ခရီး တခုမှ Virus....
ခရီးတခုမှ Virus
ရွာရိုးကိုးပေါက် လျှောက်သွားဆဲ နေမြဲဖြစ်တဲ့ ကိုဖိုးတာ တို့အဖွဲ့သည် ရွာတွင် ကာလသားခေါင်းဆောင်များ ဖြစ်ကြသည်၊
ကျွန်တော်တို့မြန်မာနိုင်ငံ၏ အဝေး တနေရာ ရွာတွင် နေထိုင်ခဲ့စဉ်တုန်းက ကျနော်နေထိုင်ခဲ့စဉ် အခက်အခဲအကျပ်အတည်းတွေကို စတင် တွေ့ရှိခဲ့ရတယ် အညာဒေသမှာ ကျင်လည်လာခဲ့သော ကျနော် နယ်ဝေးရောက်မှ ဒုက္ခ လှလှ တွေ့ခဲ့ပြီ ...
အေးခဲနေတဲ့ ရေတွေကို ကျနော် မခုခံနိုင်ပဲ ပထမဆုံး ရေချိုးသည့်အခါ နောက်တနေ့ ကျနော်ဖျားခဲ့သည်၊ ဆေးဝါးကောင်းကောင်း မရှိပေမယ့် ကုထုံးနဲ့ ကျနော်သက်သာပျောက်ကင်းခဲ့ပါသည်၊ အဝေးတစ်နေရာတွင် နေအိမ် တဲစုတ်လေး မှာနေထိုင်တဲ့ အဖိုးအို နဲ့ အဖွားအို ရှိသည်၊ ကျနော်သည် ဧည့်သည် ဖြစ်သော်လည်း လူရင်းကဲ့သို့ ကျနော့်ကို ဆက်ဆံရင်း ကျနော် ပျော်အောင် ထားခဲ့ကြသည်၊
ထိုနေ့တွေသည် ကျနော်ရင်ထဲက အလှတရား ထဲတွင် အပါအဝင်ဖြစ်သည်၊ ကျနော်သည် ဧည့်သည် ပီပီိ ဘယ်အရာမှ မလုပ်ရဲ ၊ မဝံ့ရဲ ကျနော်ဘာသာ ကျနော် နေခဲ့ရသည်၊ တစ်ပတ်လောက်အကြာမှာ ကျနော် နဲ့ရွာ ရင်းနီးလာသည်၊ မောင်ဖိုးတာတို့နှင့်အတူ ကျနော် ရွာကို လည်ပတ်ရင်း ထန်းရည်သောက်ခဲ့သော နေ့သည်လည်း ကျနော့်အတွက် ပျော်ခဲ့ရသည်၊...
အဝေးတနေရာမှာ ရှိတဲ့ မိဘ တွေကို လွမ်းပေမယ့် ခရီးသွားရတာ ဝါသနာပါသော ကျနော့်အတွက် ကျနော် ကြံ့ကြံ့ခံရင်း ရှူခင်း အလှတွေကို ခံစားရင်း ကျနော်နှလုံးသားထဲတွင် ဝင်ရောက်ခဲ့သော ရွာတစ်ရွာ သည် ဤရွာပင် ဖြစ်သည်၊ လူနေမထူထပ်ပေမယ့် ချောချောလှလှလေးတွေ ရှိတဲ့အရပ်ဆိုတော့ ကျနော်ပျော်ပါသည်...
မယ်မဒီလို ဖြူဝင်းတဲ့အသားအရေ နှင့်အတူ ပြုံးလိုက်ရင် ပါးချိုင့်လေးနက် သူမ ကို ကျနော်သဘောကျမိသည်၊ သူမ လည်း သိသည်၊
အေးခဲ့သော ရာသီကို အံတု ပြီး သူမ နေအိမ်ဘက်ကို ငေးရင်း ချောင်းထဲ ပြုတ်ကျခဲ့သည့်အဖြစ်ကြောင့် သူမ ကျနော့်ကို သိသွားခဲ့သည်၊
မည်သို့ပင်ဆိုစေကာမူ ကျနော့်အတွက် သူမကို ချစ်မိတဲ့အချစ်ဟာ အေးခဲနေတဲ့ရာသီဥတုကို အံတုခဲ့တာ မှန်နေခဲ့ပြီ....
