" ကစဥ့်ကလျား…ဝေဒနာ"steemCreated with Sketch.

in #myanmar8 years ago (edited)

Screenshot_20180116-161730.jpg
အတိတ်ရဲ့ အရိပ်တွေဟာ…မှုန်ရီ ဝိုးတစ်ဝါး…မြူ ခိုးတွေလို ပဲ…
ပေါ်လာလိုက်…ပျောက်သွားလိုက်နဲ့…
ဓမ္မတာမမှန်တဲ့…ဖြစ်စဉ်တစ်ခုကိုကုသနေရသလို…

မျှော်လင့်ချက်သာမထားခဲ့ရင်…
ဘဝမှာဝမ်းနည်းစရာဆိုတာလည်း …မရှိသလောက်ပါပဲ…
လူဆိုတာမျှော်လင့်ရင်းပဲ…သေဆုံးကြရတာမဟုတ်လား…

မက်ခွင့်မရှိတော့တဲ့အိပ်မက်ရထားကြီးကို
အပေါစားမျက်ရည်တွေနဲ့  မောင်းနှင်ရင်း
ကျွန်တော်စာရေးသူအပါအဝင်…
တစ်ချို့ နှလုံးသားတွေ…စတေးခံနေကြရတယ်…

ဝေဒနာရဲ့ ဆေးစက်တွေ…စုတ်ချက်ကြမ်းလွန်းတော့လည်း…
လူသားတိုင်းရဲ့ ဘဝမှာ…လှပတဲ့ပန်းချီကားတစ်ချပ်ဆိုတာ…
အမြဲဖြစ်မလာနိုင်ဘူး…

ဘဝဟာရှင်သန်ခြင်းဆိုရင်…
"အနာဂါတ်ရဲ့ …အဆုံးထိလျှောက်လမ်းသွားကြရမယ်"
ဆိုတဲ့အသိဟာ…ဆုလာဒ်တစ်ခုလား…
ဒါဆိုရင်…သတိထားဖို့ လိုပြီလေ…
အတု နဲ့ အစစ် ရောစပ်ထားတဲ့လောကကြီးက…
အနှိုင်အရှုံးတွေနဲ့ ပဲ…ပိုင်းဖြတ်ကြလိမ့်မယ်…

နောက်ဆိုရင်…မနက်ခင်းတွေဟာ …
သိပ်,လှပတော့မယ်မထင်ဘူး…
တိမ်တွေကလည်း ပြို ဆင်းလိုက် …
လွှင့်မျောလိုက် နဲ့ မတည်ငြိမ်တော့မှာသေချာတယ်…
ညဆိုရင်…ကောင်းကင်မှာကြယ်တွေတောင်…စုံ,ပါတော့မလား…

ကဗျာရေးတိုင်း" ကဗျာဆရာ "…မဟုတ်သလို…
သစ်ပင်တိုင်းလည်း…ထင်းမဖြစ်ဘူး…
အဲ့လိုပဲ…ကိုယ်ချစ်ချင်တိုင်းလည်း…ချစ်,မရဘူးတဲ့လား…

တစ်ခုခုတော့မှားနေတာ…သေချာပြီ.…
အဆင်မပြေတဲ့…ဘဝအခြေအနေတွေကြားက…
အခု…ငါ,ရေးသားနေတာ…
စိတ်ကစဥ့်ကလျားဝေဒနာတစ်ပါးများလားလို့ ပေါ့……

                                                                                                 ကြိုးစားရေးသားပါဦးမည်
                                                                                              " winko "by own lunacy 
                                                                                             (Maun Mou Nja In Facebook)
Sort:  

ပြောဖွယ်မရှိ မော်ဒန်ဖြစ်ပါတယ်။

ဆရာချီးကျူးတာ
ဝမ်းသာမိပါတယ်ဆရာ
တစ်ကယ်ပါ…
ကြိုးစားရေးသားပါ့မယ်

ကိုလေးဖြူကတော့ငိုတော့မှာပဲ ခဗျားလုပ်ပုံနဲ့

ဟုတ်လား ဗျ

တိုးတက်လာတယ်ဟေ့

တစ်ကယ်ပြောတာလားဗျ

ကောင်းတယ်ညီ ဒီလိုလေးဆက်ထိန်းနိုင်ရင် voteတွေ တိုးလာအုံးမယ်

ဟုတ် ကိုကြီးကြိုးစားပါ့မယ်

အရေးသားမိုက်တယ် bro ကြိုးစားပါဦး welcome ပါဗျာ follow လုပ်သွားပါသည် :) steemit မှာ အောင်မြင်ပါစေဗျာ

ဟုတ် bro ကျေးဇူးပါပဲ
ကြိုးစားရေးဖွဲ့ ပါဦးမယ်
Follow ပြန်လုပ်ထားပါတယ်

အားလုံးအောင်မြင်ကြပါစေ

ကျေးဇူးပဲ Group မှာတွေ့ ဖူးတယ်နော်
Thank

မိုက်တယ် အစ်ကို

ဟုတ်ကဲ့ပါ bro.post တွေလည်း
ဗသုသုရော အချစ်ဒဿနတွေရော
Good တယ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 60924.48
ETH 1580.88
USDT 1.00
SBD 0.47