ရင်​ထဲက အလှများ..

in #myanmar9 years ago

download (10).jpg

မနက်​အလင်း မိုး​သောက်​ယံ အချိန်​ ဘုန်းကြီး​ကျောင်းမှ တုံး​ခေါက်​သံက နားထဲဝင်​လာတယ်​၊ ​နေ့စဉ်​ရက်​ဆက်​ အိပ်​မ​ပျော်​ခဲ့တာ တုံး​ခေါက်​သံ အကြိမ်​​ပေါင်းများစွာက သက်​​သေပါပဲ၊....

အလုပ်​မှ အိမ်​ ၊အိမ်​မှအလုပ်​ ​နေ့စဉ်​ ဖြစ်​​နေပြီး အသားကျ​နေပြီ​လေ......
တစ်​​နေ့​သောအခါက ရုံးကို အသစ်​​ရောက်​လာ​သော ​ကောင်​မ​လေးအား မြင်​မိကတည်းက အိပ်​မရခဲ့တာ ​ဆေးလိပ်​ပြာခံခွက်​လည်း ပြည့်​​နေပြီ...​တ​နေ့ တ​နေ့ သူဘာ​ကြောင့်​လှသလဲ သူ့ကို ဘာလို့​တွေးမိ​နေရင်း လူပျို​လေး တစ်​​ယောက်​ ရင်​ထဲက အင်​ဂျင်​စက်​ အလုပ်​လုပ်​​နေပြီ...

နာရီလက်​တံ​တွေရဲ့ အရှိန်​နဲ့ ရင်​ခုန်​သံ​တွေ စည်းချက်​ကျ​နေပြီ မိုး​သောက်​ယံက အလင်းတန်း​တွေလည်း ကြိုဆို​နေပြီ တ​နေ့တာ အလုပ်​စ​စို့​လေ..
ရုံးသွား​နေကြ ပုံစံအတိုင်း ပြင်​ဆင်​ရင်း လမ်းထိပ်​က ​ကော်​ဖီ ​သောက်​ဖို့ ထွက်​လာခဲ့သည်

ကြုံ​တောင့်​ကြုံခဲ ကျ​နော်​​ပြောခဲ့​သော ဝန်​ထမ်းအသစ်​​ကောင်​မ​လေး ​လည်း ​ကော်​ဖီလာ​သောက်​သည်
ငယ်​ငယ်​​လေးကတည်းက မိန်းခ​လေးများနဲ့အနီးကပ်​မ​နေဖူး​သော ကျ​နော်​ ခပ်​တည်​တည်​​နေရင်း မမြင်​ချင်​​ယောင်​ ​ဆောင်​​နေခဲ့သည်

သို့​ပေမယ့်​ မိန်းခ​လေးမှာ ကျ​နော့်​ကိုသိပုံရသည်​ "အကိုကြီး Breakfast လာစားတာလား" လို့ ​မေးခဲ့သည်
ရင်​ထဲက နှလုံးသားအ​ပေါ် ရနံ့ပက်​ဖျန်းသလို ​မွေးရနံ့​တွေ နဲ့ ကျ​နော်​ခဏတာ အသက်​ရှူ​မေ့သွားခဲ့သည်
စက္ကန့်​ပိုင်းမှာပဲ မိန်းခ​လေးအား "အင်း ဟုတ်​တယ်​ ညီမ "ဟု ခပ်​တည်​တည်​ပဲ​ပြောခဲ့သည်

အနည်းငယ်​ ရင်းနီးမှူ ရယုံမှ တပါး ဘာမှဆက်​မဖြစ်​ပဲ ခါတိုင်းကဲ့သို့ ရုံးသွားခဲ့သည်
ရုံး​ရောက်​​တော့....သူ့မျက်​နှာဆူပူပူ ကျ​နော့်​ကိုတစ်​ချက်​ကြည့်​ရင်း ပိုဆိုးသည့်​ပုံစံဖြစ်​ခဲ့သည်
ဘာကိစ္စ​ကြောင့်​ ဖြစ်​မှန်းမသိ​ပေမယ့်​ သိလိုစိတ်​ရဲ့ တိုက်​တွန်းမှူ​ကြောင့်​ ​မေးခဲ့သည်

"ညီမ​လေး ဘာဖြစ်​​နေတာလဲ" ထိုအချိန်​မှ မျက်​နှာပြုံးကာ "ဟီးဟီး ဘာမှမဖြစ်​ဘူး" ဆိုပီး ကျ​နော့်​ကို​နောက်​ခဲ့သည်​ စ​နောက်​တတ်​တဲ့သူ့ရဲ့စိတ်​​လေးရယ်​ ပြုံးလိုက်​ရင်​ အပြစ်​ကင်းစင်​တဲ့ ချိုမြိန်​တဲ့အပြုံး​တွေက ကျ​နော့်​နှလုံးသားကို ချူပ်​​နှောင်​ထားခဲ့သည်​............

