Encourage yourself.....steemCreated with Sketch.

in #myanmar7 years ago (edited)

download (1).jpg

Hello Steemit Myanmar Users...

ဒီ​နေ့မှာ မိတ်​​ဆွေ ဝမ်းနည်း​နေ​ပေမယ့်​ မနက်​ဖြန်​မှာ ​ပျော်​လိုက်​ပါ၊...ဘာ​ကြောင့်​လဲ ဆို​တော့ မနက်​ဖြန်​များစွာက သင့်​ကို ​စောင့်​ကြို​နေကြတယ်​ ​စောင့်​​နေ​သော ​နေ့ရက်​​တွေကို အပြုံးနဲ့ပဲ ​ကျော်​ဖြတ်​ပါ ၊ ​လောကကြီးက မျှတပါတယ်​၊
Steemit ​ပေါ်က Usersများ ယ​နေ့မှာ 0.01SBD ရ​ပေမယ့်​ အားမ​လျော့ပဲ ဆက်​​လျှောက်​ပါ တစ်​ဖက်​မှာ 100$နှင့်​အထက်​ ​နေ့​တွေ ​စောင့်​ကြို​နေတယ်​........

လွန်​ခဲ့​သော လအနည်းငယ်​ခန့်​က ကျ​နော်​တို့Steemit ဆို​သောလမ်း​ပေါ် စ​ရောက်​ခဲ့ကြပြီး ​လျှောက်​လှမ်းခဲ့ကြတယ်​၊ ထိုအချိန်​မှ ယ​နေ့အထိ အ​ခြေအ​နေ တိုးတက်​လာကာ Newbies ​တွေလည်း ပိုများလာခဲ့တယ်​၊ သို့​ပေမယ့်​ ယ​နေ့အချိန်​မှာ ရတဲ့ SBD$​တွေဟာကျ​နော်​တို့တန်းရခဲ့တာ မဟုတ်​ခဲ့ပါ၊ စိတ်​ရှူပ်​ခြင်း၊​ဘေပြတ်​ခြင်း၊ ဖုန်းအားကုန်​ခြင်း၊ စာ​ရေးဖို့ဦး​နှောက်​​ခြောက်​ခြင်းများ ဖြင့်​ ကျ​နော်​တို့ရင်းနှီးခဲ့ကြသည်​မှာ အများအသိပင်​ ဖြစ်​​လေတယ်​၊ ဒါ​ကြောင့်​ ကျ​နော်​တို့ steemit ​ပေါ်မှာ ဝင်​​ငွေရှာတာ ဟာ အလကားရတာမဟုတ်​ပါ၊

Online ​ပေါ်မှာ ရတဲ့ပိုက်​ဆံ ဆို​တော့ အလကားသာသာထင်​မှတ်​ကြ​သော မြန်​မာလူမျိုးတစ်​ချို့ကို ​ပြောပြခြင်းပါ၊ ကျ​နော်​ဘယ်​​လောက်​ရတယ်​၊ကျ​နော်​ဘယ်​​လောက်​ထုတ်​ပြီးပြီ၊ ​အေး နင်​ ဘယ်​ကရတာလဲ ကျ​နော်​ online ​ပေါ်က Steemit က ရတာ လို့​ပြော​တော့ ကျ​နော့်​ကို ကြည့်​တဲ့အကြည့်​၊​မေးတဲ့​မေးခွန်း​တွေက အစ တန်​ဖိုးဖြတ်​​နေကြတယ်​၊ အလကားရတယ်​လို့သတ်​မှတ်​ပြီး စိတ်​ထဲမှာ မှတ်​​နေခြင်းဟာ ကျ​နော်​တို့ယ​နေ့​ခေတ်​လူ​တွေရဲ့ အမှားတစ်​ခုပါ၊ ကျ​နော်​တို့မှာ ရင်းနှီးခဲ့တာ ရှိသလို ဆုံးရှူံး ခဲ့တာ​တွေလည်း အများကြီးပါ၊ တချို့က ဆုံးရှူံးမှူ​ကြောင့်​ ထွက်​ခွာသွားကြတယ်​၊ Steemit ကို သုံးရတာ ကျ​နော်​အရမ်း​ပျော်​တယ်​၊ post​တွေတင်​ကြတယ်​ Facebookလို အလဟာသ status ​တွေလည်း မ​တွေ့​တော့ဘူး​လေ........

