Just a story
ဖုတ်ဝင်သည်အဘွားအို
........................................
🐼 မောင်ပန်ဒါ်🐼
ကျွန်တော်တို့ရဲ့ ရွာမှာ ရွာဦးဘုရားပွဲဆိုအတော်လေးစီတယ်ဗျ..
အခုလည်းကျွန်တော်တို့လူငယ်တွေ ဒီဘုရားပွဲကိစ္စနဲ့ဘဲ အလှုပ်တွေရှုပ်နေတာပေါ့
ဘုရားပွဲအတွက်ပြင်ဆင်စရာရှိတာလေးတြွေပင်ဆင်နေရတယ်လေ
ပွဲရုံ ဆောက်တဲ့သူကဆောက်၊ မီးမောင်း ဆင်တဲ့လူကဆင်...
ပြဇာတ်တိုက်တဲ့လူကတိုက် ၊အို အလုပ်ကိုရှုပ်နေတာဘဲ..
ကျွန်တော်တို့ လည်းဘုရားပွဲမ စခင် လယ်ထဲဆင်း ပဲခူး နှမ်းခူးဘဲလုပ်နေရတာ
ဟော.. အဲ့တာတွေလုပ်လို့ပြီး တော့လည်း၊နားရမလားဆိုတော့ မနားရသေးဘူးလေ..
ဘုရားပွဲ အတွက် အလုပ်တွေလုပ်ရသေးတယ်.
ဘုရားပွဲ အတွက်က ငါးရက်လောက် ကြိုပြင်ဆင်ထားပြီးလုပ်ထားရတာဗျ
ဒါမှလည်းဘုရားပွဲအမှီ အဆင်သင့်ဖြစ်နေမှာလေ..
ပြင်ဆင်ပြီးရင်တော့ဘုရားပွဲ စပြီပေါ့ဗျာ..
ဒီလိုဘုရားပွဲစလို့ကတော့..
မပြောချင်ပါဘူးဗျာ..၊ လူတေက အတော်များတာ.. ပွဲခင်းထဲမှာဆိုဖုန်တထောင်းထောင်းနဲ့ လူတေမှကြိတ်ကြိတ်ကိုတိုးနေတာဘဲ..
အဲ့လိုအချိန်မျိုးဆို အနားကရွာတွေမပြောနဲ့ ဟိုးနယ်က လူကြီးတွေပါ လာကြတာလေ..
လူကြီးတွေက ငယ်ကျွမ်း ငယ်ဖော် တွေပြန်တွေ့ကြတော့ ရှေးဟောင်းနောက်ဖြစ် တွေပြောနေကြတာပေါ့..
လဖက်ရည် ဆိုင်တို့ အကြော်ဆိုင်တို့မှာ သူ့ဝိုင်း ကို့ဝိုင်းတစ်ဝိုင်းဆီ ဖျာကြီးခင်းပြီးထိုင်နေပြီး ပြောနေကြတယ်..
ကျွန်တော်တို့ကတော့ အဘ ကောင်းတို့ဝိုင်းမှာဝင်ပြီး သူတို့ပြောတာနားထောင်တာပေါ့ဗျာ..
ဒီလိုနဲ့ စကားက အဲ့မှာစတာဗျ...
အဘစိန် ဆိုတဲ့ သူကစပြောတယ်..
အဘနာမည်ကတော့ စိန်သောင်း တဲ့ အဘစိန်လို့ဘဲခေါ်ကြတာ
အဘစိန်က အရပ်ကပုပု၊ဲ့ နှုတ်ခမ်းမွှေးကားကားကြီးနဲ့ လူကြီး။
" ငါငယ်ငယ်တုန်းက ကြုံဖူးတယ်
ဖုတ်ဝင်တယ်ဆိုလားကွာ''
"ဟ မင်းဟာကလည်းဘာဖုတ်ဝင်တာလည်းဟ''လို့
အဘ ကောင်းကထပြောပြန်တယ်..
" ဒီလိုကွ..
ငါတို့ရွာမှာအရင်တုန်း အသက်၈၀လောက်ရှိတဲ့အဖွား ကြီးတစ်ယောက်ရှိတယ်၊ အဲ့တုန်းကငါက ကျောင်းနေအရွယ် ဆယ်ကျော်သက်ဘဲရှိသေးတယ်..၊ အဲ့မှာကွာ ငါကြိုက်နေတဲ့ လှလှရဲ့အဖွားက အိမ်ပေါ်ကနေအိမ်အောက်အဆင်း လှေကားထစ်ပေါ်ကနေခြေချော်ကျတယ်တဲ့..
အဲ့မှာသတိလစ်သွားတာကွ..ခေါင်းကွဲ၊ ခြေကျိုးလည်းဖြစ်မသွားဘူး.
သတိလစ်ပြီးခဏကြာတော့ပြန်သတိရလာတယ်ကွ
စကားတွေဘာတွေတောင်ပြောလို့
သူရဲသမီးလှလှအမေက...အမေသက်သာရဲ့လား...လို့မေးတော့..
..ငါဘာမှမဖြစ်ဘူး၊ သက်သာတယ်..တဲ့ကွ
အဲ့ဒီနေ့နေ့လည် လောက်မှာဘဲ..
