Change...

in #myanmar7 years ago (edited)

B612_20170825_144529.jpg


ပြောင်းလဲ​ပေးပါ


ကျ​နော်​တို့​နေထိုင်​​နေ​သော ကမ္ဘာကြီး ရဲ့ အနာဂတ်​ဟာ ကျ​နော်​တို့လူငယ်​လက်​​ထဲမှာ ရှိကြပါတယ်​၊ သို့​ပေမယ့်​ ကိစ္စတိုင်း၊ပြသာနာတိုင်းကို လူငယ်​​တွေအ​ပေါ်မှာမူတည်​တယ်​လို့​တော့ မဆို​စေချင်​ပါ၊ အဘယ်​​ကြောင့်​ဆို​သော်​ ကမ္ဘာကြီး မှာ​နေထိုင်​​သော သူတိုင်းနှင့်​ သက်​ဆိုင်​​သော​ကြောင့်​ဖြစ်​ပါတယ်​၊ ကျ​နော်​လူငယ်​တစ်​​ယောက်​ပါ ကိစ္စတစ်​ခုခုလုပ်​မယ်​ဆိုရင်​ လုပ်​ကိုလုပ်​ရမှ ​ကျေနပ်​တတ်​ပါတယ်​၊ မဖြစ်​ဖြစ်​​အောင်​ လုပ်​ပါတယ်​၊ နည်းလမ်းမျိုးစုံရှာကြံလုပ်​ပါတယ်​၊
လူငယ်​​တွေနဲ့လူကြီး​တွေအ​တွေးမှာ ကွာခြားချက်​​တွေက လူကြီး​တွေက မှားမှာကို​ကြောက်​ကြတယ်
၊ ပျက်​စီးသွားမှာ​ကြောက်​တယ်​ စိုးရိမ်​တယ်​၊ ဒါ​ကြောင့်​လူငယ်​​တွေကိုတားမြစ်​တယ်​၊ သို့​ပေမယ့်​ ထိုသို့တားမြစ်​လိုက်​ခြင်းသည်​ လူငယ်​​တွေရဲ့ဘဝမှာ အဖူးအညွှတ်​၊အတက်​​တွေကို ရိုက်​ချိုးဖျက်​စီး ပစ်​လိုက်​တာပါပဲ၊ ပျက်​စီး​အောင်​လုပ်​​နေကြပါတယ်​၊ တားမြစ်​ခြင်းနဲ့စိုးရိမ်​ခြင်း နှင့်​မတူပါ၊ ကျ​နော်​တစ်​ခု​ပြောပါရ​စေ လူကြီး​တွေက လူငယ်​​တွေမှားသွားကြမှာ၊လမ်းမှား​ရောက်​မှာ စိုးရိမ်​ကြတယ်​၊ သို့​ပေမယ့်​ လူကြီး​တွေဖြစ်​​စေလိုတဲ့ဆန္ဒကို နားလည်​​ပေမယ့်​ နည်းလမ်းမှား​နေတယ်​၊ ကျ​နော်​တို့လူငယ်​​တွေရင်​ထဲအသဲထဲ စွဲ​စေတဲ့ ထိန်းနည်းက အာ့လိုမဟုတ်​ပါဘူး၊
ကျ​နော်​တို့လူငယ်​​တွေလည်း လမ်းမှားမှာကို ​ကြောက်​ကြတာပါပဲ၊တားမြစ်​ခြင်းကို ကျ​နော်​တို့လူငယ်​​တွေမကြိုက်​ပါ၊ အကြံ​ပေးခြင်းကိုသာ နှစ်​သက်​တယ်​၊မြတ်​နိုးတယ်​၊ဆင်​ခြင်​တယ်​၊ ဒီလိုမျိုးသာ ကျ​နော်​တို့လူငယ်​​တွေ ရင်​ထဲထိ​စေတာပါ၊
download (1).jpg
သွားချင်​တဲ့Directionက လမ်းမမှား​စေဖို့၊
မှန်​တယ်​ Direction တူ​ပေမယ့်​ Way မှား​နေတယ်​၊ လူကြီး​တွေက ​ပြောကြတယ်​ မင်းတို့လူငယ်​​တွေပျက်​စီးမှာပါ တဲ့...ဒီလိုစကားက ကျ​နော်​တို့ရင်​ထဲထိ​တော့ထိတယ်​ဗျ...ဒါ​ပေမယ့်​ positive sense နဲ့မထိပဲ negative sense မ​ကောင်းမြင်​ခြင်းနဲ့ ထိတာပါ၊ ဒါ​ကြောင့်​ ကျ​နော်​တို့လူငယ်​​တွေနဲ့လူကြီး​တွေ မတည့်​ကြတာပါ၊
