ပုဂံမှ မင်္ဂလာ​စေတီ​တော်

in #myanmar7 years ago (edited)

ပုဂံမှ မင်္ဂလာ​စေတီ​တော်

မင်္ဂလာ ​စေတီ​တော်​သည်​ နရသီပ​တေ့မင်း (၁၂၅၆-၁၂၈၇)၏​ကောင်းမှုဖြစ်​ သည်​။ ၁၂၆၈ခုနှစ်​တွင်​ စ၍တည်​၏ မပြီးမှီး၍၌ "ဘုရားလည်းပြီး ပြည်​ကြီးလည်းပျက်​"ဟု တ​ဘောင်​​ပေါ်သဖြင့်​ စိုးရိမ်​၍ရပ်​ထား၏ ထိုအခါ ပံ့သကူ မ​ထေရ်​က " ဟယ်​ မင်းမိုက်​ ..... အနိစ္စကမ္မဌာန်းကို မရှု အလှူ ​ကောင်းမှု ပြုပြီးမှ ပြည်​ပျက်​ အံ့သည်​ ကိုစိုးရိမ်​၍​နေသည်​ကား နင့်​ထက်​မိုက်​သည်​ သသူမရှိ ။ နင့်​ပြညနှင့်​နင်​မ​သေဘဲ ​နေရတုံ အံ​လော......."ဟုဆုံးမ​လေ မှ ဆက်​၍တည်​ ​လေ သည်​ ၁၂၇၄ခုနစ်​ တွင်​ အပြီးတိုင်​ ​ရောက်​​လေသည်​ ။စပ်​မိ၍ ဆိုရ​သော်​ ဆယ်​နှစ်​အကြာတွင်​ ပြည်​ပ မှ ဝင်​လာ​သော မွန်​ဂို စစ်​ဒဏ်​ကို မခ့နိုင်​သဖြင့်​ နရသီဟပ​တေ့မင်းလည်​ ပုဂံ မှ တိမ်း​ရှောင်​ခဲ့ရ​လေသည်​။


မင်္ဂလာ ​စေ​တီ​တော်​ သည်​ ​ရွှေစည်းခုံကကိ နမှုနာယူ၍ တည်​ထား​သော ​စေတီးဖြစ်​​လေသည်​ ။ အလွန်​တင့်​တယ်​ ​ပြေပြစ်​ ၏ ။လေး​ထောင့်​ အုတ်​ခုံ ​ပေါ် ​တွင်​ တည်​ရှိကာ အုတ်​ခုံမျက်​နှာနှင့်​ ပစ္စယာ အဆင့်​ဆင့်​တွင်​ပတ်​လည်​၌​ဇာတ်​နိပါတ်​​ဖော်​ စဥ့်​သုတ်​ ရုပ်​ကြွများကို စီးခြယ်​ ထားသည်​။ ပစ္စယာ သုံးဆင့်​တွင်​​ထောင့်​​စေတီများ စိုက်​ထားသည်​။နတ်​​လှေကားများ တပ်​ဆင်းထားသည။်​ ​ထို့​နောက်​ တတိယ ပစ္စယာ
အထက်​တွင်​ရှစ်​​ထောင် ကြာဝန်း ၊ခါးပတ်​ ​ခေါင်း​လောင်းပုံ သပိတ်​ ​မှောက်​ ၊​ဖောင်​ရစ်​၊ကြာ​မှောက်​ ရွဲ ချရားသီး ၊ထီးစသည်​တို့ဖြစ့်ပါသည်​။

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58394.86
ETH 2618.86
USDT 1.00
SBD 2.39