Law & Ethics
ဥပဒေ နှင့် ကျင့်ဝတ်
ဥပဒေ - ဥပဒေဆိုသည်မှာ လူ့အဖွဲ့အစည်းနှင့် ၎င်းတို့တစ်ဦးချင်းစီအဖွဲ့ဝင်တွေရဲ့လုပ်ရပ်တွေကို အုပ်ချုပ်ကြောင်း စည်းမျဉ်းများဖြင့် စနစ်တကျသတ်မှတ်ထားသော အရာဖြစ်ပါတယ်။
ကျင့်ဝတ် - ကျင့်ဝတ်ဆိုသည်မှာ လူသားတို့ ပြုမူနေထိုင်လိုက်နာကျင့်သုံးသင့်သော အရာဖြစ်ပါတယ်။
ဥပဒေတွင် စည်းမျဉ်းစည်းကမ်းများနှင့် အမိန့်အာဏာများ ပါဝင်ပြီး ကျင့်ဝတ်တွင် အခြေအနေ တစ်စုံတစ်ခုတွင် မည်ကဲ့သို့နေထိုင်ရမည်၊ မည်ကဲ့သို့ပြုမူရမည်ကို ပြောကြားထားသည့် လမ်းညွှန်ချက်များနှင့် အခြေခံမူများပါဝင်ပါတယ်။
ဥပဒေကို ဒေသအလိုက်သော်လည်းကောင်း၊ နယ်မြေအလိုက်သော်လည်းကောင်း၊ နိုင်ငံအလိုက်သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအလိုက်သော်လည်းကောင်းမူတည်၍ သက်ဆိုင်ရာ အစိုးရများမှ ရေးဆွဲပြဋ္ဌာန်းထားသည်။ တခြားတစ်ဖက်တွင် ကျင့်ဝတ်ကို တစ်ဦးချင်းအနေဖြင့် သတ်မှတ်ကြသကဲ့သို့ ဥပဒေရေးရာများဖြင့်လည်း သတ်မှတ်လေ့ရှိပြီး ကျွမ်းကျင်သောပညာရှင်တို့၏ စံသတ်မှတ်ချက်များဖြင့်လည်း သတ်မှတ်လေ့ရှိသည်။
တစ်ချို့သော ကိစ္စရပ်များတွင် လူသားတို့လိုက်နာစောင့်ထိန်းအပ်သော ကျင့်ဝတ်များရှိသည်။ သို့သော် အဆိုပါကဲ့သို့သော ကျင့်ဝတ်များကို ဖောက်ဖျက်မှု့မရှိရလေအောင် ဥပဒေဟူသော အရာဖြင့် ထိန်းချုပ်ထားသည်ကိုလည်း တွေ့မြင်ရပေသည်။ ဥပမာအားဖြင့်ဆိုသော် ကိုယ်ဝန်ဖျက်ချခြင်းနည်းလမ်းသည် လူသားတို့အတွက် မလုပ်သင့် မလုပ်အပ်သော အရာတစ်ခုဖြစ်ပေသည်။ သို့သော် ကိုယ်ဝန်ဖျက်ချမှု့များပြားလာသောကြောင့် ဥပဒေဖြင့် ထိန်းချုပ်ထားရသည်ကို တွေ့မြင်နိုင်လေသည်။
ကျင့်ဝတ်တွင် မှန်သည် မှားသည်ဆိုသည်မှာ မိမိ၏ခံယူချက် အပေါ်တွင်သာမူတည်ပေသည်။ ဥပမာအနေဖြင့်ဆိုရသော် မိမိသည် မုန့်ထုတ်လုပ်သော ကုမ္မဏီတစ်ခုမှ စက်ရုံမန်နေဂျာတစ်ယောက်ဖြစ်သည် ဆိုပါစို့။ လက်ရှိတွင် စက်ရုံမှထုတ်လုပ်သော မုန့်များမှာ ဈေးကွက်ထဲတွင် ရောင်းအားကောင်းပြီး အောင်မြင်နေသည်။ သို့သော် မုန့်ထုတ်လုပ်ရာတွင် အသုံးပြုထားသော ပါဝင်ပစ္စည်းတစ်မျိုးမှာ ရေရှည်စားသုံးလျှင် လူတို့၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သည်။ ထိုကဲ့သို့သော် အခြေအနေတွင် သင်ဆိုလျှင် မည်ကဲ့သို့လုပ်မည်နည်း။ ထိုကိစ္စကို media မှတစ်ဆင့် ဖွင့်ချပြလျှင် မိမိတို့ရောင်းအားကောင်းနေသော မုန့်များမှာ ဈေးကွက်ထဲတွင် နာမည်ပျက်နှင့်အတူ ရောင်းအားပါထိုးကျသွားမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ဖွင့်မပြောဘဲ ဆက်သွားမည်ဆိုလျှင် စားသုံးသူတို့၏ ကျန်းမာရေးကို ထိခိုက်ပေလိမ့်မည်။ မည်ကဲ့သို့ပြုလုပ်သင့်သည်ဟူသော ကျင့်ဝတ်မှာ မိမိခံယူထားသည့် ခံယူချက်အပေါ်တွင် မူတည်နေပေလိမ့်မည် ဖြစ်သည်။
