လွမ်းတက်မှချစ်ပါ... ချစ်ခဲ့မှ မပြစ်ရက်ပါနဲ့ Part three(သံယောဇဉ်)

in #myanmar7 years ago

image
ကျွန်​​တော်​သည်​ ထို​နေ့တစ်​​နေ့လုံး ​နေထိုင်​မရ။သူမကို သတိရစိတ်​က တစ်​​နေ့လုံးတွင်​ ဘာလုပ်​လုပ်​အလွှဲလွှဲအ​ချော်​​ချော်​ အ​မေ့ကို ကူညီ​ပေးရန်​နှင့်​သူမအားသတိရစိတ်​အား ​အာရုံ​နိုင်​ရန်​ အိမ်​အလုပ်​များ ကူညီ​ပေး​သော်​လည်း တစ်​ခုမှအဆင်​မ​ပြေ..။

"သား..​ဗိုက်​ဆာ​နေပြီလား။အ​မေ့ကို​တွေ ကူလို့။ဒါ​ပေမဲ့ အ​မေ့သား​လေးက တစ်​ခါမှ မလုပ်​ဖူး​တော့ အဆင်​သိပ်​မ​ပြေ​သေးဘူး​နော်​..။ ကဲပါ..သွား..သွား..​ဗိုက်​ဆာရင်​ ​ရေခဲ​သေတ္တာထဲက မုန့်​တစ်​ခုခုယူစားထား။ ဒီဟင်း​လေးကျက်​ရင်​ အ​မေ​ခေါ်လိုက်​မယ်​​နော်​..သား ။"

"ဟီး..ဟုတ်​ကဲ့။"

အ​မေ့ကိုမချိသွားချဲ ရယ်​ပြလိုက်​ရင်း ယုတ္တိရှိရန်​ အ​မေ့​ရှေ့မှာပင်​ ​ရေခဲ​သေတ္တာထဲက စပျစ်​သီးတစ်​ခိုင်​ကို ထုတ်​ယူခဲ့လိုက်​ရသည်​။
ကျွန်​​တော့အခန်းထဲ​ရောက်​​တော့ စပျစ်​သီးကိုမစားအား ။ သူမကို ဖုန်း​ခေါ်ဖို့ကလည်း ဖုန်းနံပတ်​မရ​သေး..။
ကျွန်​​တော်​ အကြံ​တွေထုတ်​ပြီး ​ခေါင်းပူသည်​အထိ စဉ်းစား​နေမိသည်​မှာ ဒီ​နေ့အတွက်​ သူမနှင့်​ ​တွေ့ဖို့အ​ကြောင်းများသာ။ ခုတင်​တစ်​ခုလုံးမှာ ဟိုဖက်​လူး ဒီဖက်​လှိမ့်​နှင့်​ပင်​ ကျွန်​​တော်​ အကြံတစ်​ခုရသွားသည်​။
အကြံအတိုင်းအ​ကောင်​အထည်​​ဖော်​ရန်​ ဖုန်းဖွင့်​ လိုင်းတက်​လိုက်​ပြီး သူမအ​ကောင့်​ထဲက mutual fri​တွေကို ရှာလိုက်​​တော့...
ဟော..ကျွန်​​တော်​နှင့်​ရင်းနှီးပြီးသား သူမရဲ့fri မ​လေး..
(​ဟေး....)
(​အေး..ဘာတုန်း..)
(နင့်​​လေသံကြီးကလည်းကွာ..အဟင့်​)
(ဟယ်​..ရုပ်​ကြမ်းကြီးနဲ့ နွဲ့​နေပြန်​ပြီ..)

ထိုသို့အစချီရင်း ​စပ်​မိစပ်​ရာ ဟန်​ဖြင့်​ သူမ၏ ဖုန်းနံပါတ်​ကို သူငယ်​​ချင်း​မ​လေးဆီမှ ခခယယ ​တောင်းခံရရှိခဲ့​လေသည်​။
ကျွန်​​တော်​ ရင်​ခုန်​သံများကို ထိန်းရင်း လည်​​ချောင်းတစ်​ချက်​ရှင်းကာ သူမဖုန်းနံပတ်​​လေးများကို နှိပ်​ပြီး ဖုန်း​ခေါ်လိုက်​မိသည်​။

