Treasure......တန်​ဖိုးထားတတ်​ပါ​စေ.....

in #steemit7 years ago (edited)

One day,I went to hospital deal with my work.

I was regretted and felt sorry because I saw many patients who were inffliction .
We don't care our apparatus.
We have good and better apparatus for working,eating,something like that.
But we don't care our good apparatus ....
If we took accidents like cars accident,our apparatus would be destroyed.. ......
At that time,we will sorry for lost...
Everyone should care apparatus for living ......
....=========================
Humans are value as many things are valuable.. .....
If a person was added to a family,we don't care....
But if a person left from a family,we will know the value of that person.

Every Human Beings should know the value of a human ....
But now , we knew a value of a human when that human was death.................

Care....and treasure........

B612_20170712_162528.jpg
အလုပ်​ကိစ္စနဲ့ ပက်​သက်​ပြီး ​တိုင်း​ဆေးရုံကို ​ကျ​နော်​​ရောက်​ရှိခဲ့တယ်​.......

ကျ​နော်​ အ​တော်​ကို စိတ်​မ​ကောင်း ဖြစ်​ခဲ့ရတယ်​ဗျာ အ​တော်​လည်း သံ​ဝေဂ ရမိတယ်
ခြေ​ထောက်​ကျိုးလို့ ပင်​ပန်းစွာလမ်း​လျှောက်​​နေသူ​တွေ ၊ နာကျင်လို့​အော်​ဟစ်​​နေကြတဲ့လူ​တွေ ၊ ခန့်​အပ်​ထားတဲ့ ဝန်​ထမ်း​တွေ ၊ ပရဟိတ အဖွဲ့​တွေ နဲ့တကွ ​ဆေးရုံမှာ ရှိတဲ့ အနံ့အသက်​ကို ရှူရှိုက်​ရင်း ကျ​နော်​တစ်​ခု ​တွေးမိတယ်​......

ကျ​နော်​တို့ဟာ ပကတိ ​ကောင်း​နေတဲ့ အင်္ဂါ အစိတ်​အပိုင်း​တွေ ရှိ​နေကြတဲ့အချိန်​မှာ တန်​ဖိုးမထားကြဘူးဗျ...ကျိုးမှ ပျက်​စီးမှ တန်​ဖိုးနားလည်​ကြတယ်​ ....
ဆရာကြီးတစ်​​ဦးရဲ့ စာသားလို​ပေါ့.....
" ဖြစ်​လာရ​လေ တို့တစ်​​တွေသည်
သေ​သော်​မှသိ ​အော်​​ကောင်း၏..."
အာ့စာသား သွားအမှတ်​ရတယ်​ဗျာ....
...ကျ​နော်​တို့လူသားတိုင်းဟာ ကိုယ့်​မှာရှိ​နေကြတဲ့အရာ​တွေကို တန်​ဖိုး မထားတတ်​ကြပါဘူး ....
ကျ​နော်​တို့မှာ မြင်​နိုင်​တဲ့ မျက်​လုံးတစ်​စုံ ရှိတယ်​......
ကျ​နော်​တို့မှာ အရာဝတ္ထုစသည့်​ ​ရွေ့​ပြောင်း​ပေးနိုင်​တဲ့လက်​ တစ်​စုံရှိတယ်​ လိုရာခရီးသွားနိုင်​တဲ့ ​ခြေ​ထောက်​တစ်​စုံ ရှိတယ်​၊ ကျ​နော်​တို့မှာ ရှိ​နေတဲ့ အင်္ဂါ အစုံအလင်​​​တွေကို တန်​ဖိုးထားကြပါ....

ဆိုင်​ကယ်​၊ ကား ​မောင်းကြရင်​ သတိထား ဂရုစိုက်​​မောင်းကြပါ.....
ဖြစ်​ခါမှ ငါ့လက်​၊ငါ့​ခြေ ၊ ငါ့မျက်​နှာ ဖြစ်​သွားပြီ ပျက်​သွားပြီ​ပြောလဲ အလကားပါပဲ....

တန်​ဖိုးထားကြပါ.....
အသက်​​သေဆုံးကာမှ ​အော်​နှ​မြောလိုက်​တာ ဆိုပြီး ငို​နေလို့လဲအပိုပဲ.....
တန်​ဖိုးထားကြပါ.....
လူတစ်​​ယောက်​ရဲ့ တန်​ဖိုးဟာလည်း အတူတူပါပဲ.......

မိသားစုတစ်​ခုမှာ လူတစ်​​ယောက်​တိုးလာတာသာ မသိသာ​ပေမယ့်​ လူတစ်​​ယောက်​​လျော့သွားရင်​ ထိုသူလုပ်​ခဲ့​သော ​နေရာများတွင်​ လစ်​ဟာမှူ ရှိခဲ့မည်​​လော.....

ဒါ​ကြောင့်​ လူတိုင်းဟာ တန်​ဖိုးထားတတ်​ကြပါ လို့ ကျ​နော်​အကြံ​ပေးချင်​ပါတယ်​....

yairthiha

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 59456.51
ETH 2300.03
USDT 1.00
SBD 2.48