လှလှ အဖွားက... ငါအမဲသားစားချင်တယ်၊ ငါ့ကိုချက်ကျွေးပါလား..လို့ပြောတယ်
သူ့ရဲ့သမီးကလည်းအမေနေမကောင်းဖြစ်လို့စားချင်စားပါစေဆိုပြီး
တစ်အိမ်လုံးစားဖို့အတွက်ပါ နှစ်ပိဿဝယ်ခဲ့တယ်..
အမဲသားလည်းချက်ပြီးတော့..လှလှအဖွားကို သူ့သမီးက အမဲသားနဲ့ထမင်းနဲ့ကျွေးတာပေါ့
အဲ့အဖွားက အဲ့လိုလည်းကျွေးရော ထမင်းမစားဘဲ အမဲသားချည်းစားတာ
နောက်စားလို့လည်းကုန်ရော..
...ငါမဝသေးဘူး၊ ထပ်ကျွေးပါ... ဆိုပြီးထပ်တောင်းတော့ သူ့ရဲ့သမီး
ကအံ့သြ သွားတယ်
...ခါတိုင်းဆို ထမင်းတောင်ကောင်းကောင်းမစားနိုင်တဲ့အမေအခုမှဘာဖြစ်လို့ အဲ့လောက်စားနေရတာလဲ.. လို့တွေးပြီးနေတာပေါ့၊ သူ့ရဲသမီးကလည်းအဖွားရဲ့စိတ်တိုင်းကျဘဲသူ့သမီးက အမဲသားသွားထပ်ထည့်ပေးလိုက်တယ်..
ထပ်စားတာဘဲ၊ နောက်တစ်ခေါက်ထပ်တောင်းပြန်တယ် အဲ့အဖွားရဲ့ သမီး
ကလည်းထပ်ထည့်ပေးတယ်..
နှစ်ပိသာလောက်ကို တစ်ထိုင်တည်း စားတာ..
သူ့သမီးကလည်းအရမ်းအံ့သြသွားတယ်..''
အဘစိန်မောသွားပုံရတယ်၊ စကားပြောတာခဏရပ်ပြီး ခွက်လေးထဲ
ရေနွေးလေးငှဲ့ပြီး မော်သောက်လိုက်တယ်..
အဘစိန်ပြောတာကိုအားလုံးကစိတ်ဝင်တစားနားထောင်နေကြတယ်..
"အဘ ဆက်ပါဦး..' လို့
ကျွန်တော်ကပြောလိုက်တယ်၊ ဒီတော့မှအဘက..
"အေး.. ဒီလိုနဲ့ ညဘက်ရောက်လာတာပေါ့..၊လှလှနဲ့လှလှအမေက တော့ ညဦးကြက်တွန်ပြီးတာနဲ့ အိပ်ယာခင်းအိပ်ကြပြီလေ၊
သန်းခေါင်ကြက်တွန်ပြီးအတော်အကြာ..
် မီးဖိုချောင်ထဲမှာ ဂလုပ်၊ဂလုပ် နဲ့ကြားလို့လှလှလန့်နိုးသွားတယ်
ဒါနဲ့လှလှလည်း အသံကြားလို့ထကြည့်တာပေါ့..
မှောင်နေတော့ဘာမှသိပ်မတွေ့ရဘူး၊ ကြောင်ဘဖြစ်မှာပါဆိုပြီး အမှုမဲ့အမှတ်မဲ့ နေနေလိုက်တယ်၊
မနက်လည်းရောက်တော့..
လှလှအမေ မနက်ရောက်ရင် ဆွမ်းတော်ကပ်ဖို့ နဲ့ စားဖို့ဆိုပြီး ညနေထဲကချက်ထားတဲ့ဝက်သား၊ တစ်ပိသာ အိုးထဲမှာမရှိဘဲပြောင်နေတာဘဲ
လှလှအမေက တော့သူစားသလား၊ငါစားသလားဆိုပြီး တစ်ယောက်နဲ့တစ်ယောက် အငြင်းပွား နေကြတာပေါ့
နောက်တော့ လှလှအဖွားကိုကြည့်လိုက်တော့ အဖွားရဲ့ပါးစပ်မှာ ဆီတွေကွက်ပြီးပေနေတာ တွေ့လိုက်ရတယ်..
လှလှကော၊လှလှအမေကောအံ့သြသွားတယ်
တစ်ရောက်မျက်နှာတစ်ယောက်ကြည့်ရင်းပေါ့၊ အဖွားက တစ်ခုခုထူးခြား
နေတာကိုလှလှတို့ သတိထားမိတယ်..
ငါနဲ့ လှလှနဲ့က တစ်ကျောင်းထဲနေသူငယ်ချင်းဆိုတော့ ဒီအကြောင်းတွေအကုန်လုံးလှလှပြောပြလို့သိရတယ်..
လှလှတိုအိမ်ရှေ့မှာက ကွမ်းယာဆိုင်သေးသေးလေးဖွင့်ထားတယ်၊
တစ်နေ့မှာ..
လူတစ်ယောက် လှလှတို့အိမ်ရှေ့ရောက်လာတယ်၊ ခရီးသွားဆိုဘဲ
မောလို့ဆိုပြီး ရေဝင်သောက်တာ။
ငါကလည်း လှလှတို့အိမ်မှာကွမ်းသွားဝယ်တော့ အဲ့လူနဲ့တွေ့လိုက်ရတယ်
ခန္ဓာကိုယ်ကတော့ခပ်တောင့်တောင့်ဘဲ အရပ်ခပ်မြင့်မြင့်နဲ့..