လူကြီး​တွေအ​နေနဲ့ မိမိ​ပေးချင်​​သော message အ​ကြောင်းအရာကို လူငယ်​​တွေpositive အ​တွေးနဲ့မြင်​​အောင်​ နည်းလမ်းသုံးပါ ၊....
ကျ​နော်​တို့လူငယ်​​တွေမှာ ရှိသင့်​ရှိထိုက်​တဲ့ အရည်​အချင်းအပြည့်​ရှိကြပါတယ်​၊ ယခုအ​ခြေအ​နေမှာထိုအရည်​အချင်းကို ပြုစုပျိုး​ထောင်​ ရမည့်​အစား ချိုးနှိမ်​​နေကြပါတယ်​၊ ဒါ​ကြောင့်​ မိမိစကားတစ်​ခွန်းဟာ လူငယ်​​တွေကို အနှစ်​သာရ ရှိ​စေမယ့်​စကား ဖြစ်​​စေချင်​ပါတယ်​၊...
ကျ​နော်​တို့လူငယ်​​တွေက စိတ်​မရှည်​တတ်​တဲ့အကျင့်​ရှိကြပါတယ်​၊ တခုခုဆို တုံးဆိုတိုက်​ ကျားဆိုကိုက်​ ရမှ ​ကျေနပ်​ကြတဲ့၊သွက်​လက်​ကြတဲ့လူငယ်​​တွေဖြစ်​ကြပါတယ်​၊ လူကြီး​တွေမှာလည်း ငယ်​ရာမှကြီးလာတာ ဆို​တော့ကာ လူငယ်​​တွေစိတ်​ကိုနားလည်​နိုင်​မယ်​ ထင်​ပါတယ်​၊ ဒါ​ကြောင့်​ ကျ​နော်​တို့လူငယ်​​တွေရဲ့စိတ်​မှာ positive အ​တွေး ဝင်​သွား​စေမယ့်​ ဆုံးမစကားမျိုး ​ပြောပြ၊နားချ​ပေးပါ၊..
လူကြီးသူမ ​တွေရဲ့ စကားအများစုဟာ လူငယ်​​တွေအတွက်​ negative sense ဖြစ်​ကြတာ များပါတယ်​၊...
ကျ​နော်​တို့လူငယ်​​တွေသည်​ negative sense ထက်​ positive sense ရမယ့်​အ​တွေး၊စကားအနည်းအကျင်း ကိုသာ နား​ထောင်​လိုကြပါတယ်​၊
ဘယ်​သူမဆို မိမိပျိုး​သောပန်း လှ​စေချင်​တာ အမှန်​ပါ၊...ဒါ​ပေမယ့်​ပျိုးနည်း​တော့မှန်​ကန်​ပါ​စေ
မိမိပျိုးလိုက်​​​သောပန်းများ​ကြောင့်​ ဝမ်းသာပီတိဖြစ်​နိုင်​ကြပါ​စေဗျာ...
ပျိုး​သောပန်း လန်းပါ​စေ...
ကျ​နော်​လူငယ်​တစ်​​ယောက်​​အ​နေဖြင့်​ ရင်​ဖွင့်​စကားအ​နေဖြင့်​ ​ရေးသားထားခြင်းသာ ဖြစ်​ပါတယ်​ဗျာ...
ကျ​နော့်​အ​တွေး၊အ​ရေး​တွေကို သ​ဘောမကျလျှင်​လည်း ​တောင်းပန်​အပ်​ပါတယ်
အပြစ်​သ​ဘောမပါသလို...လူကြီး​တွေရဲ့​ပြောင်းလဲသင့်​သည့်​အချက်​များ အနည်းငယ်​ကို ​ဖော်​ပြခင်း သက်​သက်​ပါ
=========================


download.jpg


တစ်​ကားတည်းစီး ခရီးသွားများ...

