စိတ်၏ယုံကြည်ရာ

in #myanmar6 years ago (edited)

image
စိတ်သည် လွန်စွာ အားကောင်းသော စွမ်းအင်တစ်ခုဖြစ်သည်။ မိမိတို့ဖြစ်စေချင်သည့်အရာတွေကို ဖြစ်ပေါ်စေသည်ကလည်း ထိုစိတ်၏ စေညွှန်ရာ တောင့်တရာကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ကောင်းရာကိုတွေးတောနေလျှင် ကောင်းတာဖြစ်သကဲ့သို့ မိမိ၏စိတ်မှ မကောင်းမှု့ကို တွေးမြင်နေမိလျှင် မကောင်းသောအရာများဖြစ်လာတတ်ပေသည်။ မသိစိတ်မှဖြစ်ပေါ်လာသော စိတ်၏စွမ်းအားသည် လွန်စွာအားကောင်းလှပေသည်။ သတိထားမိကြည့်ဖူးပါသလား။
အကယ်၍ သင်တို့ဟာ ကျောင်းသွား၊ အလုပ်သွားတဲ့အခါမျိုးမှာ နောက်ကျနေလျှင် သင်တို့၏စိတ်ထဲတွင် "ငါတော့ ရုံး/ ကျောင်းနောက်ကျနေပြီ မီမှမီပါ့မလား။ မမီရင်တော့......" စသည့်ဖြင့် တွေးတောဖြစ်ကြမည်ဖြစ်သည်။ ထိုအခါမျိုးတွင် လမ်း၌ မီးပွိုင့်မကြာခဏမိခြင်း၊ accident တစ်စုံတစ်ခုကြောင့် လမ်း၌ကြန့်ကြာခြင်း၊ အရင်ကရှင်းနေသောလမ်း၌ပင် ယာဉ်ကြောကြပ်တည်းခြင်း စသည့် အခြေအနေမျိုးများနှင့် ကြုံတွေ့ပြီး ရုံး/ ကျောင်း အချိန်မမီဘဲဖြစ်သွားလေ့ရှိသည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် သင်တို့အနေဖြင့် ငါနောက်ကျပေမယ့်လည်း မီပါတယ်။ အချိန်မီရောက်ကိုရောက်တယ်ဟု တွေးထင်ပြီး သွားကြည့်ပါက လမ်းမှာ အရာရာအဆင်ပြေပြီး အချိန်မီရောက်ရှိနိုင်သည်။
ထို့အပြင် စိတ်မှာ ခြောက်ခြားစရာများကိုတွေးထင်မိပါက မိမိ၏စိတ်ထဲ၌ပင် ကြောက်ရွံနေတတ်သည်။ မိမိကြားဖူးသော အကြောင်းအရာတစ်ခုဖြင့် ဥပမာပေးပြောပြလိုပါသည်။
ပြင်ဦးလွင်မြို့တွင်နေထိုင် ဦးဖေတင်ဆိုသော လူတစ်ယောက်တွင် တစ်ခြားမြို့မှ စာရေးဆရာမိတ်ဆွေတစ်ယောက်ရှိသည်။ ထိုစာရေးဆရာသည် တစ်နေ့တွင် ဦးဖေတင်ဆီ ဖုန်းလှမ်းဆက်လေသည်။ "သူငယ်ချင်းရေ ငါ မင်းတို့မြို့မှာ အေးအေးဆေးဆေး စာလာရေးချင်လို့။ ငါ့အတွက် အေးအေးလူလူစာရေးလို့ရမယ့် အိမ်လေးရှာပေးပါလားကွာ။ တစ်လလောက်ပေါ့" ဟုပြောလာပါသည်။ ဦးဖေတင်မှလည်း "လာသာလာခဲ့ပါကွာ အစစအရာရာ အားလုံး အဆင်ပြေစေရမယ်" ဟုပြန်လည်ပြောကြားလိုက်သည်။
မကြာမီ စာရေးဆရာလည်း ပြင်ဦးလွင်သို့ ရောက်ရှိလာပြီး ဦးဖေတင်မှ စာရေးဆရာ နေထိုင်ရမယ့်အိမ်သို့ လိုက်လံပို့ဆောင်ပေးပြီး ထိုအိမ်၌ပင် စကားစမြည်ထိုင်ပြောနေကြသည်။ ဦးဖေတင်မှ စာရေးဆရာအတွက် ကုန်ကြမ်းရလိုရငြား အဖြစ်အပျက်တစ်ခုကိုပြောပြမယ်ဆိုပြီး အောက်ပါအတိုင်း ပြောပြလေသည်။
