"Stop Rape"

in #myanmar8 years ago (edited)

လွန်​ခဲ့တဲ့ ရက်​အနည်းငယ်​က စာ​ရေးသူတို့ မြို့နားက ​ကျေးရွာ​လေးတစ်​ရွာ သက်​ငယ်​မုဒိမ်းမှု(rape)တစ်​ခုဖြစ်​သွားတယ်​။ မုဒိမ်းမှုခံရတဲ့​ကောင်​မ​လေးဟာ အသက်​က၁၇နှစ်​၊ ၉တန်း​ကျောင်းသူ​လေး။ မုဒိမ်းကျူးလွန်​ခံရတဲ့​ကောင်​မ​လေးနဲ့ တရားခံက မျက်​နှာချင်းဆိုင်​အိမ်​က၊ ပတ်​ဝန်​ကျင်​မှာ အ့လိုမ​ကောင်းတဲ့​တရားခံရှိတာ သိပ်​​ကြောက်​ဖို့​ကောင်းပါတယ်​။ ​ဒီလိုတရားခံ​တွေ​ရော ​နောက်​ထပ်​ ​နောက်​ထပ်​ မ​ကောင်းတဲ့လူ​တွေပါ စံပြသင်​ခန်းစာတစ်​ခုဖြစ်​သွား​အောင်​ ​သေဒဏ်​​ပေး​စေချင်​ပါတယ်​။
အခုတ​လော အရမ်းကြား​နေရတာ မုဒိန်းမှု၊ ​နောက်​ဆက်​တွဲ လူသတ်​မှု။ တရားခံ​တွေအ​နေနဲ့ ဘာ​ကြောင့်​ ကျူးလွန်​ရဲတာလဲ?
တရားခံ​တွေအ​နေနဲ့ ဘာ​ကြောင့်​ ကျူးလွန်​ရသလဲဆို အ​ဖြေဟာ ရှင်းရှင်း​လေးပါ၊ နိုင်​ငံ​တော်​က ချမှတ်​ထားတဲ့ ဥပ​ဒေကို မ​ကြောက်​လို့လုပ်​ရဲကြတာပါ၊ သူတို့ ဒီလို​တွေလုပ်​လဲ နိုင်​ငံ​တော်​ကချမှတ်​တဲ့ ပြစ်​ဒဏ်​ဟာ သူတို့အတွက်​ ​ကြောက်​မက်​ဖွယ်မဖြစ်​​တော့ သူတို့ဟာ အ့လိုပြုမူကြပါတယ်​။ တခြားနိုင်​ငံ​တွေ​တော်​​တော်​များများ မုဒိမ်း(rape)မှုဆို ​သေဒဏ်​အထိ အပြစ်​​ပေးပါတယ်​။ ​သေဒဏ်​​​ပေးတာတောင်​ ​သေနက်​ပစ်​၊ ကြိုးဆွဲချတာမဟုတ်​ဘူး၊နာကြင်​မှုဒဏ်​၊ စိတ်​ပိုင်​ဆိုင်​ရာဒဏ်​ကို​ပေးပြီးမှ ​သေဒဏ်​​ပေးတာ။ အ့လို​ပြစ်​ဒဏ်​​တွေ​ကြောင့်​ မုဒိမ်းမှုဖြစ်​ပွားမှုဟာနည်းပါတယ်​။
ထို့​ကြောင့်​ ပြည်​သူတစ်​​ယောက်​အ​နေနဲ့ မုဒိမ်းမှု(rape)ဖြစ်​လာခဲ့ရင်​ ​ထောင်​ဒဏ်​မ​ပေးဘဲ ​သေဒဏ်​​ပေးပါလို့ ​တောင်းဆိုချင်​ပါတယ်​။
image
Credit Photo Facebook


Sort:  

ထောက်ခံပါတယ်

အ့လိုပြစ်​မှု​တွေကို ​သေဒဏ်​​ပေးလိုက်​ရင်​ ​မ​ကောင်းတဲ့လူ​တွေ ​တော်​​တော်​ပ​ပျောက်​သွားမှာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by waku from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.079
BTC 62490.60
ETH 1674.10
USDT 1.00
SBD 0.47