ကျ​နော်​တို့Steemit Users​တွေသည်​ တစ်​လမ်းတည်းသွား​နေ​သော ခရီးသွားများနှင့်​တူတယ်​၊ ကျ​​ ​နော်တို့ဟာ လူ့ပတ်ဝန်းကျင်တွင် ​နေထိုင်​ကြသည်​ဖြစ်​ရာ လူမှူ​ရေး၊စီးပွား​ရေး ၊ပညာ​ရေးစ​သော ကဏ္ဍ အသီးသီးတွင်​ အခက်​အခဲတစ်​​ပွေ့တစ်​ပိုက်​နဲ့ ​​​​​Steemit ​ဟု​ခေါ်​သော လမ်းမ​ကြီး​ပေါ်တွင်​ ​လျှောက်​လှမ်း​နေကြ​သောသူ၊ခရီးသွား​ဖော်​များ ဖြစ်​ပါတယ်​၊ ဒါ​ကြောင့်​လူတိုင်း​သည်​ပုတုဇဉ်​ လူသားဖြစ်​ရာ အား​လျော့ခြင်း၊ ပျင်းရိခြင်းများဖြင့်​ လမ်းမှာ ပြတ်​ကျန်​ခဲ့မှာ အ​သေအချာပါပဲ သို့​ပေမယ့်​ ထိုသို့ပြတ်​မကျန်​ခဲ့​စေရန်​ ခရီးသွားတစ်​ဦးနှင့်​တစ်​ဦး ​ဖေးမကူညီရင်း Steemit လမ်းမကြီးကို ​ချော​မောစွာ ​လျှောက်​လှမ်းသင့်
့ပါတယ်​၊...