မျက်နှာကလည်းခန့်ညားတယ်၊ မျက်လုံးကလည်းထူးခြားတယ်
အရောင်တလတ်လတ်နဲ့တောက်ပနေသလို့ဘဲ။
အကျီက အကျီအဖြူ၊ ယောပုဆိုးနဲ့...
ဘေးလွယ်အိတ်ပိတ်လွယ်အိပ် ကြီးကိုလည်း လွယ်ထားသေးတယ်
အသက်ကတော့အများဆုံးငါးဆယ်တော့ကျော်လောက်ပီ၊ ငါလည်းအဲ့အဘကိုကြည့်နေတာပေါ့
အဲ့အချိန်မှာဘဲ..
အဘက လှလှတို့အိမ် ပေါ်တတ်ကို ကြည့်ပြီးတော့ပြောတယ်..
....ဒီအိမ်မှာ မကောင်းတာတွေရှိတယ် ဒီအိမ်က မကောင်းတော့ဘူး....
လို့လှလှအမေကိုပြောတယ်၊ လှလှရဲ့အမေကော၊ ငါကောက မျက်လုံးလေး
ကလယ်ကလယ်နဲ့ ကြောင်နေတာပေါ့.၊
အဲ့လိုလည်းပြောပြီးကောအဘက သူသောက်နေတဲ့ခွက်ထဲကိုရေထပ်ခပ်ပြီး ပါးစပ်နားမှာတေ့ပြီးတော့ ပါးစပ်ကလည်းတစ်ခုခုကိုရွတ်နေတယ်၊
ခဏကြာတော့ ရွတ်လို့လည်းပြီးရော ခွက်ထဲကရေကိုလက်ခုပ်လေးထဲနည်း
နည်းချင်းထည်းပြီးအိမ်ရှေ့တစ်လျှောက်လိုက်ဖျန်းလိုက်တယ်။
အဲ့ဒီမှာဘဲ..
အိမ်ထဲက လှလှအဖွားက '' ဟင်း ဟင်း'' ဆိုပြီးတဟင်းဟင်းနဲ့ထအော်
တော့တယ်၊ လှလှအမေကောငါကော ပိုပြီးအံ့အားသင့်သွားရတယ်
" အဘကိုအိမ်ပေါ်တတ်ခွင့်ပြုပါ..''
ဆိုပြီး လှလှအမေကိုပြောတယ်၊ လှလှအမေကအဲ့တော့မှ..
"တတ်ပါရ.. ရ ..ရပါတယ်ရှင့်''လို့လှလှအမေကပြန်ပြောလိုက်တယ်
အဘက အိမ်ပေါ်မတတ်ခင်အိမ်အပေါက်ဝတည့်တည့်မှာရပ်ပြီး..
နှုတ်က တစ်ခုခုရွတ်နေသေးတယ်၊ ပြီးတော့လွယ်အိပ်ထဲက အထုပ်လေးနဲ့ထုပ် ထားတဲ့အမှုန့်တွေကို အိမ်အပေါက်ဝတည်းတည်းကမြေကြီး
ပေါ်မှာ ပြန့်နေအောင်ဖြူးလိုက်တယ်။
ဒါတွေကိုကြည့်နေတဲ့ ငါနဲ့လှလှအမေကတော့ ဘာမှမသိတော့
အဘလုပ်သမျှကိုဘဲ မျက်တောင်မခတ်ကြည့်နေရတာပေါ့..
အဲ့တာတွေလုပ်ပြီးတော့အဘအိမ်ပေါ်တတ်သွားတယ်
ငါနဲ့လှလှအမေလည်း လိုက်တတ်သွားတယ်..
အိမ်ပေါ်လည်းရောက်ရော..
"ဟာ'' ဆိုပြီးတော့ပါးစပ်ကမသံတောင်ထွက်သွားမိတယ်
အိမ်ပေါ်ရောက်တော့ လှလှ အမေက အော်နေတာ..၊ နောက်ပီး လက်နှစ်ဖက်စလုံးကနောက်ပြစ်ပြီး ဘေးကပ်ထားတယ်။
ကြိုးတုပ်ထားသလိုမျိုးဖြစ်နေတာ၊
အား၊အား ဆိုပြီး ငယ်သံပါအောင်အော်ပြီးတော့ကိုရုန်းနေတာ..
အဘကဒီအတိုင်းဘဲ ထိုင်ကြည့်နေတယ်၊
တော်တော်လေးလည်းအော်ပီးရော အော်သံကတိတ်သွားတယ်၊
အော်သံလည်းတိတ်သွားကော..၊ ငါ့နောက်မှာ အသံကြားလို့
လှည့်ကြည့်လိုက်တော့
မျက်လုံးပါပြူးသွားတယ်၊ လူတေရောက်လာတာလေ တစ်ရွာလုံးများရောက်လာလားလို့တောင်ထင်ရတယ်..
အော်သံ ကြောင့်ဘဲရောက်လာကြတာထင်တယ်၊ တစ်ယောက်တပေါက်နဲ့စကားတွေပြောနေကြတာဘာတွေပြောမှန်းတောင်မသိဘူး..