" ​ဟယ်​လို..အမိန့်​ရှိပါရှင်​.."
image
သူမ အသံ​လေး​ကြောင့်​ ကျွန်​​တော့ရင်​ထဲ ​နွေးသွားခဲ့ပြီး သူငယ်​ချင်းမ​လေးကိုလည်း ​ကျေးဇူးအထပ်​ထပ်​တင်​​နေမိသည်​။

" ကျွန်​​တော်​ပါ မ"
သူမဖက်​မှ ခဏ တိတ်​ဆိတ်​သွားခဲ့ပြီး..
"ဖုန်းနံပတ်​ဘယ်​လိုရတာလဲ.."
"အဟဲ..ဒီလိုပဲ​ပေါ့​ဗျာ ။ကြံဖန်​ရ​တာ​ပေါ့..။ ဒီ​နေ့. ကျူရှင်​ပိတ်​​တော့ မနဲ့ ဆုံဖို့ မလွယ်​​တော့ဘူး​လေ။ အဲ့ဒီ​တော့ မ​နေနိုင်​သူ ကျွန်​​တော်​က မ ဖုန်းနံပါတ်​ကို မရအရ လိုက်​ရှာမိတာပါ မရယ်​။ ကျွန်​​တော့ကို စိတ်​ဆိုးသွားလား..ဟင်​."
" စိတ်​အ​နှောင့်​အယှက်​​တော့ ဖြစ်​သွားမိတာ အမှန်​ပဲ.."

သူမ​လေသံ​တွေက တည်​ငြိမ်​ ပြတ်​သား​နေကြသည်​။ ကျွန်​​တော်​ ဘာ​ပြောလို့ ​ပြောရမှန်းပင်​ မသိ​လောက်​​အောင်​ သူမအသံက ပုံမှန်​ဆန်​​လေသည်​..။
ကျွန်​​တော်​လည်း ရသည့်​အခွင့်​အ​ရေးကို အသုံးချသည့်​အ​နေဖြင့်

" မ အခု ကျွန်​​တော်​ ​ပေးလိုက်​တဲ့စာကို ဖတ်​ပြီးပြီလို့ ထင်​ပါတယ်​။ ကျွန်​​တော်​အတွက်​ အ​ဖြေက ရက်​စ်​လား နိုးလား​ဗျာ.."

ကျွန်​​တော်​ ရင်​တုန်​စွာ ​ပြောလိုက်​မိတော့ သူမဖက်​မှ သက်​ပြင်းချသံသဲ့သဲ့ ကြားရပြီး​နောက်​..

" ​မောင်​​လေး .မင်းက ငယ်​​သေးတယ်​။ အထူးသဖြင့်​ ဘွဲ့တစ်​ခုကို​တောင်​ လက်​ဝယ်​မပိုင်​နိုင်​​သေးပဲနဲ့ အခုလို စကား​တွေ ​ပြော​နေတာ​တော့ မမ မကြိုက်​ဘူး။ မမ အခု​ပေးချင်​တဲ့ အ​ဖြေက မင်းစားကြိုးစားသင့်​တယ်​ ဆိုတဲ့ အကြံ​ပေးစကားပဲ..။ မမ မအား​သေးလို့​နော်​ ဖုန်းချလိုက်​​တော့မယ်​ ​မောင်​​လေး.."

ဖုန်းလိုင်း​တွေက တတူတူဖြင့်​ တခါထဲ ကျသွား၏။ ကျွန်​​တော်​ ဖုန်းစခရင်​ကို ကြည့်​ပြီး ငူငူငိုင်​ငိုင်​ကျန်​ရစ်​ခဲ့သည်​.။သူမစကားလုံး​များသည်​ ကျွန်​​တော့်​ရင်​ထဲတွင်​ ပြတ်​သားစွာ ပဲ့တင်​ကျန်​ရစ်​​နေ​စေခဲ့​လေသည်​။
image
ထိုအချိန်

" သား..."
" ဟင်​..​မေ​မေ "
အ​မေက ကျွန်​​တော်​ထဲသို့ နှစ်​သိမ့်​ပြုံးဖြင့်​ ​လျှောက်​လာခဲ့ပြီး ကျွန်​​တော့်​လက်​ကို ဆွဲကာ စကား​ပြောလာခဲ့၏..။