စက်​နိုးလိုက်​​သော အင်​ဂျင်​တစ်​လုံးကဲ့သို့ Heat တက်​​လာ​သော ကျ​နော့်​နှလုံးသားကို ကျ​နော်​ မထိန်းချူပ်​နိုင်​​လောက်​​အောင်​ သူမ ကို ကျ​နော်​ဆွဲညှိ ​နေပြီလား...?

နောက်​တစ်​​နေ့မနက်​ သူသွား​နေကြ၊ လာ​နေကြ လမ်းမှာ ဘာမှန်းမသိ အ​ကြောင်းမရှိ ခဏ​စောင့်​​နေမိတဲ့အထိ ကျ​နော်​ဆွဲညှိ​နေမိသည်
သူသွားရာလမ်းက​လေးမှာ ​ခြေရာ​လေး​တွေကအစ လှ​နေခဲ့တယ်
ရုံးမှာလည်း ​ယောက်ျား​လေးဆို ကျ​နော်​ရယ်​ ဦး​လေးကြီးတစ်​​ယောက်​ရယ်​ နှစ်​​ယောက်​ပဲ ရှိ​တော့ သူ့မျက်​နှာကို ​ပေါ်တင်​မကြည့်​ရဲ ၊ မရဲတရဲ ခိုးခိုးကြည့်​​နေမိတယ်

တ​နေ့ ​တ​နေ့ သူမ နဲ့ နီးစပ်​ဖို့အတွက်​ ​ကျ​နော်​စဉ်းစားလိုက်​တာ တ​နေ့ကို 25နာရီ ကုန်​သ​လောက်​ပါပဲ.....
သူ့အတွက်​ဆို ဓူဝံကြယ်​ကို​တောင်​ ခူးဆွတ်​ ​ပေးချင်​မိတာ ကျ​နော်​တစ်​​ယောက်​ပဲ ရှိမယ်​ထင်​တယ်

images (6).jpg

တ​နေ့မှာ မိုးရာသီ ​မှောင်​မဲ​နေ​သော တိမ်​တိုက်​​တွေနဲ့အတူ ရုံးဆင်းချိန်​မှာ သူနဲ့ကျ​နော်​ နှစ်​​ယောက်​တည်း တစ်​လမ်းတည်းမဟုတ်​​ပေမယ့်​ နီး​နေ​တော့အတူပြန်​ရမယ့်​ ကံ ပါလာခဲ့သည်​.....
မိုးချိန်းသံ​ကြောင့်​ ​ကြောက်​လန့်​ရင်း ကျ​နော့်​လက်​​မောင်းကိုအတင်းဆွဲထားတဲ့ သူ့မျက်​နှာ​လေး ကျ​နော်​ရင်​ထဲ Paste လုပ်​လိုက်​မိပြီဗျာ....
မိုးချိန်းသံကို ကျ​နော်​မသိစိတ်​ထဲက ​ကျေးဇူးတင်​​နေမိတယ်
မိုးစိုစိုနဲ့ သူ့အဝတ်​အစား​တွေ တအားချမ်း​နေ​တော့ ကျ​နော့်​ဂျာကင်​ ​လေးကို အ​ပေါ်ထပ်​ ကိုယ်​တိုင်​ဝတ်​​ပေးရင်း ရှက်​​နေတဲ့ သူ့အပြုံး​တွေကို ကျ​နော်​အရှူံး​ပေးခဲ့မိပြီ...

အာ့လိုဖြစ်​မိတာ အပြစ်​ရှိလားဗျာ...

ဆက်​ရန်​လာမည်​......ဟီးဟီး

B612_20170608_153232.jpg
Written by yairthiha
Credit to google images

Sort:  

အပိုင်းဆက်လေးစောင့်နေမည်

ဟုတ်​ ​ကျေးဇူးပါပဲ

အလွမ်း​တော့ခံစားမိပါတယ်​ ။

ဟီးဟီး နည်းနည်းခံစားမိရင်​ ​ကျေနပ်​ပါတယ်

အော် တနားထှာဟယ်အဲ့လောက်ကြီးဖြစ်ရလေဒယ်လို့

ဟိဟိ...ဓူဝံကြယ်​ ခူး​ပေးပါ 😝

အော် အော် အလုပ် ဝင်လို့အလုပ်အကြောင်းများလားမှတ်ပါတယ် ဆက်ရေးတော့ပါဘူး

အော် အော် အလုပ် ဝင်လို့အလုပ်အကြောင်းများလားမှတ်ပါတယ် ဆက်ရေးတော့ပါဘူး

အလုပ်​​ရော ​ကောင်း​ကောင်းလုပ်​လား

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 61409.26
ETH 1609.40
USDT 1.00
SBD 0.47