ဒါနဲ့အဘကိုပြန်လှည့်ကြည့်လိုက်တယ် လှလှ အမေကတော့ အနောက်မှာလူတွေရောက်နေတာကိုမသိဘဲ အဘကိုဘဲအာရုံရနေတယ်..
အဘဘက်ကိုလှည့်ကြည့်လိုက်တော့အဘက အဖွားကိုမေးနေတယ်..
...မင်းဘာကိစ္စနဲ့ ဒီအဖွားခန္ဓာကိုယ်ထဲဝင်နေရတာလဲပြောစမ်း..
.... ငါက ဒီအိမ်ရှေ့ကမန်ကျည်းပင်ပေါ်မှာနေတာ...
ဖျန်းကနဲ ငါလည်းကြက်သီးထသွားတယ်
ဘာလို့လဲဆိုတော့ ငါက အမြဲအဲ့မန်ကျည်းပင်ပေါ် မှာ မန်ကျည်းသီး တတ်ခူးနေတာလေ..
....ငါက လွန်ခဲ့တဲ့နှစ်၆၀လောက်က ဒီအိမ်ကြီးမှာနေတာ၊ငါလည်းဆုံးသွားကော ငါသမီးက ဒီအဖွားကြီးကိုရောင်းလိုက်တယ်၊ ငါဒီကောင်မဆီမှာဝင်နေတာ ငါ့မှာစားစရာမရှိ လို့ ဒီကောင်မက ဟိုတစ်နေ့က အိမ်ပေါ်က ခြေချော်ပြီး ပြုတ်ကျထဲကသေပြီးပြီ အခု ငါဝင်နေပီး စားသောက်နေတာ၊ဟား...ဟား..ဟား...
. အသံနက်ကြီးနဲ့ထ ရယ်ပါလေကော၊ ငါဆိုရင်သေးပေါက်ချင်သလိုလို အီးပါချင်သလိုလိုဖြစ်ပြီး ထွက်ပြေးချင်စိတ်ပါပေါက်တယ်၊ အသည်းငယ်တဲ့သူဆိုလိပ်ပြာလွင့်သွားမလားဘဲ၊
ဒီလိုနဲ့အဘက..
"အောင်မာ.. မင်းလို့နှစ်၆၀လောက်ဘဲ သက်တမ်းရှိတဲ့ဖုတ်ကောင်ကများငါ့ကိုအာခံရဲတယ်ပေါ့၊ ကဲအထက်ပုဂ္ဂိုလ်များ သူ့အားချုပ်ထားလိုက်..''
"အား..အား.. နာတယ် နာတယ်..''
" နောက်ထပ်အနာမခံချင်ရင်အခုချက်ချင်း ဒီခန္ဓာထဲက ထွက်သွား''
"အား.. မထွက်ဘူးကွာ မထွက်ဘူး''
"ကဲ ပြောမရတဲ့အကောင်လာလေရော..''ဆိုပြီး
အဘကသူ့ရဲအိတ်ထဲက ဘီလူးရုပ်လေးတစ်ရုပ် ဆွဲထုတ်လိုက်တယ်၊
နောက်တော့ အဘက လက်ကိုမြောက်ပြီး အဲ့ဒီဘီလူးရုပ်လေးကိုထောင်လိုက်တာ အဲ့ဘီလူးရုပ်လေးကတစ်ချက် မျက်လုံးတွေကျိမ်းသွားအောင်ကိုဝင်းလတ်သွားတယ်..
အဲ့လိုဝင်းလတ်သွားတာနဲ့ တခါတည်း..
"အား..အား..ကြောက်ပါပြီ''ဆိုပြီး ဖုတ်ဝင်နေတဲ့လှလှအမေကအသံကိုစူးနေအောင်အော်ပြီးတာနဲ့ လဲကျသွားတာ..
"ကဲ အားလုံးပြီးပြီ...၊ ဒီလူသေကိုတော့အခုဘဲအခေါင်းသွင်းလိုက်တော့၊
အဘလဲသွားတော့မယ်''
ဟာအဲ့မှာကွာ အဲ့ဒီလူသေကနေထွက်လာတဲ့အပုပ်နံ့ကြီး တော်တော်နံတယ်၊ အားလုံးကလည်း နှာခေါင်းတေဘာတွေပိတ်လို့ပေါ့၊
အဲ့အချိန်မှာ လှလှ ကကျူရှင်ကပြန်ရောက်လာပြီး သူအမေနဲ့အတူ ငိုခြင်းချနေပါလေရော..
ငါနဲ့အတူ တခြားယောက်ျားတွေက အလောင်းကိုသယ်ပြီး တာနဲ့အခေါင်းရိုက်တခါတည်းဂူသွင်းလိုက်တယ်။
အေးအဖြစ်ကတော့အဲ့တာဘဲ'''
"ကျွန်တော်တို့ဘဝိုင်းက အဘစိန်ပြောတဲ့ဖုတ်ကောင်အကြောင်းကိုအားလုံးစိတ်ဝင်တစားနဲ့ နားထောင်လို့ပြီးသွားတဲ့အချိန်ပေါ့
"ဝါး...'' ဆိုပြီး မိဝိုင်းကလာစတာ..
