Golden Land Bagan

in #myanmar8 years ago (edited)

သိကြားမင်းဆက်သသောအရိန္ဒာမာရွှေလှံပိုင်ရှင်အနော်ရထာမင်းမြတ်(King of AnawYaHtar)
တည်ထားကိုးကွယ်ခဲ့သော ပုဂံပြည်မှစွယ်တော်
မြတ်လေးဆူနှင့်ကျောက်ဆည်နယ်မှ စွယ်တော်
တစ်ဆူ

၁။ရွှေစည်းခုံ စွယ်တော်ရှင်
၂။တန့်ကြည်တောင် စွယ်တော်ရှင်
၃။လောကနန္ဒာ စွယ်တော်ရှင်
၎။တုရွင်းတောင် စွယ်တော်ရှင်
၅။ပြက်ခရွေ့တောင် စွယ်တော်ရှင်
အနော်ရထာမင်းကြီး၏ သစ္စာအဓိဋ္ဌာန်ပြုချက်

ငါတည်ထားကိုးကွယ်တော်မူခဲ့သော စွယ်တော်
မြတ်လေးဆူဘုရားကို အကြင်သူတို့သည် နောက်
နေ့မကူးနေ့ချင်းဖူး၏။
လှူသည့်ကုသိုလ် တခြားလူတို့နှင့်မတူရာ၏။
တောင်းဆိုစကားမှားသောအခာမရှိရာ၏။
သီလငါးချက်မပျက်လုံ၏။
ထိုသည့်သူတို့အား မကြာချက်ချင်းလက်ငင်း
ကောင်းကျိုးထူးစေသတည်းဟု သစ္စာအဓိဋ္ဌာန်ထားရစ်ခဲ့ပာသည်။

သီဟိုဠ်ပြည့်ရှင် ဘုရင်ဝိဇယဘာဟု(၁)သည်
အနော်ရထားမင်းမြတ်အား အရှင်ဂောတမဘုရား၏
စွယ်တော်အစစ်အပွားတစ်ဆူအားဆက်သခဲ့သည်။
အနော်ရထာမင်းမြတ်သည် ရှင်အရဟံ၏နှူတ်ထွက် တော်အတိုင်းမြတ်စွယ်တော်ကို ရွှေစည်းခုံစေတီ၌ ဌာပနာတော်မူခဲ့ပြီး ထိုစွယ်တော်ကို လေးဆူထပ်မံပွါး၍ တန့်ကြည်တောင်စေတီတော်၊လောကနန္ဒာ
စေတီတော်၊တုရွင်းတောင်စေတီတော်နှင့်ကျောက်
ဆည်နယ် ပြက်တောင်(ခ)ပြက်ခရွေ့တောင်(ယခု ရွှေသာလျောင်းတောင်တော်)တို့တွင်စေတီများထပ်မံတည်ကာ အဓိဋ္ဌာန်ဖြင့်ဌာပနာပြုတည်ထား
ကိုးကွယ်ခဲ့ပါကြောင်းမှတ်သားသိရှိခဲ့ရပါသည်။

စွယ်တော်ရှင်လေးဆူကို တစ်နေ့တည်းအရောက်ဖူး
ပြီး သစ္စာအဓိဋ္ဌာန်နဲ့ ဆုတောင်းခဲ့ကြပါ။တောင်းတဲ့ဆုများပြည့်စုံတာကို အံ့သြဖွယ်တွေ့ရှိရပါသည်။

image
ရွှေစည်းခုံစေတီတော် ဘုရားရှိခိုးဂါထာ

အမဟာနိဗ္ဗာန် ရသာမွန်ကို ဧကန်ပြတတ်
နတ်ဗြဟ္မာလူ ပူဇော်ကပ်ဆည်း ရွှေစည်းခုံစွယ်
တော် ဓာတ်မြတ်အမော်ကို တပည့်တော်သည်
ကော်ရော်ညွှတ်ခ ဖူးမြော်ဦးချ ပူဇော်ပါ၏ဘုရား။

image
လောကနန္ဒာစေတီတော် ဘုရားရှိခိုးဂါထာ

အမဟာ နိဗ္ဗာန် ရသာမွန်ကို ဧကန်ပြတတ်သော
နတ်ဗြဟ္မာလူ ပူဇော်ကပ်ဆည်း ချီးမွမ်းအံ့သြ
ရှုမောဖွယ်ရာ လောကနန္ဒာ ဓာတ်မြတ်အမော်
မြတ်ဆူတော်ကို ကော်ရော်ညွှတ်ခ ဖူးမြော်ဦးချ
ပူဇော်ပါ၏ဘုရား။

image
တန့်ကြည်တောင်စေတီတော် ဘုရားရှိခိုးဂါထာ

အမဟာ နိဗ္ဗာန်ရသာမွန်ကို ဧကန်ပြတတ်
နတ်ဗြဟ္မာလူ ပူဇော်အပ်သည့် တန့်ကြည်စွယ်တော်
ဓာတ်မြတ်အမော်ကို တပည့်တော်သည်
ကော်ရော်ညွတ်ခ ဖူးမြော်ဦးချ ပူဇော်ပါ၏ဘုရား။

image
တုရွင်းတောင်စေတီတော် ဘုရားရှိခိုးဂါထာ

အမဟာနိဗ္ဗာန် ရသာမွန်ကိုဧကန်ပြတတ်
နတ်ဗြဟ္မာလူ ပူဇော်ကပ်ဆည်း လွန်ချီးမွန်းအပ်
ထူးမြတ်တင့်ဆန်း တုရွင်းတောင်စွယ်တော်
ဓာတ်မြတ်အမော်ကို တပည့်တော်သည်
ကော်ရော်ညွှတ်ခ ဖူးမြော်ဦးချ ပူဇော်ပါ၏ဘုရား။

အလွန်ပဲတန်ခိုးကြီးတဲ့စွယ်တော်လေးဆူကို
အရောက်ဖူးလို့ ဆုတောင်းအဓိဋ္ဌာန်ပြုကြည့်ပါအုံး
သူငယ်ချင်းတို့ခင်ဗျား...

MSC..215
B(9)
Written..@yehtetaung
Photo Credit#Google Images

Sort:  

ကျေးဇူးပါဗျ

သားတို့က မြန်မာမှန်သေးဘူးရယ် 😁😁

ရောက်ရမှာပေါ့ဗျာ အကို

ကျေးဇူးပါအကို

Good အကို

ကျေးဇူးပါ ကိုအောင်ကြီး

မြန်​မာမှန်​ရင်​ ပုဂံ​ရောက်​ရမယ်

မှန်တယ်အကို ကျနော်ဆို ဘယ်နှစ်ခေါက်မှန်းမသိဘူး ရောက်တာ 😁

ကျေးဇူးbro

ဟုတ်ကဲ့

ကျေးဇူးပါဗျ အကို

ဘဝတူ ရုံးကန်နေသူတွေပဲဗျာ ..
ပိုစ့်ကို မနေ့ကတည်းက ဘုတ်ထားလို့ ခု ကွန်မန့်ကိုပဲ ဘုတ်ခဲ့တယ်ဗျာ

good အကိုသမိုင်းတွေကိုသိရှိခွင့်ရတာကျေး Zူး တင်ပါတယ်ဗျာ

ဟုတ်ကဲ့အခုလိုအားပေးတဲ့အတွက် ကွီးလဲဆော်ကြည်ထီပေါက်ပါစေဗျာ 😁😁😁

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.083
BTC 60529.37
USDT 1.00
ETH 1546.19
SBD 0.47