တချိန်ကထနောင်းပင်ပျို

in #myanmar8 years ago

image တို့များငယ်ငယ် ကလေးအရွယ်က
ပျော်ရွှင်မြူးထူး ဆော့ကစားဖူးခဲ့
ဒီအပင်နိမိတ် တို့ပုံရိပ်တွေ
မမေ့နိုင်ပါ ယနေ့တိုင်သာ
ကျောင်းသွားကျောင်းပြန် တကျော့ပြန်လို့
ဆော့ပြန်သေးသည် ကလေးပီပီပေါ့
ပြေးလွှားပျော်ပါး ဆော့ကစားရင်းနဲ့
အချိန်တန်လို့ အိမ်ပြန်ဖို့များ
မေ့သွားသယောင် အရိပ်နှောင်ဖွဲ့
မစောင်းငြင်ငြို ထနောင်းပင်ပျို
အရွယ်ရောက်လာ ကျောင်းတကာ
သင်စရာအကုန် ပညာစုံသမို့
နိုင်ငံတာဝန် တို့ကျေပွန်လို့
မပြောင်းခင်အတိတ် ထနောင်းပင်ရိပ်
ဆုံတွေ့ဖို့များ ကတိထားခဲ့
သူတို့အလာ မျှော်နေရှာရင်း
အရွယ်ယိုယွင်း အပင်အိုမင်းလဲ
တောင့်ထားပတ်လက် စောင့်စားလျှက်ပေါ့......

                         Z..K..L..ရွှေလည်
                              HFS: A.18

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.077
BTC 63999.25
ETH 1662.28
USDT 1.00
SBD 0.42