တစ်ခါတုန်းက စိမ်းဝါနုဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ သူမရဲ့ မိဘတွေနဲ့အတူတူ ပြင်ဦးလွင်မှာ နေထိုင်တယ်။ သူမငယ်စဉ်က မိဘနဲ့အတူတူကြီးပြင်းလာခဲ့ပြီး သူမရှစ်တန်းနှစ်အရောက်မှာ သူမရဲ့မိဘတွေ အလုပ်ကိစ္စနဲ့ မန္တလေးကအပြန် လမ်းမှာ ကားမတော်တဆဖြစ်ပြီး ဆုံးပါးသွားခဲ့တယ်။ သူမမိဘတွေ ဆုံးပြီးနောက်မှာ တမှိုင်မှိုင် တတွေတွေ ဖြစ်နေတာကြောင့် သူမရဲ့ ဦးလေးဖြစ်သူက အတူတူလာရောက်နေထိုင်ပြီး အားပေးနှစ်သိမ့်ပေးမှု့ကြောင့် ပြန်လည်ထူထူထောင်ထောင်ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ အချိန်တွေကုန်ဆုံးလာပြီး စိမ်းဝါနုတစ်ယောက်လည်း တက္ကသိုလ်တက်တဲ့အရွယ်ကို ရောက်လာခဲ့တယ်။ တက္ကသိုလ်တက်နေစဉ်မှာ ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့တယ်။ အချိန်တွေကြာလာတော့ စိမ်းဝါနုလည်း သူမရဲ့ကောင်လေးကို သူမဦးလေးနဲ့ မိတ်ဆက်ပေးပြီး မကြာခင်မှာပဲ လူကြီးစုံရာနဲ့ လာတောင်းမယ့်အကြောင်း ပြောပြခဲ့တယ်။ ဒီလိုနဲ့ စိမ်းဝါနုတို့အတွဲလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အဝတ်အစားတွေ စီစဉ်နေကြတာပေါ့။ တောင်းရမ်းပွဲမတိုင်ခင်တစ်ရက်မှာ ကောင်လေးက သူမရဲ့မိဘတွေရှိရာ မန္တလေးသို့သွားရောက်ခေါ်ဆိုခဲ့ပြီး ပြင်ဦးလွင်သို့အလာလမ်းမှာ ယာဉ်တိုက်မှု့ဖြစ်ပြီး တစ်မိသားစုလုံး ဆုံးပါးသွားခဲ့တယ်။ ဒီသတင်းကိုကြားရတဲ့ စိမ်းဝါနုတစ်ယောက်မှာ ဆောက်တည်ရာမရဖြစ်သွားခဲ့တယ်။ အဲ့ဒီနောက်မှာတော့ စိမ်းဝါနု တစ်ယောက် အခန်းထဲမှာပဲ ဘာမှမစားဘဲ နေလာခဲ့တယ်။ ဘယ်လိုချော့မော့ကျွေးကျွေး ဘာမှမစားတော့ဘဲ နောက်ဆုံးမှာတော့ သူနေထိုင်ရာ အခန်းလေးထဲမှာပဲ သူ့ကိုယ်သူသတ်သေသွားခဲ့တယ်။
ကဲ အဖြစ်အပျက်ကတော့ ဒါပဲ စာရေးဆရာရေလို့ ဦးဖေတင်က ပြောပြလိုက်တယ်။ သြော် သနားစရာကောင်းတဲ့ စိမ်းဝါနုပါလားလို့ စာရေးဆရာကပြောလိုက်တယ်။ ထို့နောက်မှာတော့ ဦးဖေတင်က "သူငယ်ချင်းရေ စကားတော့ပြောလို့ကောင်းပါရဲ့။ မင်းလည်း ခရီးပမ်းလာတာဆိုတော့ အေးအေးဆေးဆေးနားလေ။ ညနေလည်းစောင်းပြီဆိုတော့ ငါလည်း ပြန်တော့မယ်။ လိုတာရှိရင်လှမ်းပြောကွာ" လို့ပြောပြီး ပြန်ဖို့ရာ ကားဆီလှမ်းသွားခဲ့တယ်။ ဦးဖေတင်လည်း ကားပေါ်ရောက်ပြီးမှ တစ်ခုကို သတိရသွားဟန်ဖြင့် မှန်ကိုချပြီး "သူငယ်ချင်း စိမ်းဝါနုနေသွားခဲ့တဲ့အိမ်က ဒီအိမ်ပဲ" ဟုပြောပြီး မောင်းထွက်သွားတယ်။ စာရေးဆရာလည်း အိမ်ထဲဝင်ပြီး ပစ္စည်းတွေနေရာချကာ လုပ်စရာရှိတာလေးတွေ လုပ်နေခဲ့တယ်။ ညရောက်တော့ အိပ်ရာဝင်ခါနီး အိမ်သာဝင်တော့ အပြင်ဖက်ကနေ ခြေသံလိုလို စကားပြောသံလိုလို သူ့နားထဲကြားနေခဲ့တယ်။ ရုတ်တရက် ဦးဖေတင်ပြောသွားခဲ့တဲ့ စိမ်းဝါနုနေသွားခဲ့တဲ့အိမ်က ဒီအိမ်ပဲ ဆိုတဲ့စကားကိုကြားပြီး စိတ်ထဲထိတ်လန့်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ဖျက်ခနဲ့ မီးကပျက်သွားခဲ့တယ်။ စာရေးဆရာလည်း လန့်ဖျက်ပြီး အိမ်သာထဲမှ အမြန်ထွက်တော့ တံခါးကဖွင့်မရခဲ့ဘူး။ အပြင်ဖက်ကများ ချက်ထိုးသွားတာလားဆိုပြီး တွေးကြောက်လာကာ အားကုန်ထုတ်ပြီး တံခါးကိုစောင့်ကန်လိုက်တယ်။ တစ်ချက် နှစ်ချက် ဒီလိုနဲ့ ငါးချက်မြောက်အရောက်မှာ တံခါးက ဝုန်းဆိုပြီးပွင့်သွားခဲ့တယ်။ သူလည်း ဘာမှတွေးမနေနဘဲ အိပ်ခန်းထဲအမြန်ပြေးဝင်သွားလိုက်တယ်။ အပြင်မှာတော့ မီးတွေထိန်ထိန်လင်းနေတာပဲ။ မီးတော့ပြန်လာပြီ တော်ပါသေးရဲ့ဆိုပြီး အိပ်ရာထဲဝင်လိုက်ပြီး စောင်ခေါင်းမူးခြုံပြီး အိပ်လိုက်တယ်။ အဲ့အချိန်မှာပဲ ခြေသံလိုလို ဘာလိုလိုအသံကြားလိုက်ရတော့ စောင်ထဲကနေထွက်ပြီး တံခါပေါက်ကိုလှမ်းကြည့်လိုက်တော့ တံခါးပေါက်ပွင့်နေတာကိုတွေ့လိုက်ရတယ်။ ငါဝင်လာတုန်းက ပိတ်ခဲ့ပါတယ်ဆိုပြီး ကြောက်လန့်က စောင်ခြုံပြီး ပြန်အိပ်နေလိုက်တယ်။ သူ့နားထဲမှာတော့ ခြေသံ၊ အသက်ရှုသံတွေပဲ ကြားနေရတယ်။ ဒါနဲ့ အိပ်ပျော်အောင်အိပ်မယ်ဆိုပြီး အိပ်လိုက်ရာ ကြောက်ကြောက်နဲ့အိပ်ပျော်သွားတယ်။
မနက်မိုးလင်းတော့ ဦးဖေတင်ရောက်လာပြီး အဆင်ပြေလားမေးရာ စာရေးဆရာလည်း အဆင်တော့ပြေပါတယ်။ ဒါပေမယ့် တစ်ခြားများရှိအုံးမလားဟု မေးရာ ဦးဖေတင်က ဘာလို့လဲဆိုတော့ စာရေးဆရာလည်း ဒီအတိုင်းပါပဲ သိပ်မကြိုက်လို့ပြောလိုက်တယ်။ အဲ့ဒီတော့ ဦးဖေတင်က နောက်တစ်အိမ်တော့ ရှိသေးတယ်။ လိုက်ပြမယ်ဆိုပြီး လိုက်ပြလိုက်တယ်။ ထိုအိမ်ကို ရောက်တော့ စာရေးဆရာလည်း ဒီမှာပဲနေတော့မယ်လို့ပြောပြီး ပြောင်းခဲ့လိုက်တယ်။ အဲ့ဒီနောက်မှာတော့ စာရေးဆရာလည်း အဆင်ပြေသွားပြီ တစ်လလောက်ရေးမယ်တွေးထားတဲ့ စာမူဟာ ၁၅ ရက်လောက်နဲ့ ပြီးသွားခဲ့တယ်။ စာရေးဆရာလည်း သူ့မြို့သူပြန်ဖို့ ကားကွင်းကို ဦးဖေတင်လိုက်ပို့ရင်း စာရေးဆရာကို "သူငယ်ချင်း မင်းကိုပြောစရာတစ်ခုရှိတယ်။ ငါ့ကို စိတ်မဆိုးနဲ့ကွာ" ဆိုပြီးဆက်ပြောလိုက်တယ်။ "တကယ်တော့ မင်းနောက်ပြောင်းခဲ့တဲ့ အိမ်ကမှ ငါ့တူမ စိမ်းဝါနုရဲ့ အိမ်" လို့ပြောလိုက်တယ်။
အဲ့ဒီဖြစ်ရပ်မှာ စာရေးဆရာဟာ ပထမနေခဲ့တဲ့အိမ်က ဘာမှမရှိပါပဲနဲ့ သူ့စိတ်ထဲမှာ စိမ်းဝါနုသတ်သေခဲ့တဲ့အိမ်ဆိုပြီး ကြောက်လန့်စိတ်ကကြီးစိုးနေတဲ့အတွက် ထင်ယောင်ထင်မှားတွေဖြစ်လာခဲ့တယ်။ ခြေသံတွေ စကားပြောသံတွေ တကယ်မကြားရပေမယ့် သူ့စိတ်ထဲမှာ ကြားနေခဲ့တယ်။ အိမ်သာတက်စဉ် မီးပျက်သွားရာမှာလည်း သူသတိမထားမိခဲ့တာပါ။ အိမ်သာမီးတစ်ခုပဲ ကျွမ်းပြီး ပျက်သွားခဲ့တာပါ။ အိမ်သာတံခါးဖွင့်မရတာကလည်း တံခါးကလေခိုပြီး ကျပ်နေခဲ့တာမှာ ကြောက်လန့်စိတ်ကကြီးစိုးနေခဲ့တော့ အပြင်ဖက်ကနေ ချက်ချသွားတယ်ထင်ခဲ့ခြင်းပါ။ အိပ်ခန်းတံခါးကို မပိတ်မိခဲ့တာကို ပိတ်ခဲ့မိတယ်လို့ ထင်ယောင်ထင်မှား ဖြစ်ခဲ့တယ်။
စိတ်မှာကြောက်ရွံနေမှုကြောင့် အပြင်မှာ မရှိဘဲ ထင်ယောင်ထင်မှားဖြစ်ခဲ့ရတဲ့အထိ စိတ်၏စွမ်းအားကကြီးမားပါတယ်။
image
ဒါကြောင့် မိမိတို့ဖြစ်လိုသမျှ စိတ်ဆောင်ပါက အရာရာအောင်မြင်နိုင်သည်မှာ မုချဧကန်ပင်ဖြစ်ပါသည်။
image
Writer @wailinn
MSC 144

