ငါတို့​ပြောင်းလဲမှ ရနိုင်​မယ်​.......WE MUST CHANGE...

in #myanmar7 years ago

ကျ​နော်​တို့ စာသင်​ခန်း​တွေထဲမှာ ဖြစ်​​နေတဲ့ အဖြစ်​အပျက်​​တွေအ​ကြောင်း ကျ​နော်​​ပြောပြမယ်​ ၊ တခြားနိုင်​ငံကလို ခုံ​တွေ မရှိဘူး မပြည့်​စုံဘူး မူကြို or သူငယ်​တန်းက​နေ စပြီး ဆယ်​တန်း ,တက္ကသိုလ်​ ထိ ကျ​နော်​တို့အတွက်​ စာသင်​ခုံဆိုတာ သမားရိုးကျပုံစံ ဖြစ်​​နေပြီ Traditional လို ဖြစ်​​နေပြီဗျာ...
28ae5ec.jpg
အရည်​အချင်း စစ်​တဲ့အခါမှ ခုံမှာ လူခြားပြီး​ဖြေဆို စစ်​​ဆေးကြတယ်​ တခြားနိုင်​ငံနဲ့ နှိုင်းယှဉ်​ရင်​ အကွာကြီးပါဗျာ ..ကျ​နော်​တို့နိုင်​ငံ မှာ ရှိတဲ့ ဆရာ ဆရာမ ​ကျောင်းသား ​ကျောင်းသူ တို့ဟာ ပုံစံခွက်​ထဲက ဘဝ ​တွေ ဖြစ်​​နေကြရတယ်​ ဘာလို့လဲ ဘာ​ကြောင့်​လဲ
ကျ​နော်​တို့​ကျောင်းသား​တွေဟာလဲ လိုအပ်​ချက်​​တွေ ရှိ​နေကြပါတယ်​ ဥပမာ ကိုယ်​တိုင်​​လေ့လာတာမျိုး Selfstudy ​ပေါ့ဗျာ မလုပ်​ကြပါဘူး အနည်းနဲ့အများ အ​ယောက်​ တစ်​ရာမှာ ၃,၄ ​ယောက်​ပဲ ရှိကြတယ်​ ။ဒါ​ကြောင့်​ ကျ​နော်​တို့ဘက်​က လုပ်​နိုင်​တဲ့ အ​ခြေအ​နေ ဖြစ်​တဲ့ ကိုယ်​ပိုင်​​လေ့လာမှူမှာ အားနည်း​နေကြတယ်​ သမိုင်းနဲ့​ကျောင်းပြီးတဲ့​ကျောင်းသား တစ်​​ယောက်​က သမိုင်းအ​ကြောင်းအကုန်​သိမယ်​ မထင်​ပါနဲ့ ၊ physic ရူပ​​ဗေဒ နြဲ​ကျောင်းပြီးတဲ့ သူ တစ်​​ယောက်​ကလဲ အကုန်​တတ်​တယ်​ မထင်​ပါနဲ့ ...

ဆရာဆရာမ​တွေ ဘက်​က လိုအပ်​ချက်​က ​ကျောင်းသား/သူ ​တွေကို အတင်းအကျပ်​ မခိုင်း​စေ ဘဲ အဆင့်​မြင့်​တဲ့ သင်​ကြားစနစ်​ ​ပြောင်းသင့်​ပါတယ်​ ဒါကလဲ နိုင်​ငံမတိုးတက်​​တော့ မလုပ်​နိုင်​တဲ့ အ​ခြေအ​နေ​တွေလည်း ရှိပါတယ်​ ဘာလို့လဲဆို​တော့ ကျ​နော်​ဟာ အင်္ဂလိပ်​စာ​ကျောင်းသားတစ်​​ယောက်​ပါ ကျ​နော်​တို့စာသင်​ချိန်​ထဲမှာ Listening Skill တက်​​မြောက်​ဖို့အတွက်​ နားကျပ်​​တွေ ကွန်​ပျူတာ​တွေ ပရိုဂျက်​တာ​တွေ လိုအပ်​တယ်​ Presentation လုပ်​ငန်းမှာလဲ တစ်​ဖက်​က​ပြောစကားကို နား​ထောင်​ ဘာသာပြန်​ဖို့ မိန့်​ခွန်း​ပြောဖို့အတွက်​ ပစ္စည်း ​တွေ လိုအပ်​ပါတယ်​ ထိုအရာ​တွေ မပြည့်​စုံ​တော့ ကျ​နော်​တို့မှာ listening skill အပါအဝင်​ တခြားအရာ​တွေ​ကော ​ပေါ့ဗျာ အကုန်​ လိုအပ်​ရပါတယ်​ ဒါဟာဘာ​ကြောင့်​လဲ နိုင်​ငံက မတတ်​နိုင်​လို့လား .......
တစ်​ခါတစ်​ခါ စိတ်​ကူးမိတယ်​ နိုင်​ငံခြားကို​တောင်​ တခါတခါ အားကျမိတယ်​ ဒါ​ပေမယ့်​ရင်​ထဲက မျိုးချစ်​စိတ်​က မ​ပျောက်​ဘူး မြန်​မာနိုင်​ငံဟာ ငါ့နိုင်​ငံ တိုးတက်​​စေချင်​တယ်​ ဘာလုပ်​ရမလဲ တိုးတက်​​အောင်​ ငါကြိုးစားရမယ်​ တစ်​ဦးတစ်​​ယောက်​တည်း မရနိုင်​ဘူး အများနဲ့ကြိုးစားသင့်​တယ်​ ကျ​နော်​တို့လွန်​ခဲ့တဲ့ နှစ်​​ပေါင်းများစွာက ခိုင်​မြဲခဲ့တဲ့ သမားရိုးကျ ပုံစံခွက်​ထဲက ဘဝကို ပြန်​လှန်​သင့်​ပီ
တိုးတက်​မှူ ​နှေးရတာ ဒါ​တွေဟာ ပါဝင်​ပါတယ်​...
တစ်​ဦးတစ်​​ယောက်​ချင်းရဲ့ အရည်းအချင်းလဲ တိုးတက်​လာလိမ့်​မယ်​ဆိုတာ ကျ​နော်​အာမခံတယ်​ ...အခုအ​ခြေအ​နေက စာ​မေးပွဲဆိုတဲ့ exam ချိန်​မှ ခုံ​တွေ ခွဲခြားပြီး ​ဖြေကြ ​ကျောင်းသား​တွေကို လူခြားပြီး ​ဖြေကြတယ်​......ဒီ​တော့ စာ​မေးပွဲကလွဲရင်​ တခြားစိတ်​မဝင်​စားကြ​တော့ဘူး........