"အား ဆိုပြီး ထအော်ကြပြီး တစ်ဝိုင်းလုံး ကယောက်ကယက် တွေဖြစ်ကုန်ကော..(ကျွန်တော်ပါ ပါတာပေါ့)
အဲ့တော့မှ မိဝိုင်းက တဟားဟားနဲ့ အူတတ်မတတ် ထရီတော့တာ...
"ဟာ..၊ဒီကောင်မလေးကလည်း''ဆိုပြီး တစ်ဝိုင်းလုံးကပြောတော့
"ဟွန့်၊ ဘာမှလည်းမသိဘူး''လို့ပြောပြီး မျင်စောင်းတစ်ချက်ထိုးပြီး ဝိုင်းစိန်ပွဲခင်းထဲဝင်သွားတယ်..
ကျွန်တော်တို့လည်း လူကြီးတွေပြောတာကိုဆက်နားထောင်ပြီးနေနေကြတာပေါ့..
အဲ အဲ့လိုနဲ့ဒီလိုရက်တွေကိုကျော်ဖြတ်ပြီး ဘုရားပွဲ ပြီးရက်ရောက်လာပြီလေ..
ဘုရာပွဲ ပြီးလို့ ဇာတ်ရုံဖြတ်၊ မီးတွေဖြုတ် အကုန် ကျွန်တော်တို့လူငယ်တွေကဘဲပြန်လုပ်ကြရတာလေ..
အဲ့ဒီလို သိမ်းပြီး ပြီ ဆိုရင်တော့ကျွန်တော့်အပျော်ဆုံးအချိန်ကိုရောက်ပြီလေ..
သီတင်းကျွတ်ရောက်ပြီဆိုပါတော့..
အဲ့လို သီတင်းကျွတ်ရောက်ပြီဆိုရင်တော့
လူပျို အပျိုသဘာဝအတိုင်း ချစ်ကြ ကြိုက်ကြတယ်လေ
အဲ့၊ အဲ့ တော့ ချစ်သူတေဖြစ်ကုန်ကြတာကော..
အဲ့လိုချစ်သူတေက ခုလိုသီတင်းကျွတ်ဆို တောသဘာဝအတိုင်းရှိနေတဲ့
ညောင်ပင်အောက်၊ အုန်းပင်အောက်၊ ထန်းပင်အောက် အို ရှိသမျှ အပင်အောက်မှာထိုင်ပြီး ခိုးခိုးပြီး ချိန်းတွေ့ကြတာပေါ့
ကျွန်တော်ကတော့သူဇှာနဲ့ပေါ့
(သူဇာကကျနော်ချစ်သူလေ)
ပြီးရင်လူကြီးတွေလိုက်ကတော့တယ် ၊ ဆီမီးတွေထွန်းကြတယ်
ပျော်စရာကြီးပေါ့၊
အဲဒီလိုနဲ့ သီတင်းကျွတ်ကြီးလည်းပြီးသွားတာပေါ့
တနေ့မှာသူဇှာကလာပြောတယ်..
"ဟဲ့ နင်ဟိုသတင်းကြားပြီးပြီလား''
"ဘယ်သတင်းလဲ ဟ..''
"အယ် နင်ကလည်း မနေ့က ရွာအနောက်ပိုင်းက ဒေါ်တင် အဝတ်လှန်းရင်းချော်လဲတာ ပတ်လက်လှန်လပြီး ကျောက်ခဲနဲ့ခေါင်းစောက်သွားပြီး မေ့သွားတယ်၊''
"ဟင် ဟုတ်လား..''
"နေဦးဟ၊ ငါပြောတာမပြီးသေးဘူး၊ အဲ့လို သတိမေ့ပြီး မကြာပါဘူး သတိပြန်ရလာတာ၊ သတိပြန်ရပြီးတော့မှာ စားလိုက်တဲ့အစား
မနက်ကလည်း ဝက်သားစားချင်တယ်ဆိုလို့ အန်တီကြည် ကနှစ်ပိသာဝယ်ချက်ကျွေးလိုက်တာ ဝက်သားချည်းဘဲ နှစ်ပိသာ တစ်ထိုင်တည်း စားလိုက်တာပြောင်နေရောတဲ့''
"ဟာ..''
ကျွန်တော်စွန့်အ သွားတယ်၊ အဘစန်ပြောတဲ့ ဖုတ်များလားပေါ့
စိတ်တွေဘာယောက်ယက်ခဲ့သွားတယ်၊ ဖုတ်ဝင်တာဆိုရင်တော့သွားပြီ
ဆိုတဲ့အတွေးနဲ့ပေါ့
"ဟဲ့ အောင်အောင်..''
လှလှခေါ်လိုက်တော့မှ..
"ဟင်..ဟင်..''
"ဟယ်.. နင်ကလည်းဘာဖြစ်နေတာလည်း..''
"ဘာ ဘာမှမဖြစ်ပါဘူး''
"ငါသွားပြီဟာ.. ငါ့ကိုအမေခိုင်းထားတာရှိသေးလို့..''
"အေး..အေးသွားသွား..''
လှလှပြန်ပြီးတဲ့နဲ့ သိတ်နဲ့ကိုယ်နဲ့မကပ်တော့..
စိတ်က အနောက်ပိုင်း ကဒေါ်တင် စီဘဲစိတ်ကရောက်နေတယ်..
