ရပ်​တန့်​​ မ​နေပါနဲ့၊အားထုတ်​ပါ၊ အားမငယ်​ပါနဲ့ ၊

in #myanmar7 years ago

PicsArt_08-05-04.17.18.jpg
...............​ခေတ်​နဲ့အညီ ရှိပါ​စေ................


အခု​ခေတ်​ကြီးထဲတွင်​ ​ခေတ်​နဲ့အညီ မလိုက်​နိုင်​ဘဲ ​နေခဲ့​သောသူသည်​ ​နောက်​ကျကျန်​ခဲ့မှာ အ​သေအချာပါပဲ....
Nokia ကုမ္ပဏီ ကို ​လေ့လာကြည့်​ပါ
NOKIAသည်​ တခြားသူများလို ​ခေတ်​နဲ့အညီ တီထွင်​မှူများ မပြုလုပ်​ပဲ ရပ်​တန့်​​နေခဲ့​သော​ကြောင့်​ ယခုအချိန်​မှာ ​နောက်​ကျကျန်​ခဲ့​နေပြီ ဖြစ်​​ပေသည်​၊
ခေတ်​​ရှေ့​ပြေးပါဟု ကျ​နော်​မ​ဆိုလို၊ အမှီလိုက်​နိုင်​ရန်​သာ ဆိုလိုပါသည်​၊ လက်​ဖက်​ရည်​ဆိုင်​၊ အလှပြင်​ဆိုင်​၊ တခုခု စ​တဲ့အရာများ၊​နေရာများကို ​ခေတ်​နဲ့အညီ အမှီလိုက်​​နေနိုင်​ရင်​ အဆင်​​ပြေ​နေကြမည်​ ဖြစ်​​ပေတယ်​၊ လွန်​ခဲ့​သော ​နှစ်​​ပေါင်း ၁၀နှစ်​​လောက်​ကတည်းက ​ဆွေး​မြေ့​နေ​သော အရာများအတိုင်း
ထားခဲ့မယ်​၊ဆန်းသစ်​မှူများ မပြုလုပ်​ခဲ့ရင်​ ယ​နေ့​ခေတ်​တွင်​ အဆင်​မ​ပြေ​ပေ၊..
ဥပမာ အလှပြင်​ဆိုင်​တစ်​ဆိုင်​သည်​ လာ​ရောက်​ပြင်​ကြ​သော customers ​တွေကို အရင်​နှစ်​​ဟောင်းအတိုင်းပင်​ ဝန်​​ဆောင်​မှူများရှိ​နေလျှင်​ ထိုဆိုင်​မှာ customers များစွာ ဆုံးရှူံးပြီး နှစ်​နာမှူများ ဖြစ်​​နေ​ပေမည်​။ ဒါ​ကြောင့်​ ကျ​နော်​တို့ ဘယ်​အလုပ်​လုပ်​သည်​ ဖြစ်​​စေကာမူ ကျ​နော်​တို့ရဲ့ မျက်​စိ၊နား များကို အလကားမထားပဲ ​စောင့်​ကြည့်​ပါ၊နားစွင့်​ပါ ခု​ခေတ်​တွင်​ ဘာ​တွေ​ပြောင်းလဲ​နေသလဲအစ အရာရာ စူးစမ်းပါ၊.
ပုံ​သေကားချပ်​ အရင်​နှစ်​လည်း ဒီလို ဒီနှစ်​လည်း ဒီလို ...မဖြစ်​ပါ​စေနဲ့......
မိမိ​နေထိုင်​​သော ပတ်​ဝန်းကျင်​​လေ့လာပါ..
ငါဘယ်​​ခေတ်​မှာ ရပ်​တည်​​နေသလဲ၊
ငါဘာ​တွေ​ပြောင်းလဲ သင့်​သလဲ..


PicsArt_08-05-03.05.43.png


နောက်​တစ်​ချက်​မှာ
အားထုတ်​မှူ
ကျ​နော်​တို့လူအများစုသည်​ တိုးတက်​ချင်​​သော်​လည်း အလုပ်​လုပ်​ရမည်​ကို ပျင်းကြသည်​၊ အားမထုတ်​ချင်​ကြ​ပေ၊
တခြားသူဘာလုပ်​လဲ ဆိုတာသာ ​စောင့်​ကြည့်​​နေကြတယ်​၊ ကိုယ်​ပိုင်​အားထုတ်​မှူ မလုပ်​ချင်​ကြ​ပေ၊..ဒါ​ကြောင့်​အားထုတ်​ပါ ဓားတစ်​လက်​ရဲ့အရည်​အ​သွေး ခုတ်​မှ သိသလို ၊ မိမိအရည်​အချင်းသည်​လည်း အားထုတ်​ခါမှ သာ သိနိုင်​သည်​၊ မိမိ​နေထိုင်​​သော ကာလပတ်​လုံး မိမိအရည်​အချင်းကိုမသိကြ​သောသူများ ဖြစ်​ကြတယ်​၊ မိမိမှာ ဘာအရည်​အချင်းရှိသလဲ မသိကြ​ပေ၊....
အလုပ်​လုပ်​ခါမှ သာ သိနိုင်​​ပေမည်​၊ ဒါ​ကြောင့်​ သူများအားမကိုးပဲ မိမိကိုယ်​ကို အားကိုးပြီး အစွမ်းအစ ထုတ်​သုံးပါ၊..
လူတိုင်းလူတိုင်းတွင်​ မတူညီ​သော အရည်​အချင်းများ ရှိကြပါသည်​၊...