နံပါတ်​ 1 ..စာသင်​ခန်း​တွေထဲမှာ ထိုင်​ခုံ တစ်​ခုံ တစ်​​ယောက်​ ဖြစ်​​စေချင်​တယ်

နံပါတ်​ 2..ဆရာနဲ့​ကျောင်းသား ဆိုတာ ​အပြန်​အလှန်​ ​မေးခွန်းထုတ်​ပြီး အ​ဖြေ​တွေ ဖလှယ်​ အသိပညာ​တွေ ဖလှယ်​ ကြရတာပါ ဒီဆရာသင်​တာပဲ မှန်​တယ်​ ​ကျောင်းသား​တွေ​ပြောရင်​ မှားတာ မဟုတ်​ပါဘူး ဆရာ​တွေလည်း မှား​နေတာ ရှိသလို မသိ​တာ​တွေလည်း ရှိနိုင်​ပါတယ်​ ကျ​နော်​တို့​ကျောင်းသား​တွေမှာလဲ အရည်​အချင်း ရှိကြပါတယ်​ မသုံးတတ်​တာပါ ကျ​နော်​တို့​ကျောင်း​တွေကို ဟိုးအရင်​ကတည်းက အုတ်​မြစ်​တစ်​ခုလို ပုံစံချခဲ့တဲ့ လူ​တွေကို ကျ​နော်​အရမ်းစိတ်​တိုမိတယ်​ သူတို့​ကြောင့်​ ကျ​နော်​တို့ငယ်​ရွယ်​တဲ့လူ​တွေ ဒီလိုဘဝ ဖြစ်​​နေရတာဗျ ...

ဒီ​တော့ ​ခေတ်​သစ်​ မှာ သူများနိုင်​ငံ​တွေနဲ့ ရင်​​ဘောင်​တန်းနိုင်​​အောင်​ ကြိုးစားရမယ်​..
ပြုပြင်​ရမယ်​ဗျ.....
ကျ​နော်​တို့မပြုပြင်​ရင်​​နောက်​နှစ်​​ပေါင်းများစွာလည်း ဒီပုံစံကြီး ဖြစ်​​နေမှာပဲ.... ....
ကျ​နော်​တို့နိုင်​ငံ ကလူ​တွေဟာ အလဟာသ အ​ရေးမပါတာ​တွေပဲ စိတ်​ဝင်​စား​နေကြတယ်​.......
Facebook ဆိုတဲ့လူမှူ ကွန်​ယက်​​ပေါ်မှာ အ​တော်​အများက အလဟာသ အချိန်​ဖြုန်း​နေကြတာ များတယ်​ ......
အာ့လိုအချိန်​ဖြုန်းမယ့်​အစား ကျ​နော်​တို့ တတ်​နိုင်​တဲ့ တစ်​​ထောင့်​တစ်​​နေရာက​နေ တစ်​ခုချင်း ​ပြောင်းလဲ သင့်​ပါပြီ......

ကျ​နော်​တို့နိုင်​ငံ တိုးတက်​ဖို့အတွက်
ကျ​နော်​တို့မှာ တာဝန်​ရှိတယ်​​နော်​............

yairthiha
FB_IMG_1499614383254.jpg

Sort:  

တော်တယ်ဟေ့ဘရို

very good post,.... keet it up

Thanks for your support

အရန်းကိုမှ အကိုပြောသလို ပညာရေးစနစ်ကြီးတိုးတက်စေချင်ပါတယ်ဗျာ တစ်ခုဘဲ ပြောင်းလဲတယ်ဆိုပြီးပိုဆိုးသွားမှာဘဲကြောက်ပါတယ် update ထွက်လေ error ပိုများလေမဖြစ်ဖို့ဘဲ လိုအပ်ပါတယ်ဗျာ

ဟုတ်​တယ်​ဗျာ...ကျ​နော်​ဖြစ်​​စေချင်​တဲ့ရင်​ထဲကအ​ကြောင်း ​ရေးထားတာပါ

အများစုကို သဘောတူပါတယ်။တစ်ချက်ပဲ။ Facebook ကို အကျိုးရှိရှိ သုံးစွဲလို့ရပါတယ်။ အသုံးပြုတဲ့သူရဲ့ အသုံးပြုတဲ့ ရည်ရွယ်ချက်ပေါ်မှာ မူတည်ပါတယ်။ fb သုံးတိုင်း အချိန်ဖြုန်းနေတယ်လို့ ယူဆလို့မရပါ။

Omm အကို​ရေ...အ​တော်​အများထဲမှာ ​ကျောင်းသားအများစုဖြစ်​​နေတယ်​.....😭😭

တကယ်​​ကောင်းတဲ့ post

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58058.49
ETH 2284.09
USDT 1.00
SBD 2.51