အဲ့တာနဲ့ ဒေါ်တင်တို့အိမ်သွားဖို့ဆုံးဖြတ်လိုက်တယ်
ကျွန်တော်တို့အိမ်နဲ့ ဒေါ်တင်တို့အိမ်ကို၁၀မိနစ်လောက်ဘဲလျှောက်ရတယ်..
ခဏကြာတော့ ဒေါ်တင်တို့အိမ်ရောက်လာပါလား..
" ဟင် အောင်အောင်ပါလား လာလေ''
အိမ်ပေါ်က အန်တီကြည်က ပြောလိုက်တော့ ကျွန်တော် အိမ်ပေါ်တတ်သွားတာပေါ့
အမလေး ဗျာ ကျွန်တော်ကို ဒေါ်တင် က စိုက်ကြည့်နေတာ
လူဆိုရင် လိပ်ပြာလွင့်သွားသလားတောင်ထင်ရတယ်..
ဒါနဲ့ဒေါ်တင် တို့အိမ်မှာကြာကြာမနေရဲတာနဲ့ အကျိုးအကြောင်းမေးပြီးတော့ဘဲ အိမ်ပြန်လာတာပေါ့..
ဒါနဲ့ နှစ်ရက်သုံးရက်လောက်နေတော့..
လှလှအိမ်ကိုရောက်လာတယ်...
"ဟဲ့အောင်အောင် ရေအောင်အောင်..''
"ဘာလဲဟ...''
"အော်နင်ကဒီမှာကို..''
ကျွန်တော်အိမ်နေတဲ့ မန်ကျည်းပင်အောက်ကိုလာပြီး ကွပ်ပျစ်ပေါ်မှာထိုင်လိုက်တယ်..
"အေးဟ၊ ဟိုအနောက်ပိုင်းက ဒေါ်တင်လေ ညက ကြက်တွေဖမ်းပြီးစားလို့တဲ့''
"ဟင်.. ''
ကျွန်တော်အံ့သြ သွားတယ်၊
"ဘယ်သူ့ကြက်ကိုခိုးတာလဲ..'
"ငါ့ဦးလေး တို့အိမ်ကကြက်ကိုတဲ့၊ ညဘက်သန်ခေါင်လောက် ကြက်တွေအော်သံကြားလို့ ဦးလေးကထကြည့်တာတဲ့၊ ဓာတ်မီးနဲ့ထိုးကြည့်လိုက်တော့ထမီကိုဒူးခေါင်းလောင်ထိတိုအောင်ဝတ်ထားပြီး အကျီကလက်တိုနဲ့တဲ့
ဆံပင်ကလည်းဖားလျားကြီးနဲ့၊ မျက်နှာကိုလည်းဓာတ်မီးနဲ့ထိုးကြည့်ကော...
ဒေါ်တင်ဖြစ်နေတာတဲ့'၊အဲ့တာ အခု ဆရာသွားခေါ်ပြီး ဖုတ်ကိုထုတ်ဖို့လုပ်နေတယ် ငါ့ဦးလေး ဟိုဘက်ရွာကဆရာကိုသွားခေါ်တယ်တဲ့၊
အဲ့တာငါတို့သွားကြည့်ရအောင် နင့်လာခေါ်တာ''
"အေ..ဟုတ်လား လာသွားမယ်''
ကျွန်တော်ကစပ်စုချင်တော့အပျင်းတတ်မနေတော့ဘဲ ချက်ချင်းကုန်းထပြီး
သူဇာနဲ့ဒေါ်တင်တို့ အိမ်ကိုထွက်လာခဲ့တယ်..
ဒေါ်တင် အိမ်ရောက်တော့ အိမ်ပေါ်မှာလူတွေတော်တော်စုံနေပြီ..
ကျနော်နဲ့သူဇာ အိမ်ပေါ်တတ်သွားတယ်
အိမ်ပေါ်ရောက်တော့ ဘုရားစင်အောက်မှာ ဒေါ်တင်ကြီးကငုတ်တုတ်ကြီးထိုင်လို့..
ဒေါ်တင်ရဲ့အရှေ့မှာလည်း အကျီအညို ယောဂီဝတ်စုံနဲ့ သူတစ်ယောက်မျက်နာချင်းဆိုင်ထိုင်နေတာ၊ယောဂီနဲ့လူကတော့ပယောဂဆရာပေါ့ဗျာ..
အပတွေဘာတွေနိုင်တယ်ပြောတာဘဲ..
ဒီလိုနဲ့ဆရာကဒေါ်တင်ကိုမေးတယ်..
"ဟိတ်.. ဒီလူခန္ဓာကိုယ်ထဲမှာ ဝင်ထားတဲ့မကောင်းဆိုဝါးအခုချက်ချင်းထွက်စမ်း..''
" ဟား..ဟား..ဟ..ဟ..''
ဒေါ်တင်က ဒူးနှစ်ဖက်ပေါ်လက်ကြီးတင်ပြီး အသံသြသြကြီးနဲ့ထရီပါလေရော၊ ဆံပင်ကြီးလည်းဖားလျားကြီးချလို့ပေါ့..
