Introduce of myself
May I introduce myself, My name is Ye Thiha Aung.I am Myanmar citizen and live in Mandalay with my family.Work at a Government Office of salary man.Our citizens have helpmate any where.My relegion is Buddha's speech and obeyed the rules.My hobbies; Table Tennis,Chess..I like thinking,inventing and learning.
ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ရမယ်ဆိုရင်တော့ ကျွန်တော့်အမည်ကတော့ ရဲသီဟအောင် ဖြစ်ပါတယ်။မြန်မာနိုင်ငံသားဖြစ်ပြီး မိသားစုနှင့်အတူ မန္တလေးမြို့ မှာနေပါတယ်။အလုပ်ကတော့ အစိုးရဌာနတစ်ခုက ၀န်ထမ်းတစ်ဦးပါ။ကျွန်တော်တို့ နိုင်ငံသားတွေကတော့ နေရာတကာမှာ ကူညီရိုင်းပင်းတတ်ကြပါတယ်။ကျွန်တော်ကတော့ ဗုဒ္ဓဘာသာကိုလေးစားလိုက်နာတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။စားပွဲတင် တင်းနစ်ကစားခြင်းနဲ့ စစ်တုရင်ကစားခြင်းကို ခုံမင်ပါတယ်။စဉ်းစားတွေးခေါ်ရတာတွေ တီထွင်ကြံဆရတာတွေ လေ့လာသင်ယူရတာတွေမှာ အလွန်နှစ်သက်ပါတယ်။
ကျနော်တို့တတွေ ဘ၀မှာ လိုချင်တာ သိချင်တာ ကြားချင်တာ ပြောချင်တာ လုပ်ချင်တာ
စသော `ချင်တာ´ပေါင်းများစွာနောက်ကို ငတ်မွတ်စွာ လိုက်နေခဲ့ကြတယ်
ချင်တာ ပေါင်းများစွာထဲကနေ တချို့တလေကို ရခဲ့ကြတယ်
တချို့သူတွေဆိုရင် ချင်တာ ပေါင်းများစွာကို အပြည့်အ၀နီးပါး ရကြတယ်
သို့သော် ....
သူတို့(ကျနော်အပါအ၀င်)တွေ ကျေနပ်တင်းတိမ်မှုမရပဲ နောက်ထပ် ချင်တာ ပေါင်းများစွာသာ
ထပ်မံမွေးဖွားနေကြတယ် ကိုယ်တိုင်မသိလိုက်ပေမဲ့ ထိုထိုသော ချင်တာ ပေါင်းများစွာနောက်ကိုပဲ
ငတ်မွတ်စွာ ထပ်လိုက်နေကြတယ်
အဲဒီ ချင်တာပေါင်းများစွာနောက်ကိုဘယ်အချိန်ထိ လိုက်နေမှာလဲ ဆိုတာထက်
ဘယ်လောက်ထိတောင် လိုက်ခဲ့ကြပြီးပြီလဲဆိုတာ ပြန်သုံးသပ်ဖို့လိုနေပြီ
အဲဒီ ချင်တာ ပေါင်းများစွာနောက်ကို ဘ၀ပေါင်းများစွာမှာ လိုက်နေခဲ့ကြလို့
ဘ၀နိကန္တိကဇောပေါင်းများစွာ ဖြစ်ခဲ့ပြီပြီ
မဟုတ်ဖူးလို့တော့ မငြင်းပါနဲ့ မိတ်ဆွေ
ခင်ဗျားခုရနေတဲ့ လူ့ဘ၀ဆိုတာကိုက ဘ၀နိကန္တိကရဲ့ သက်သေတစ်ခုပဲလေ
ဆိုတော့ ၂ ခုထဲက တစ်ခုခု သို့မဟုတ် (တတ်နိုင်ရင်)နှစ်ခုလုံးကို ပယ်ဖြုတ်သင့်နေပြီ
အပေါ်က အကြောင်းအရာတွေကို သိထားရင် တစ်ခုဖယ်ပြီးပြီ
ချင်တာ ကို ဖယ်နိုင်ရင်တော့ ပြီးဆုံးခြင်းရဲ့ အစပေါ့
@ye thiha aung
@ye thiha aung
မြန်မာစတီးမစ်အဖွဲ့မှကြိုဆိုပါတယ်ဗျာ
tag ထဲမှာ စာအားလုံးကို ပေါင်းမရေးပါနဲ့ တစ်ခုနဲ့ တစ်ခုကြားမှာ space ကွက်လပ်လေးချန်ပြီးရိုက်ပါဗျာ myanmar myself steemit introduce အဲလိုလေး ခွဲရိုက်ပါဗျာ Promotion Post တင်မယ်ဆိုရင် စည်းကမ်းချက်လေးတွေကို သေချာလေးဖတ်ပြီးမှ တင်စေချင်ပါတယ်ဗျာ tag list မမှန်လျှင် Post Promotion မရနိုင်ပါခင်ဗျာ ပြုပြင်ပေးစေချင်ပါတယ်ခင်ဗျာ အကူအညီလိုအပ်ရင် Chat Group ထဲမှာ မေးမြန်းနိုင်ပါတယ် ကျေးဇူးတင်ပါတယ်ဗျာ
ဟုတ်ကဲ့ပါ။အမှားများအတွက်လဲ တောင်းပန်ပါတယ်ဗျာ
ယခုမှစလေ့လာတဲ့ အသစ်ဖြစ်လို့ သည်းခံပေးကြပါခင်ဗျာ
Welcome to Steemit family..
Thank you so much,
welcome to Myanmar steemit community... as mention above .. please edit the tag list
Thank you Myanmar steemit community,I am beginner and sorry if any mistake.
welcome to myanmar steemit community, as mention above please edit the tag list.
Thank you Myanmar steemit community,I am beginner and sorry if any mistake.
your welcome@yethihaaung
Thanks,