ထိုနည်း၎င်း ကျ​နော်​တို့​လျှောက်​တဲ့လမ်းမှာ ​မနာလိုသူ​တွေ၊ ​ဘေး​ပြောတတ်​တဲ့သူ​တွေစတဲ့ဆူး​ညောင့်​ခလုတ်​​တွေ ရှိမှာဖြစ်​တဲ့အတွက်​ ကျ​နော်​တို့ဟာ ထိုကိစ္စများကို အာရုံထဲမထားပဲ ​ရှေ့ဆက်​​လျှောက်​လှမ်းသင့်​ပါတယ်​၊ ​ခွေး​ဟောင်​တိုင်း ထကြည့်​လျှင်​ အိပ်​​ရေးပျက်​မည်​ဖြစ်​သည်​၊...
ကျ​နော်​တို့Steemit Myanmar Groupကြီးမှာလည်း တ​နေ့ပြီးတ​နေ့ အဆင်​​ပြေ​ချော့​မွေ့​အောင်​ ကြိုးစား စီစဉ်​​နေကြဆဲပါ၊..
ကျ​ ​နော်​ steemit platform ​ပေါ်တွင်​ စ ​ရောက်​ခါစတုန်းက postတိုင်းမှာ 0.01$​လောက်​နဲ့ ​ကျေနပ်​ခဲ့ရပါတယ်​လို့​ပြောလျှင်​စာဖတ်​သူတို့ယုံမည်​မထင်​၊...ကျ​နော်​အင်​မတန်​ စိတ်​ဓာတ်​ကျခဲ့ဖူးပါတယ်​ ၊ သို့​ပေမယ့်​ အဖွဲ့အစည်းနှင့်​တကွ လုပ်​​ဆောင်​လာတဲ့အခါမှာ​တော့ Leader ရဲ့ကြိုးပမ်းမှူ​တွေ​ကြောင့်​ ကျ​နော်​တို့မြန်​မာmembersတိုင်းမှာ ပုံ​သေရနိုင်​တဲ့ $ ရ​အောင်​ ကြိုးပမ်း​နိုင်​ခဲ့ပြီ..ထိုပုံ​သေရ​နေ​သော$များမှာ အဖွဲ့ အစည်း တခုက ကူညီသည်​ဖြစ်​ရာ ​ရေရှည်​ကူညီမည်​မဟုတ်​​သော​ကြောင့်​ ဒီတိုင်းဆက်​သွားလျှင်​ ကျ​နော်​​ကြုံခဲ့​သော 0.01$နဲ့အိပ်​တဲ့ည ​တွေ များလာပါလိမ့်​မယ်​ ....ဒါ​ကြောင့်​ ထိုသို့မဖြစ်​ရ​လေ​အောင်​ ကျ​နော်​တို့ရရှိတဲ့ $sbd ​တွေကို steem power အဖြစ်​​ပြောင်းလဲကာ ထိန်းသိမ်းရင်း တခြားအဖွဲ့ အစည်း က မကူညီသည့်​အခါမှာ အား​လျော့ခြင်းများ မဖြစ်​ရ​လေ​အောင်​ sp power ​တွေစုထားကြ​စေချင်​ပါတယ်​၊......
ထပ်​​ပြောပါမယ်​ခင်​ဗျာ..ကျ​နော်​တို့ဟာ တ​လှေတည်းသွား၊တစ်​လမ်းတည်းသွားခရီးသည်​​တွေပါ....
အ​ရေးကြီး​သောတစ်​ခုဖြစ်​တဲ့ Copy post,Crd postများ
ယခုအသစ်​သစ်​​တွေတိုးလာတာနဲ့တပြိုင်​နက်​ ကွကို မစူးစမ်းပဲ မတင်​ကြပါနဲ့ခင်​ဗျာ
Steemit ဟာ fbနဲ့မတူပါ..ဘယ်​လိုစည်းကမ်းချက်​​တွေရှိလဲဆိုတာ သိ​အောင်​​လေ့လာပါ.....လိုအပ်​ရင်​ ကျ​နော်​တို့ကိုလည်း ​မေးမြန်းနိုင်​ပါတယ်​ခင်​ဗျာ....
Copy or Crd post တင်​တာနဲ့တပြိုင်​နက်
Cheetah ဆို​သော robot ဟာcopy post ​အောက်​တွင်​ ဝင်​မန့်​မည်​၊ထိုဖြစ်​လာလျှင်
ကျ​နော်​တို့profile ​ဘေးတွင်​ရှိ​သော reputation နံပါတ်​​လေးရဲ့ တိုးတက်​မူဟာ ​လျော့ပါး လာပါမယ်​...
ရိုင်းရိုင်း​ပြောရလျှင်​ သူခိုးတစ်​​ယောက်​အ​နေဖြင့်​ ပြစ်​မှူ​မြောက်​တဲ့အပြင်​ Steemit Board မှာ myanmar လူမျိုး ဘယ်​သူဘယ်​ဝါသည်​ copyလုပ်​ပါသည်​ ဟု တင်​ပါတယ်​ ထိုစာရင်းထဲတွင်​ ပါလာသည်​နှင့်​တစ်​ပြိုင်​နက်​တည်း ကျ​နော်​တို့မြန်​မာလူမျိုးအကုန်​လုံး နစ်​နာရတယ်​၊ မျက်​နှာပျက်​ရပါတယ်​ အခြားအဖွဲ့အစည်းနဲ့ယှဉ်​လျှင်​ များစွာ မျက်​နှာငယ်​ရပါတယ်​...ဒါ​ကြောင့်​ ငါးခုံးမ တစ်​​ကောင်​​ကြောင့်​ တစ်​​လှေလုံး အပုပ်​ မခံရ​လေ​အောင်​ copy ,crd post များ လုံးဝ မတင်ကြပါနဲ့ဟု တိုက်​တွန်းလိုက်​ပါရ​စေ...
IMG_20170824_070118.jpg
အိမ်​နီးချင်းနိုင်​ငံတွင်​ အဘက်​ဘက်​မှ နိမ့်​ကျ​နေ​သော ကျ​နော်​တို့နိုင်​ငံက မြန်​မာ​တွေ အထင်​​သေးမခံရ​အောင်​ ကြိုးစား​ကြပါ၊...နည်းပညာဘက်​တွင်​လည်း​ကောင်း၊လူမှူ​ရေးတွင်​လည်း​ကောင်း၊စီးပွား​ရေးတွင်​လည်း​ကောင်း တိုးတက်​​အောင်​ ​လျှောက်​လှမ်းကြ​စေချင်​၊...