Sort:  

ရေးထားတာ ကောင်းပါတယ်

ကျေးဇူးပါ bro ရေ

စိတ်သာရှင်စော ဘုရားဟော လို့လည်းအဆိုရှိတယ်မဟုတ်လား...

ဟုတ်
စိတ်ဆောင်ရင် အရာရာပြီးမြောက်တယ်တဲ့ဗျ

ပုံလေးတွေနဲ့စာလိုက်ဖတ်ပါတယ်

ဟုတ် ပုံအများကြီးမထည့်လိုက်တော့ဘူး

Thanks for your comment

လေးစားပီလေ…

ကျေးဇူးပါဗျ

ဇွဲသန်တဲ့ စိတ်ရဲ့ အင်အားဟာ အလွန်ကြီးမားပါတယ်

စိတ်သာရှင်စော ဘုရားဟော ဆိုပြီး မှတ်သားဖူးတယ်ဗျ

အခုလိုလေးတွေဖတ်ရတော့ steemit သုံးရတာမပျင်းတော့ဘူး
ကျေးဇူးbro

ဟုတ် အခုလို ဖတိရှု့ပေးတဲ့အတွက် ကျေးဇူးပါဗျ

သိပ်ကိုကောင်းပါတယ်bro

ဟုတ်ကဲ့ ကျေးဇူးပါဗျ

စိတ်စွမ်းအား အလွန်ကြီးမားပါတယ် ဒေါသ မောဟ လောဘ ဆိုတာလည်း ဒီစိတ်ကြောင့်ဘဲ ဖြစ်တာပါ

စိတ်ကို ထိန်းချုပ်တတ်ဖို့ စိတ်ထားတတ်ဖို့ အရေးကြီးတယ်ဗျ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26