Life

in #zappl8 years ago

🍃ဘဝမှာ ရုန်းကန်ရတာများလာတဲ့အခါ ...
အစမှာ ပင်ပမ်းပေမယ့် တဖြည်းဖြည်း ရုန်းကန်မှုတွေနဲ့ အသားကျသွားတယ်.

🍃အသည်းကွဲရတာများလာတဲ့အခါ အစမှာ မျက်ရည်ပိုးပေါက်ကျပေမယ့် တဖြည်းဖြည်း နှလုံးသားက ထုသားပေသားကျလာတယ်.

🍃လွမ်းတာများလာတဲ့အါ အစမှာ သေလောက်အောင်လွမ်းရပေမယ့် တဖြည်းဖြည်း အလွမ်းတွေကြားနေတတ်လာတယ်.

🍃ခွဲခွာမှုတွေများလာတဲ့အခါ အစမှာ ခံစားနာကျင်ရပေမယ့် တဖြည်းဖြည်း အပြုံးတွေ နဲ့ နှုတ်ဆက်တတ်လာတယ်.

🍃လက်လွှတ်စွန့်လွှတ်ရတာများလာတဲ့အခါ အစမှာ နှလုံးသည်းခြေပျက်မတတ်ခံစားရပေမယ့် တဖြည်းဖြည်း အေးအေးချမ်းချမ်း စွန့်လွှတ်တတ်လာတယ်.

တကယ်က အရာရာဟာ ပထမဆုံးအကြိမ်မှာ ခံစားမှု ဒီဂရီမြင့် ရူးမလိုပေမယ့်
ပထမဆုံးကြိမ်ကို ကျော်ဖြတ်ပြီးရင် ...
ဘဝမှာ ကြုံတွေ့သမျှအရာရာဟာ ခေတ်စကားနဲ့ပြောရရင်တော့ ပီးနပ် ပေါ့.

image

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.077
BTC 61874.73
ETH 1626.75
USDT 1.00
SBD 0.40