လူလစ်တုန်း ကျနော်ဖွင့်ပြောမည် လုပ်ရင်း ကျနော်မပြောခင် ကျနော့်ကို သူမ ပြောသည်၊...
"အကိုလေး ညီမလေးကို ကြိုက်နာလား"
တဲ့ဗျာ.....ဘယ်ပြောကောင်းမလဲ
မူးယစ်ဆေးမှာ မယစ်မူးဖူး ပေမယ့် သူမအလှမှာ ယစ်မူးခဲ့တာကတော့ မူးယစ်ဆေးဝါးထက် ဆိုးပါတယ်....
တိမ်တွေကင်းစင်တဲ့နေ့ ကျနော့်ရင်ထဲ သူမ မျက်နှာကို မြင်ယောင်ရင်း ထမင်းစားဖို့တောင် မေ့ခဲ့သူ ကျနော်ပါ.....
တိမ်တွေ ထူထပ်သောနေ့တွင်လည်း အလွမ်းငွေ့တွေ တဝေဝေ ဖြစ်ကာ ကျနော်မှာ သူမ နေကောကောင်းရဲ့လား ဆိုတဲ့ Virus ကူးစက်ခဲ့ပြီ...
ရာသီကြောင့် ဖျားခဲ့သော အဖျားက ပျောက်ပေမယ့် သူမကြောင့် ကူးစက်ခဲ့သော Virus ကတော့ အလွယ်တကူ မပျောက်သေးပေ၊..
ရင်ထဲမှာ ခံစားချက်တွေကို ဖွင့်ပြောရင် သူမ
စိတ်မကောင်း လေမလား ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ကျနော် မပြောရဲခဲ့ တစ်ယောက်တည်းသာ ကျိတ်နေခဲ့ရသည်.......
ဆက်ရန် ရှိသေးသည်..
written by yairthiha
MSC -003
Credit to google images
အဲဒီvirusကကြောက်ဖို့ကောင်းမယ်နော်
ဟဲဟဲ...သိဘူးလေ
@alchemage has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.
Already
ကောင်းမလေးဆိုလား
ဘာလား ဟဲဟဲ
ဖွင့်သာပြောလိုက်ပါကွာ
ပြောမှသူကသိနိုင်မယ်
ပြောရင်စိတ်မဆိုးနိုင်ပါဘူး
ဖွင့်မပြောရင်သာ ယောကျာ်းမဟုတ်တဲ့
လူလို့ရာဇဝင်ကျန်နေရစ်ခဲ့မယ်
virus
အဲ့ဒီပိုးက သူကုသပေးမှဖြစ်မှာ
မြန်မြန်သာဖွင့်ပြောလိုက်ပါတော့ကွာ
ပြောမှာ...ပြောမှာ
ဆက်နိုင်သူတွေ ဆက်ကြပါ ဆက်ကြပါ ဒါနဲ့ ဖိုးတာဆိုတာ နိ ကွီးအတာဥကို ပြောတာလားဟင်
ဆက်မှာ ဆက်မှာ....ကိုအတာ ဟုပါဘူးဟ
Good
ဆက်ဖတ်ဖို့စောင့်နေမယ်နော့
ဟုတ် မကြီး....ရှဲရှဲ
Virus ဆိုတာက ဆေးမလွယ် ဘူး ၊သတိထား
အာဟ..ဟုပါပီဗျ
virus
အင်း virus ဟဲဟဲ
virus dept
Thanks for ur comment....Thar Gyi
virus ဆိုတာ ကုသနိုင်ဖို့လိုတယ်နော်
ဟဲ ဟဲ ဟုတ်တယ်နော်....
ဆက်စေဗျား virus လည်းပျောက်ပါစေဗျား
ပျောက်မှာလား...ဆက် ကိုက်နေမှာလား...ဟဲဟဲ