"အောင်မာ.. နင့်လိုမလောက်လေးမလောက်စားဆရာကများငါ့ကို အမိန့်လာပေးနေတယ်''
"တော်.. ဒီကောင်မက ငါ့ကိုများအာခံရဲတယ်ပေါ့''
ပြောရင်ဆိုရင်း ဆရာက ဘေးမှာချထားတဲ့ ကြိမ်လုံးကိုကောက်ကိုင်လိုက်ပြီး..
"ဒါက အထက်ပုဂ္ဂိုလ် တွေရဲ့အစီအစဉ်နဲ့စီရင်ထားတဲ့ဆေးကြိမ်လုံးဘဲဟေ့..၊
ဒိမကောင်ဆိုးဝါး သေလေရော...''
"ဖြန်း..ဖြန်း..ဖြန်း''
လက်ကြီးကိုအပေါ်မြှောက်ပြီး ဒေါ်တင်ကိုသုံးချက်လောက်တခါတည်းရိုက်ထဲ့လိုက်တယ်..
"အား...'' ဒေါ်တင်ထအော်ပြီး...
"ဟားဟားဟား.. အခုလိုအားလို့အော်လို့နိုင်သွားပြီမထင်နဲ့၊ သေပေတော့ဆရာစုတ်''
ဒေါ်တင်ကြီး ထပြီး ဆရာဆိုတဲ့လူကို လည်းပင်းထညှစ်ပါကော၊
အိမ်ပေါ်ကလူတွေအကုန်လုံးလည်းထအော်ပြီးပြေးကြတာပေါ့၊
တေယ်သေးတယ်ဆရာဆိုတဲ့လူကအရုန်ကောင်းလို့..
"အား.. ၊ဒီဖုတ်ကောင်ကြီးကနှစ်ချို့နေပြီ..
ငါမနိုင်တော့ဘူး...အား..၊''
ဆရာဆိုတဲ့လူထွက်ပြေးပါလေရော၊ ဆရာနဲ့အတူအကုန်လုံးလည်းအိမ်ပေါ်ကနေဆင်းပြေးကြတာပေါ့..
အိမ်ပေါ်ကဒေါ်တင်ကြီးကတော့..
"ဟား..ဟား...ဟား..'' ဆိုပြီးအသံနက်ကြီးနဲ့ရယ် နေတယ်၊
အသံကြီးကကြောက်ဖို့ကောင်းလိုက်တာ အသည်ငယ်တဲ့သူမျိုးဆို အကြောက်လွန်ပြီးသေသွားမှာ..
ဒီလိုလူတွေရုတ်ရုတ်သဲသဲ ဖြစ်နေချိန်..
ခြံရှေ့အပေါက်ဝမှာ ရပ်နေတဲ့သူတစ်ယောက်ကိုတွေ့ရတယ်။ အဲ့ဒီလူက
အိမ်ပေါ်ကဒေါ်တင်ကြီးကိုကြည့်နေတယ်၊ ဒေါ်တင်ကလည်း အဲ့ဒီလူကို စိုက်ကြည့်နေတာ ကြောက်စရာကြီး..
ဒါနဲ့ဒီလူက ခြံထဲဝင်လာပြီး..
"အားလုံး အေးအေးဆေးဆေးနေကြပါ ကျွန်တော်က အခုလိုသတင်းကြားလို့
ရောက်လာတာပါ''
အဲ့ဒီ လူကိုကျနော်သေချာကြည့်လိုက်တယ်၊ ဝတ်စုံအဖြူနဲ့လူ၊ ပုဆိုးကလည်းအဖြူနဲ့ဘဲ၊ မျက်နှာက ကြည်လင်နေတာဘဲ
သူ့ မျက်နှာကိုမြင်လိုက်ရတာ စိတ်ထဲအေးသွားတယ်၊ မျက်လုံးကလဲအရောင်ကိုတောက်နေတာဘဲ၊..
" မောင်ရင် အဘပြောတာနားထောင်ပါ..''
အဘ ဆိုတဲ့အဲ့လူကကျနော်ကိုလာပြောတာ၊ ကျနော်အံ့သြ သွားတယ်၊
အဘက ဘာလုပ်မလိုလဲမသိဘူး ဆိုတဲ့အတွေနဲ့ပေါ့
"မောင်ရင် အဘအခုဒီမကောင်ဆိုးဝါးကို ဒီအိမ်မှာမရအောင်လာနိုမ်နင်းတာပါ မောင်ရင်အဘကိုတစ်ခုကူညီပါ အဘက ဒီမကောင်ဆိုးဝါးကို စည်းပေါက်အောင်လုပ်ရမှာပါ.. သူဒီလိုစည်းပေါက်သွားပြီဆိုရင် ဒီအင်းချက်လေးနဲ့ သူ့ခန္ဓာကိုယ်ကို ကောက်ပေါက်လိုက်ပါ။''
"ဟုတ်ကဲ့အဘရပါတယ်..''
ဒါနဲ့ အဘက အိမ်ပေါ်တတ်သွားတယ်..
အဘကိုဒေါ်တင်က မျက်ထောင့်နီကြီနဲ့စိုက်ကြည့်နေတာ..
"ထွက်သွား..ထွက်သွား.. ထွက်မသွားရင် ငါနဲ့တွေမယ်''
ဒေါ်တင်က အဘကိုအော်ပြောတာ..
