Life is a game....
ဒီနေ့ဒီစာ ဒီအချိန်တွင် ကျနော်ရေးပါတယ်၊
နာရီတစ်ချက်ကြည့်တော့ မနက်၆နာရီ၊ မိုးတွေကလည်း မဲလို့သဲကာ မဲဇာတောင်သို့အလည်တခေါက် ရောက်နေသကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်နေတယ်၊ စာရေးသူကျနော်လည်း မိုးအေးအေးနဲ့ဂျိုးကွေးကွေးနေတယ်၊ အသက်ရှင်နေကြတဲ့လူတိုင်းလူတိုင်း ရင်ထဲတွင် အချစ်မေတ္တာကိန်းအောင်းလျက် ရှိကြပါတယ်၊ အမျိုးမျိုး ပေါ့ သို့ပေမယ့် စာရေးသူကျနော့်ရင်ထဲမှာတော့ မိုးကအေး၊အတွေးတခု ထွက်လာခဲ့တယ်.......
ကျနော်တို့တွေ၊လူငယ်တွေဆော့နေကြတဲ့ Game ဆိုတဲ့အရာကြီးသည် အခြားဖက်ကကြည့်ရင် ဘဝ life နဲ့တူနေသည်၊ Game မှာ level ဆိုတဲ့အဆင့်ပေါင်းများစွာပါသကဲ့သို့ ကျနော်တို့ဘဝမှာလည်း အချိုးအကွေ့ ၊ အဆင့်ဆင့်ရှိနေပေတယ်၊ ကျနော်တို့ဆော့နေကြ Game တွေမှာ level ရှိတယ်၊ level တခုတက်ဖို့ ကျနော်တို့အာရုံစိုက်ဆော့ရသလိုပဲ ကျနော်တို့ဘဝမှာလည်း level အဆင့်မြင့်ဖို့ အခက်အခဲ၊အကျပ်အတည်းများကို ကျော်ဖြတ်ကာမှ level အောင်မည်ဖြစ်တယ်၊ သို့ပေမယ့် မကျော်ဖြတ်ပဲ ဒီအဆင့်level မှာပဲ လက်လျော့အရှူံးပေးနေလျှင် နောက်ထပ်ကောင်းသော၊အဆင့်ကို ရောက်နိုင်မည်မဟုတ်ပေ၊ ဒါကြောင့် အားမလျော့ပဲ စဉ်းစားတွေးခေါ်ကာ level မြင့်သောနေရာများကိုတက်လှမ်းပါ၊ ကျနော်တို့ရဲ့အားနည်းချက်မှာ ပျင်းရိခြင်း၊အလွယ်တကူအားလျော့ခြင်း ဖြစ်တယ်၊ အားနည်းချက်ကိုဖြည့်ဆည်းကြတဲ့ လူ အတော်နည်းပါတယ်၊ ငါ့မှာအားနည်းချက်ရှိတယ်ဆိုပြီး လက်လျော့သွားကြတာ များပါတယ်၊ ကျနော်တို့ဆော့နေတဲ့Game မှာ အဆင့်မတက်နိုင်လို့ ဒီနေရာပဲရပ်နေရင် နောက်အဆင့်မှာ ဖြစ်မယ့်ပျက်မယ့်ကိစ္စအဝဝကို မသိနိုင်၊ ထိုနည်းတူစွာ ကျနော်တို့ဘဝမှာလည်း အရှူံးမပေးပဲ ကြိုးစားရင်း နောက်ထပ် ကောင်းမွန်သောကိစ္စအဝဝကို လက်တွေ့ခံစားပါ၊ မိမိကိုယ်မိမိ အားပေးပါ၊ အားနည်ချက်ကို ဖြည့်ဆည်းပါ၊...
Life is a Game
Gameထဲမှာရင်ဆိုင်ယှဉ်ပြိုင်ရင်းနဲ့ levelတက်သွားလျှင် ခက်သထက် ခက်လာပါတယ်၊...ဘဝမှာလည်း နောက်ထပ်တွေ့ကြုံလာမယ့်အရာတွေဟာ ခက်ခဲနက်နဲပါတယ် ဒါကြောင့် ရင်ဆိုင်ဖြေရှင်းဖို့ အားအင်အပြည့်ရှိပါစေ...
လူတိုင်း တနေ့သေကြရမှာပဲ...မသေခင် ရင်ဆိုင်ယှဉ်ပြိုင်ရမှာ သဘာဝပါ၊...ဒါကြောင့် ရင်ဆိုင်ယှဉ်ပြိုင်ရာမှာ ဇွဲရှိရှိနဲ့ကြိုးစားပါမှ ကျော်ဖြတ်နိုင်မည်ဖြစ်ပေတယ်၊
Crd ; google images
written by yairthiha
Steemit myanmar
Good post
Thanks
nice post
Thanks
level မြှင့်ဖို့ ကြိုးစားစို့...
ဒါပဲလေ...
good post, it is true..