ကာရန်မညီတဲ့ကဗျာတစ်ပုဒ်
မိုးကောင်းကင်ရံထက်မှာ
ကြယ်ကလေးတွေက
မှိတ်တုတ်မှိတ်တုတ်လင်းလက်နေတာကို
ငါတွေ့လိုက်ရပြန်တော့ ပင်ပန်းစိတ်တွေနဲ့
ငါ့ရင်တစ်ခြမ်းဟာလည်း ချစ်သူကို
လွမ်းသောစိတ်တွေနဲ့ ကြယ်လေးတွေဟာ
မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသလို လွမ်းစိတ်တွေနဲ့
ပင်ပန်းမူတွေ တိုးလို့နေပြန်တယ်ဟာ…………………………

ငါ့အတွက် ပျော်ရွှင်နေခဲ့ရတဲ့အချိန်တွေဟာ
ချစ်သူနဲ့ ကြည်နူးနေရတဲ့အချိန်တွေပါပဲလေ
ကောင်းကင်ယံထက်မှာ တိမ်ထုလေးတွေကလည်း
တရွေ့ရွေ့လွင့်မျောနေတယ် အချိန်ဆိုတာကို
ပြန်ကြည့်လိုက်ပြန်တော့ ညနက်နက်
လူတွေအိပ်မောကျနေချိန်လေ
အိပ်မယ်ဟန်ပြင်တော့လည်း
ချစ်သူကို သတိတရစိတ်နဲ့
အိပ်မရနိုင်တာ ချစ်သူကိုလွမ်းသောစိတ်တွေနဲ့ပေါ့…………………

ချစ်ရသောသူရယ် ညနက်နက်
လတစ်ခြမ်းမှာ ငါ့အလွမ်းတွေကို
နင်သိစေချင် ငါစိတ်ဆန္ဒဖြစ်ပေါ်နေတာ
ညနက်နက် လေညှင်းက အရပ်ရှစ်မျက်နှာ
တိုက်ခက်နေခြင်းနှင့်အတူ ငါရေးဖွဲ့နေတဲ့
ချစ်သူအတွက် ကာရန်မညီတဲ့ကဗျာတစ်ပုဒ်ကို
ငါရေးဆက်နေရင်း ချစ်သူထံသို့ လေလိုင်းကနေ
အရောက်ပို့လိုက်ပါတယ်ချစ်သူရယ်
ငါနဲ့ပတ်သက်သမျှတွေကို မေ့ပျောက်သွားလို့
ချစ်သူတစ်ယောက် ကောင်းမွန်စွာနဲ့ ခုချိန်မှာ
အိပ်စက်နေလောက်ပြီပေါ့နော်……………………

author:@winkyaw
photos:cedit facebook images
ညီအောင်ငြိပေါ့လေ
ဟုတ်ကဲ့ခင်ဗျာ
ဖတ်ကောင်းပါ့ကွာ
ကျေးဇူးတင်ပါတယ်
ရေးတာလေးတွေတိုးတက်လာတယ်ဟ