" သား​လေးအတွက်​ အ​မေ ထမင်းပွဲ ပြင်​ထားပြီးပြီ သားရဲ့..။ အ​မေနဲ့တူတူစားကြမယ်​​လေ..။"
ကျွန်​​တော်​ အ​မေ့ကို မပီမပြင်​ပြုံးပြလိုက်​ပြီး အ​မေမသိ​စေဖို့ ဖုံးကွယ်​လိုက်​မိသည်​။သို့​သော်​..အ​မေ့၏ ​လေးနက်​တည်​ကြည်​​သော စကားလုံးများသည်​ ကျွန်​​တော်​ရင်​တွင်းသို့ စူးနစ်​စွာ စိုက်​ဝင်​သွားကြ​လေသည်​..။

" သား..အရွယ်​က အ​မေ့မျက်​လုံးထဲမှာ​တော့ က​လေး​လေးပဲ သားရဲ့..။ ဒီ​ခေတ်​စနစ်​​တွေနဲ့ ​ခေတ်​လူငယ်​​တွေရဲ့ ခံစားချက်​​တွေကို အ​မေ အတတ်​နိုင်​ဆုံး နားလည်​နိုင်​တယ်​သား..။ သီးချိန်​တန်​သီး ပွင့်​ချိန်​တန်​ပွင့်​ကြရတဲ့ လူ့သဘာဝကိုလည်း ​အ​မေလက်​ခံပါတယ်​။ အဲ့ဒီတစ်​​နေ့ကို ​ရောက်​ခဲ့မယ်​ဆိုရင်​​တောင်​ သားစိတ်​ကြိုက်​ဖြစ်​​စေဖို့ မိဘတို့ဝတ္တာရှိတဲ့အတိုင်း ​အ​မေတာဝန်​​ကျေဖို့ ကြိုးစားမှာပါသား။ အခု သားက ပညာသင်​​နေချိန်​​လေ ..။ တချို့ ကိစ္စ​တွေ​ကြောင့်​ အ​မေ​မျှော်​လင့်​ထားတဲ့ သားရဲ့ ပညာ​ရေးကို ဦးမကျိုး​စေချင်​တာ​တော့ အမှန်​ပဲ..။
ဘာပဲဖြစ်​ဖြစ်​ အ​မေက အ​မေ့သားဖက်​က အမြဲရှိ​နေမယ်​..။သားကို အ​မေယုံတယ်​။"

ဆက်​ရန်
Writer > Ye Kung Sat Thone
MSC No> 213
Photo by goggle image

Sort:  

V100%$0.090/#thargyi

ခေါင်းစဉ် နဲ့တင် ကြွေနေပြီ

ကြွေသင့်ပါတယ်

ခေါင်းစဉ်မှာ လွမ်းတတ်မှ လို့ပြန်ပြင်လိုက်ပါအုန်းလာညီရ အောက်ကစာပိုဒ်ထဲမှားတာမသိသာပေမယ့် ခေါင်းစဉ်ဆိုတော့မကောင်းဘူးလေ

Hote ပြင်လိုက်ပါမယ်ဗျ

ဖုန်းနံပါတ်ရှာတာ တော်တ်ာခေါင်းရှုပ်သွားမှာဘဲ

ခက်မှခက်ပဲအကိုရေ

ငယ်သေးတဲ့အချစ်မို့ မလေးစားတာလားပြောပါ ကျွန်တော်သိပ်ချစ်တတ်တာ ကျွန်တော်သာအသိပါ

ခေါင်းစဉ်​​လေးကကိုမိုက်​တာ ဟဲဟဲ

ခက်မိုက်မိုက်ပဲ

ဆက်​ဖတ်​ပါ့မယ်
Good

ကျေးဇူးတင်ပါတယ်

ကြိုးစားပြလိုက်​ အစ်​ကို..။

ကောင်းပါတယ်။ဆက်ဖတ်မယ်ခင်ဗျ။

Hote ဖတ်ရမှာပါ

Waiting ဆက်ရန်😁😁

Coin Marketplace

STEEM 0.25
TRX 0.25
JST 0.040
BTC 94687.77
ETH 3416.09
USDT 1.00
SBD 3.32