး​ပျော်​ခဲ့ရတယ်​ .. ..
စိတ်​ကူး​တွေယဉ်
ကောင်းကင်ပေါ်ကကြယ်တွေအကြား
နှစ်​​ယောက်​သားလမ်း​လျှေက်​ကြည့်
ကျွန်​​တော့မှာ ပီတိ​တွေကိုဖြစ်​လို့...
ကမ်းစပ်​တခုရဲ့ ​ငွေ​သောင်​ယံမှာ
နှစ်​​ယောက်​သား​ပြေးကစားရင်းနဲ့
ရေ ပြာ​ပြာ လှိုင်း​တွေအပေါ်
နှစ်​​ယောက်​သားလှိုင်းစီးလိုက်​ချိန်
ကုတင်​​ပေါ်ကပြုတ်​ကျမှ
အိမ်​မက်​မှန်းသိလိုက်​ရတယ်​..

love-1.jpg
https://goo.gl/images/jF4mYp
ပန်​သီးတလုံးကို ကိုက်​ခါနီးမှ
သူကပြစ်​ချထားတာ
အာဒံနဲ့ဧဝကို
သတိယသွားတယ်​လို့ ထင်ထားခဲ့မိ
ဘယ်​ဟုပ်​မလဲဗျာ
ဘေးနားကပန်းသီးကြီးကြီးက
မျက်​စာပြစ်​ ခေါ်တာသူခံလိုက်​​ရတော့
ကျွန်​​တော့ရဲ့အသဲ​တွေလဲ
တစစီကွဲကုန်​တာ​ပေါ့
သူ့အမုန်းများနဲ့ ဖြက်​ဆီးပြစ်​လိုက်​တဲ့
မေ့စ်​​ဘောက်​ကစားသား​တွေလဲ
အိမ်​​နောက်​​ဖေးက​မြောင်းကြားထဲမှာ
မျောလွင့်​လို့​ပြောက်​ကုန်​တယ်
တသက်​လုံး​မေ့လို့မရတဲ့
အသဲထဲကဒါဏ်​ရာကလဲ
ချစ်​ရမှာကိုလန့်​သွားတယ်
ကျွန်​​တော့အလွမ်း​တွေလဲ
ကဗျာတပုဒ်​နဲ့ထုပ်​လို့
အိမ်​​ရှေက​ရေ​မြောင်းထဲမှာ
ခပ်​သုပ်​သုပ်​ဘဲ မျှောပြစ်​လိုက်​တယ်​.....
ကဗျာကို ကြိုက်​တပ်​ရင်​​တော့
ကောက်​ပြီး​တော့ဖတ်​​ပေါ့
အလွမ်း​တွေအတွက်​က​တော့
အဲ့....
ဆက်​ပြီး​တော့သာ
မျှောပြစ်​လိုက်​ပါ​တော့ဗျာ....

Post writer=@yuzana(shineshine)
MSC=146

unnamed.png

https://goo.gl/images/Vo98mH

Sort:  

maynmar coda kha

ကောင်းလိုက်​တဲ့ ကဗျာ မိုက်​တယ်

Posted using Partiko Android

အသက်ကြီးကြီး အဘိုးကြီးရေးထားတယ်လို့  ပြောရင် ဘယ်သူမှ ယုံမယ်မထင်ဘူး အနုအရွ စကားလုံးတွေနဲ့ ရင်ကို ပစ်ခွင်းသွားနိုင်တဲ့ မော်ဒန်လေးတွေ

ဟားးးးးဟုပ်​ရဲလားဦးဇင်းရယ်
တပည်​​တော်​က အ​မြှောက်​ကြိုက်​​နော်

ဖတ်​လို့​ကောင်းပါတယ်​...စကားလုံး​တွေကလည်းမိုက်​မိုက်​👍👍

ကျေးဇူးပါ

မော်ဒန်လား မောဒန်လား ခံစားမနေတော့ပါဘူးလေ ရေမြောင်းထဲ မျှောလိုက်ရရင် ခံစားချက်တွေ မြောင်းပုပ်စော်နံမစိုးလို့ ပြန်မြိုချပြီး ဘီယာနဲ့ပဲမျှောလိုက်တော့တယ် မမယုရယ်

ဘာလား ညာလား
ကျွန်​​တော်​ကို​င်္တိုင်​ကိုမသိပါဘူးဗျာ
ညားရာ​ရှောက်​​ရေးပြီး
ပိုစ်​ ဖြစ်​ပီး​ရော့ တင်​ထာပါဘဲ

လန်းတယ်‌ဗျို့ ၊ဦးယု ကဗျာရွတ်‌ သံကို နား‌ထောင်‌ချင်‌တာ။

ချ ဗျာ ပွဲတပွဲ​လောက်​စီစဉ်​ လိုက်​ကြ​အောင်

အရေးအသားလေးတွေ မိုက်တယ်ဗျို့ နုရွနေတာဘဲ ဖတ်ရတာ

ဟုပ်​ရဲ့လား​အေ

အချစ်ဟာ ခါး ခါး ခါးသီးတဲ့ဟေ့
သကြားနဲ့ နို့ဆီထဲ့လိုက်တော့လဲ ချိုသွားတာပဲ

ခါး​ပေမဲ့လည်း မလွတ်​ကင်းနို​င်​ကြဘူး​လေ

ဦးယုကြီး ငယ်မူပြန်စာဟန်လေးတွေ လှသဗျာ😁

ဘာမှ အ​ချောသတ်​မ​နေအား​တော့ပါဘူးဗျာ စိတ်​ထဲ​ပေါရာ​ရေးမိ​တော့တာပါ

အယ်လဲ့ အာ့ကနေ အလွမ်းတွေ စမ်းရေထဲ စမျော တာပေါ့😁

မကြာခင်​ နင့်​ဆီ​မျောလာလိမ့်​​နော်​ အဟိ

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66137.63
ETH 3161.38
USDT 1.00
SBD 4.13