နောက်တစ်ခုပြောစရာရှိသည်က တစ်ချို့သောအခြေအနေ ကိစ္စရပ်များတွင် ဥပဒေအရကြည့်မည်ဆိုလျှင် မှားကောင်းမှားနေပေလိမ့်မည်။ မလုပ်သင့်တာလည်းရှိလိမ့်မည်။ သို့သော် လူတို့၏ ကျင့်ဝတ်အရ ဥပဒေကို ချိုးဖောက်ပြီး လုပ်ရသည့် အခါလည်းရှိပေမည်။ဥပမာအားဖြင့် လမ်းပေါ်တွင် ယာဉ်မတော်တဆ ထိခိုက်မှု့ဖြစ်ပွားနေသည်။ ထိခိုက်မိသူအား ဆေးရုံသို့ အချိန်မီ ပို့ဆောင်မှသာ အသက်ရှင်နိုင်မညိဖြစ်သည်။ သို့သော် ဥပဒေမှ ဖြစ်ပွားသည့်နေရာသို့ ရဲ(သို့)သက်ဆိုင်ရာမှ မှတ်တမ်းတင်ပြီးမှ နေရာရွှေ့ပြောင်းပိုင်ခွင့်ရှိသည်ဟု ပြောပြထားသည်။ ထိုကဲ့သို့သော အခြေအနေတွင် လူ့သားတို့၏ကျင့်ဝတ်အရ လူ့အသက်တစ်ချောင်း ကယ်ယူနိုင်ရေးသည်သာ အရေးကြီးသည်ဖြစ်သဖြင့် ရဲ(သို့)သက်ဆိုင်ရာမှ ရောက်လာသည်အထိမစောင့်ဘဲ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါလျှင် ဥပဒေအရ အရေးယူခြင်းကို ခံရနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဥပဒေကို ဆန့်ကျင်ခဲ့သည့်အတွက် ဥပဒေအရမှားသည်ဖြစ်ပေလိမ့်မည်။ သို့သော် လူ့ကျင့်ဝတ်အရကြည့်မည်ဆိုလျှင် လုပ်သင့်လုပ်ထိုက်ပေသည်။
ထို့ကြောင့် ကျင့်ဝတ်သည် ဥပဒေနှင့်မတူညီဘဲ မိမိ၏ခံယူချက် တန်ဖိုးထားမှု့အပေါ်တွင် မူတည်ပြီး တစ်ဦးနှင့်တစ်ဦး တူညီနိုင်မည်မဟုတ်ပါ။
Photo Credit - google
Author @wailinn
MSC 144
ခေတ်ပြောင်းသွားပီ..လူနာကိုဦးစားပေးရမယ့်ပြောတယ်၊ လာတားတဲ့လူဖြစ်ဖြစ်ဲဖစ်ဖြစ် ထောင်ချ့ရတယ့်ပြောတယ်ရှင့်
ဟုတ်ပါတယ်
အရင်တုန်းက အခြေအနေကိုပြောတာပါ
ထည့်ရေးဖို့ ကျန်သွားတာ
သက်ဆိုင်ရာကိုစောင့်ရင်း သွေးထွက်လွန်သူလည်းရှိခဲ့တယ်
တစ်ချိန်တုန်းကပေါ့ဗျာ တော်တော်ကိုဆိုးပါတယ်ဗျာ
တရားဥပဒေစိုးမိုးမှုရှိမှတိုင်းပြည်အေးချမ်းသာယာနိုင်မှာအမှန်ပါ။
ဟုတ်ပါတယ်ဗျ
ဥပဒေအထက်မှာ ဘယ်သူမှမရှိဖို့လည်း
အရေးကြီးပါတယ်
Good
Thanks
ဗဟုသုတရပါတယ်....
thanks for sharing
ဟုတ်ကဲ့ ကျေးဇူးပါဗျ
ကျင့်ဝတ်နဲ့ ဥပဒေအကြောင်းလေး သိရတဲ့အတွက် ကျေးဇူးပါ ရဲဝင့်ရေ
ဟုတ် အစ်မရေ
သိသလောက်လေးပြန်ရေးထားတာပါဗျ
မှတ်သားရပါသည်ခင်ဗျာ
ဟုတ်ကဲ့ပါ ကိုဒိုမီရေ
Thz for getting knowledge
Thanks for reading...
မှတ်သားရပါတယ်ဗျ
ဟုတ်ကဲ့ပါ
ရေးတတ်ပါဘိ😁😁
ကျေးဇူးပါဗျ