အားနည်းချက်

လူတိုင်းတွင်​ အားနည်းချက်​ရှိပါတယ်​ ၊ ကျ​နော်​ကိုယ်​တိုင်​လည်း ရှိပါတယ်​ ​ကမ္ဘာကြီးမှာ ပြီးပြည့်​စုံတဲ့သူဆိုတာ မရှိကြ​ပေ၊ ဒါ​ကြောင့်​ မိမိမှာ အားနည်းချက်​ ရှိသည်​ကို အားမငယ်​ပါနဲ့ ၊ တစ်​ခါ တစ်​ရံမှာ မိမိအားနည်းချက်​က တခြား​နေရာတွင်​ အားသာချက်​ ဖြစ်​သွားသည်​လည်း ရှိ​နေပါသည်​၊..
ကျ​နော်​ဖတ်​ဖူး​သောစာအုပ်​ထဲက အ​ကြောင်းတစ်​ခု​ပြောပြပါရ​စေ....
တစ်​ခါက လယ်​သမားတစ်​ဦး မြို့တက်​၍ အိုးနှစ်​လုံးဝယ်​ခဲ့တယ်​ ၊ သို့​သော်​ ထိုအိုးထဲမှ တစ်​အိုးသည်​ အ​ပေါက်​ပါသည်​ကို သတိမပြုခဲ့​ပေ၊ ရွာအပြန်​လမ်း တစ်​​လျှောက်​ လယ်​သမားသည်​ အိုးနှစ်​လုံးကို ​ရေဖြည့်​ကာလှည်းဖြင့်​ သယ်​လာခဲ့တယ်​...လမ်းတစ်​​လျှောက်​လုံးတွင်​ အ​ပေါက်​ပါ​သော အိုးသည်​ အ​ပေါက်​ပါသဖြင့်​ ​ရေများ တဖြည်းဖြည်း ကုန်​ခန်းလာသည်​ ဒါ​ကြောင့်​ တစ်​ခြားအိုး ​လှောင်​ရယ်​ခဲ့တယ်​၊ အ​ပေါက်​ပါ​သောအိုးကို ဟားတိုက်​ခဲ့သည်​၊ တစ်​လမ်းလုံး အ​ပေါက်​ပါ​သော​ကြောင့်​ အားငယ်​​နေ​လေသည်​၊...
သို့​သော်​ လယ်​သမားက အိုး​လေးကို ကြည့်​ပြီး ​ပြောလိုက်​တယ်​..."အားငယ်​မ​နေနဲ့..ငါတို့ဖြတ်​ခဲ့တဲ့လမ်းကို ကြည့်​လိုက်​ပါအုန်း "ဆိုပြီး ပြလိုက်​တဲ့အခါမှာ လမ်းတစ်​လမ်းလုံးတွင်​ ပန်းပင်​များ ၊မြက်​ခင်းစိမ်းများဖြင့်​ လှပ​နေသည်​ကို မြင်​​ရ​တော့သည်​၊..
ဒါ​ကြောင့်​ တစ်​ခါတစ်​ရံမှာ မိမိအားနည်းချက်​က အ​ကောင်းဆုံး​သောအရာများကို ဖြစ်​​စေနိုင်​ပါတယ်​၊...အားမငယ်​ပါနဲ့ .......


B612_20170807_071710.jpg

Written by yairthiha
@yairthiha
Myanmar

Sort:  

ကိုရဲသီဟ​ရေ သူငယ်​ချင်း​တွေလဲတွဲ​ခေါ်ဦး

အမ်​...ကျ​နော့်​သူငယ်​ချင်းလား ဘူ​တွေတုန်းဗျ....ခ်​ခ်

ကိုယ်ပေးသော်လည်း ပေးတိုင်း မတက်လာတာ အားနာပါတယ်..😃 ..ပို့တ်အတွက်ကတော့ ကောင်းပါတယ်လို့..

ဟုတ်​တယ်​...ကျ​နော်​လဲ​ပေးရင်​ မရဘူး...စိတ်​မ​ကောင်းဘူး

အခြားလူတွေလည် ကိုယ် voteလိုက်ရင် ရစေချင်တယ်

စွမ်းလှပါလား ဆြာတို့ရယ်

ဘာစွမ်းတာလဲ...မရှင်းမရှင်း​မ​ပြောနက်​သက်​လား...

အဲ့ဒီစွမ်းတာက ပြောဘူး ပြောဘူး

Thanks for your support

Congratulations @yairthiha! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published a post every day of the week
Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

good writing,a nice post!

ဟုတ် bro💪💪

we are united....

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 64876.28
ETH 2650.41
USDT 1.00
SBD 2.81