တခြားနိုင်​ငံများမှ အထင်​​သေးတာ မခံရ​အောင်​ ကြိုးစားကြပါ၊...လက်​ဖက်​ရည်​ ဆိုင်​မှာ အချိန်​ကုန်​မည့်​အစား Steemit ​ပေါ်မှာ ​လျှောက်​လှမ်းရင်း ဗဟုသုတအပြင်​ $များကို ရယူကြပါ၊....
ကျ​နော်​တို့မြန်​မာလူ​တွေသည်​ Steemit ဟု​ခေါ်​သော ကား​ပေါ်မှာ လိုက်​ပါစီးနင်းကြ​သော သူများဖြစ်​ရာ...တစ်​​ယောက်​နဲ့တစ်​​ယောက်​​ဖေးမကူညီရင်း Steemit ​ပေါ်မှာ MYANMAR ဆိုတဲ့ စကားလုံး အထင်​အရှားရှိ​စေချင်​တယ်​၊.....
ကျ​နော်​တို့မြန်​မာ​တွေအတွက်​ Steemit ​ပေါ်မှာ MYANMAR အသိအမှတ်​ပြုလိုက်​ပြီဆိုရင်​ ကျ​နော်​တို့ကြိုးစားသမျှဟာ အလကားမဖြစ်​ပဲ ကျ​နော်​တို့ယ​နေ့မှာ ရုန်းကန်​​နေရသည့်​ စားဝတ်​​နေ​ရေးအခက်​အခဲ​တွေကို ​ဖြေရှင်း​ပေးမည့်​အဆင့်​သို့ ပင်​ ​ရောက်​ရှိနိုင်​​ပေမည်​၊ သို့​ပေမယ့်​ စည်းကမ်းမရှိ Copy ​တွေလုပ်​ ​၊ ကူညီ​ဖေးမခြင်းမရှိရင်​ ကျ​နော်​တို့မြန်​မာ​တွေ အခု Steemit ​ပေါ်မှာ မျက်​နှာငယ်​စရာဖြစ်​လာမယ်​၊...ဒါ​ကြောင့်​ ကျ​နော်​တို့လူငယ်​​တွေ ပီပီ မ​လျော့​သော ဇွဲနဲ့ ကြိုးစားကြရင်း $​တွေ ရရှိ​အောင်​ စွမ်း​ဆောင်​ကြရ​အောင်​လားဗျာ....

ကျ​နော့်​စာကို ဖတ်​ရှူကြတဲ့ညီအကို​မောင်​နှမ အားလုံး​ကျေးဇူးတင်​ပါတယ်​ ​ဗျ ...
မှား​နေတာရှိရင်​လည်း ဖြည့်​စွက်​၍ ဖတ်​​ပေးကြပါလို့...​တောင်းဆိုပါတယ်​...

ဘယ်​သူဘာ​ပြော​ပြော ကျ​နော်​က​တော့
Steemit ကို ချစ်​ပါတယ်​.......(>‿♥)

Written by yairthiha
Steemit Myanmar

Sort:  

အတွေးအမြင်တွေ ကြိုက်တယ်ဗျ

ကြိုက်​ရင်​ vote....ဟဲဟဲ

ကောင်းပါတယ

မနေ့ညကပြောင်းလဲပေးလိုက်ပီလေ
Fighting လူငယ်များ

Very good please follow me

Thanks,I already follow you .I always follow myanmar

စာရေးဆရာ လုပ်သင့်နေပါပြီ ကိုရဲ

ဒါ သက်​သက်​ ဖဲ့​ပြောင်​တာ သိသာ​ဒေ....​ကျေးဇ

ငိ ဂယ်ပါ ...ညီလေး...😃

Do you have T.P. for my bunghole? I would hate for my bungholio to get polio.

အဲ အင်္ကျီ အခုထိ မလျှော်သေးဘူးလား

အာ့ပုံပဲ...တင်​တာ​လေ..အကိုကလဲဂျာ...ငင့်

thanks for sharing bro. good post.

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61060.27
ETH 2927.58
USDT 1.00
SBD 3.55