"ဒီမှာ အခု ဒီလူခန္ဓာမှာနေတဲ့သူကဘယ်သူလဲ၊ ဘာလို့ပခုလိုလုပ်ရတာလဲ''
" အေး ငါကဒီအဖွားကြီးကိုမကျေနပ်လို့ လုပ်တာ''
"ဘာကြောင့်မကျေနပ်တာလဲ..''
"ဒီကောင်မက ငါနေတဲ့နေရာမှာ ကျင်ငယ်စွန့်သွားလို့၊ ဒီအဖွားကြီး ဟိုတစ်နေ့က ချော်လ်ဲပြီးသေသွားကတည်းကငါဝင်နေတာ၊ သူခန္ဓာထဲဝင်နေတာအစားကောင်းကောင်းစားရတယ်၊''
"ဟုတ်ပါပြီ ၊ ကျွန်ုပ်တို့ သင့်ကိုအမျှအတမ်းဝေကုသိုလ်လုပ်ပေးပါ့မယ်ယသင်ဒီခန္ဓာကိုယ်ထဲက ထွက်သွားပါ''
အဘက သြဇာအာဏာအပြည့်နဲ့ပြောတယ်..
"မသွားဘူး မသွားဘူး၊ ငါဒီကောင်မခန္ဓာကိုယ်ထဲမှာဘဲနေမယ်''
"သင် အခုထွက်သွားပါ..''
"ဟာ.. ဒီကောင်..သေပေတော့...''
" ဟာ' ကျနော်ပါးစပ်က ထွက်သွားမိတယ် ဆရာ့ကို လည်းပင်းထညစ်တာ..
ဆရာကလည်း မြန်တယ်ဗျ ချက်ချင်းရှောင်လိုက်တယ်၊ နောက်ပြီး အဘရဲ့အိတ်ထဲက အရုပ်လေးထုတ်လိုက်တယ်သေးသေးလေး..
ကျနော်သေချာကြည့်လိုက်တယ်၊ အစွယ်နှစ်ခုနဲ့ သံလျက်ကိုလက်မှာကိုင်ပြီး
မြှောက်ထားတဲ့ရွှေရောင်ဘီလူးရုပ်လေး...
အဲ့ ဘီလူးရုပ်လေးက အရောက်တစ်ချက်လတ်သွားတယ်
မကောင်းဆိုဝါး ဝင်နေတဲ့ ဒေါ်ကြည် လက်ကြီးနှစ်ဖက်ကိုနားမှာအုပ်ပြီး
"အား..အား..ပူတယ်..''
လို့အော်ပြီး အိမ်အောက်ကိုဆင်းပြေးတာ၊
အကုန်လုံးထွက်ပြေးကြပြီးလေ ကျနော်ကြောက်လိုက်တာပြောမနေပါနဲ့
ပြေးချင်စိတ်တွေပေါက်လာတယ်
"မောင်ရင် စည်းပေါက်သွားပြီ၊ပစ်တော့''
ဆရာအော်ပြောလိုက်တော့လက်ထဲကကိုင်ထားတဲ့အင်းပြားလေးကို
ပြေးလားတဲ့ဒေါ်တင်ကိုလှမ်းပြစ်လိုက်တယ်
ဒေါ်တင်ရဲ ရင်ဘက်ကို အင်းပြားကထိသွားပြီး..
"အား...''
မချိမဆန့် စူးစူးဝါးဝါး အော်လိုက်ထဲ့အသံကြီး..
ခဏကြာတော့ အော်သံပျောက်သွားတယ်၊ ဟာဒေါ်တင်ကြီးက ချက်ချင်းဘဲလဲကျသွားတယ်..
ဒေါ်တင်ကြီးကိုကြည့်လိုက်တော့..
ဟာ ချက်ချင်း အသားတွေ က ပူပေါင်းလို လေလျှော့လိုက်သလိုမျိုး
ချက်ချင်းပိန်သွားတယ်၊ အရိုးပေါ်အရေတင်ဖြစ်သွားတယ်
အဲ့လို ပိန်ချုံးနေတဲ့ေ ဒ်ါတင် ကိုယ်ပေါ်မှ ထွက်လာတဲ့ပုပ်နံကြီး..
ကျနော်တို့အားလုံး အော်ကလီပါဆန်တယ်၊
အဲ့တာနဲ့ ဒေါ်တင်ကြီးကိုဖျာနဲ့လိပ်ပြီး တခါတည်းသဂြိုလ်ပစ်လိုက်ရတယ်..
ဒေါ်တင်တို့မိသားစုကတော့ ငိုလိုက်ကြတာ ပြောမနေပါနဲ့ဗျာ..
ကျနော်တို့လည်းကိစ္စအားလုံးပြီးသွားတော့..
နာနေကြရတာပေါ့..
ကျနော်မသိလိုက်တာက အဲ့နေ့က အဘ
ဘယ်ကိုရောက်သွားတယ်ဆိုတာဘဲ..
ပြီးပါပြီ
ကျေးဇူးတင်ပါတယ်
#credit_မောင်ပန်ဒါ
good
upvote and following.help me voting
ok အရမ်းကောင်းပါတယ် steemit ကအကိုတို့လို စာရေးကောင်းတဲ့သူတွေနဲ့ အရမ်းသင့်တော်တယ်ထင်ပါပါတယ်
wow upvote and follow me