images.jpg
အလကားမဟုတ်​သလို တန်​ဖိုးရှိရှိ အသုံးချကြပါ Steemit ​ပေါ်က ရတဲ့Money ကျ​နော်​တို့အသိဆုံးပါ ဘယ်​​လောက်​တန်​ဖိုးရှိလဲဆိုတာ ....Sbd ရဖို့ မလွယ်​ကူပါ၊ ဒီအတွက်​ အကိုဟင်​နရီက တတ်​နိုင်​သ​လောက်​ promotion တင်​​ပေးကြလို့သာ Sbd ရ​နေကြတာပါ၊..ကူညီတဲ့သူရဲ့ အား အလကားမဖြစ်​​အောင်​၊ ကျ​နော်​တို့ရရှိတဲ့ sbd ​တွေ $​တွေကို ​ကောင်း​ကောင်းအသုံးချကြ​စေချင်​ပါတယ်​၊အလကားဖြုန်းတီးရင်​ SBD ​တွေဟာ အလကားရသလို ဖြစ်​လာပြီး တန်​ဖိုးမရှိ ဖြစ်​လာမယ်​၊ 

ကျ​နော်​တို့ရတဲ့ sbd ကျ​နော်​တို့တန်​ဖိုးထားကာ ​ရှေ့​လျှောက်​လှမ်းကြ​စေချင်​ပါတယ်​၊...ဟိုးအရင်​က 0.01$ရတဲ့​နေ့​တွေ ကျ​နော်​ ​ကောင်း​ကောင်းကြီး မှတ်​မိ​နေပါ​သေးတယ်​၊ လွယ်​လွယ်​နဲ့လက်​​လျော့ခဲ့မယ့်​ အ​တွေး ​ပေါ်လာ​ပေမယ့်​ အချိန်​မှီပဲ ကူညီ​တွေ ​ပေါ်လာခဲ့တဲ့အတွက်​ ကျ​နော်​ ယ​နေ့ထိ Steemit လမ်း​ပေါ်မှာ ရှိ​နေ​ဆဲပါ၊ ကျ​နော့်​လိုပဲ ကျ​နော့်​ညီအကို၊အစ်​မ​တွေလည်း Steemit လမ်း​ပေါ်မှာ ​ပျော်​​ပျော်​ကြီး ရှိ​နေတာကို မြင်​ချင်​ပါတယ်​ဗျာ....

ကျ​နော်​ဟာ တက္ကသိုလ်​ ​ကျောင်းသားတစ်​​ယောက်​ဖြစ်​​ပေမယ့်​ အင်​မတန်​ နုံ အ တဲ့သူပါ၊ ဘာမှမသိ၊နားမလည်​တဲ့တစ်​​ယောက်​ပါ၊ သို့​သော်​ ​လောကမှာ အလကားမရဘူးဆိုတဲ့ အ​တွေး ခံယူချက်​တစ်​ခု​ကြောင့်​ ယ​နေ့ထိ Steemit လမ်းမှာ ​လျှောက်​​နေဆဲပါ၊ ကျ​နော်​စာ​မေးပွဲကာလ ဖြစ်​​သော်​လည်း Steemit ကို မ​မေ့ပါ၊ ကျ​နော့်​post ​တွေ တင်​ဆဲ တင်​မြဲပါ ..
ကျ​နော်​မအားတဲ့ကြားက post​တွေတင်​တယ်​ Encourage လုပ်​တယ်​ ကျ​နော်​​post တို​တောင်း​နေခဲ့ရင်​ Sorryဗျာ...နားလည်​​ပေးပါ မနက်​ဖြန်​များစွာ ရှိ​နေ​သေးတဲ့အတွက်​ ကျ​နော်​ အများကြီး ​ရေးတင်​မှာပါ အား​ပေးကြပါအုန်းလို့ ​ပြောရင်း ...အဆုံးသတ်​လိုက်​ပါတယ်

download.jpg
Written by yairthiha
Steemit Myanmar

Sort:  

စိတ်မဆိုးနဲ့  နော် ၊အလပသလာပ ပြောစကားလောက်ကို ဆောင်းပါးလို့ ပြောရမှာ လိုဖြစ်နေတယ် ။ကျောင်းသားတစ်ယောက်မှာ ရေးစရာတွေတပုံကြီး ။ ရေးစမ်းပါဗျာ ကြိုးစာပြီး

မရရတာ ...​ရေးလိုက်​တာ အခုမနက်​မှ ​ကျေးဇူးပါအခုလို​ပြော​ပေးတဲ့အတွက်

ကောင်းတယ်ဗျာ ဆက်ကြိုစားပါ

ကျေး​ကျေး...

အားပေးနေပါတယ်

ညီလေးရေ..ဆက်ကြိုးစားပါ..ကျောင်းစာလည်း လုပ်ပါ....

ဟုတ်​အကို​ကျေးဇူးပါ

စာတိုတယ် bro
.
ဒါပေမဲ့ bro post စာတိုတာ
ကျွန်တော့ postထက်တော့ ရှည်သေးတယ် ဟီး😁😁

Fighting..bro..
စာမေးပွဲလည်း ဖြေနိုင်ပါစေ။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65306.74
ETH 3488.89
USDT 1.00
SBD 2.51