ကွမ်းယာသည်ဖြစ်သွားခြင်း

in #vote8 years ago

ကွမ်းရွက်လေးအညှာချိုးပြီးစိုက်ထားတဲ့ကွမ်းရွက်တွေတစ်ဆယ်သားငါးကျပ်သားလောက်ရေလို့ရွာထဲကကွမ်းယာဆိုင်သွားပြီးရောင်းတဲ့ခါတိုင်း
အမေကခဏဏပြောတယ်
မိသင်း ငါအပျိုတုန်းကဗွီဒီယိုရုံမှာကွမ်းယာတစ်ရက်ရောင်းတာယုန်မွေးအကျီ င်္တစ်ထည်ရတယ်အရမ်းမြတ်တာ ငါကချောတော့ကာလသားတွေလာပြီးအားပေးကြတာဆိုပဲ
အမေက ကွမ်းရွက်ရောင်းတာထက်ကွမ်းယာကိုယာပြီးရောင်းရင်ပိုမြတ်မယ်လို့လမ်းစပျိုးတာ
ကိုယ်တွေကအဲ့လိုမတွေးဘူး
ဘာလုပ်မလဲ ရွာထဲကကွမ်းယာဆိုင်မှာဆိုလဲကာလသားတွေကလှုပ်လှုပ်ရွရွနဲ့စိတ်ပျက်စရာ
ဆိုပြီးရောင်းဖို့ကိုစိတ်ကူးမရှိဘူး
တကယ်တမ်းပြောရ ရင်ကိုယ်ကရုပ်ဆိုးတာကြောင့်လဲပါတယ်
အဲ့လိုပေါ့ အပျိုတုန်းကကွမ်းယာရောင်းဖို့စိတ်ကူးမရှိပုံပြောပါတယ်
အိမ်ထောင်လဲကျရော
ယောက်ျားကကွမ်းယာရောင်းတယ်လေ
အပျိုတုန်းကကွမ်းယာရောင်းဖို့အိပ်မက်တောင်မမက်ခဲ့တဲ့ကိုယ်
အခုမှကွမ်းယာသည်စစ်စစ်ကြီးဖြစ်နေတော့တာပေါ့
ဟားဟားဟား

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 61123.34
ETH 1583.02
USDT 1.00
SBD 0.47