ရေးသားလိုက်ပါ Steemit မှာ

in #myanmar6 years ago (edited)

မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ် Steemit မှ မြန်မာများခင်ဗျာ
image
ပထမဆုံးအနေနဲ့ ဒီနေ့မနက် Steemit မှာ ကြုံတွေ့လိုက်ရတာကတော့ MSC မှာ promotion တင်ထားတဲ့ post တစ်ခုမှာ copy ကူးတင်ထားတဲ့ ကိစ္စပါ။ steemit မှာ အမြဲလိုလို သတိပေးထားတဲ့ကိစ္စပါ။ မိမိကိုယ်တိုင်ရေးသားတဲ့ အရေးအသားကိုသာ လက်ခံတာပါ။ ဒါကို သိသိလျက်နဲ့ ဘာလို့များ သူများရေးထားတာကို copy ယူချင်ကြရတာလဲဗျာ။ တကယ်လို့ copy ယူပြီးတင်ချင်တယ်ဆိုရင်လည်း Facebook မှာ ကြိုက်သလောက်ကူးပြီးတင်လို့ရပါတယ်ဗျာ။ ပြီးတော့ Chee မိသွားရင် ထိခိုက်မှာ ကိုယ်တင်မဟုတ်ဘဲ မြန်မာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိသမျှလူတွေအားလုံးကို ထိခိုက်လာမှာကို စဉ်းစားသင့်ပါတယ်။
image
တကယ်တော့ ရေးသားမယ်ဆိုရင် ကိုယ်တိုင်ရေးလို့ရတာတွေ အများကြီးပါ။ ဥပမာအနေနဲ့ပြောရရင် မိမိရဲ့နေစဉ်ဖြစ်ပျက်မှု့ကို ဒိုင်ယာရီသဘောမျိုးရေးမလား။ ရေးလိုက်စမ်းပါဗျာ။ ပြီးတော့ ငယ်စဉ်ဘဝကိုပဲရေးမလား။ မိမိတို့ ဒေသအတွင်းမှာရှိတဲ့ ပွဲတော်တွေအကြောင်း ရေးမလား။ ဒါမှမဟုတ် မိမိတို့ ဘုရားဖူးထွက်ခဲ့တဲ့အကြောင်းကိုရေးမလား။ အများကြီးပါ။ ပြီးတော့ မိမိတို့ သင်ယူလေ့လာထားတဲ့ ပညာရပ်တွေကို ပြန်လည်ရေးသားပြီး ဝေမျှမလား။ ရပါတယ်။ ဒါမှမဟုတ် မိမိတို့ရဲ့ ရင်တွင်းခံစားချက်တွေကို ရေးသားအုံးမလား။ ကဗျာလေးတွေ ရေးမလား။ ရုပ်ပုံလေးတွေနဲ့ တွဲဖက်ရေးမလား။ ရေးသားစရာတွေအများကြီးပါ။
image
ဘာကြောင့်များ သူများရေးသားထားတဲ့စာတွေကို copy ယူပြီးတင်ချင်ကြတာလဲဗျာ။ မိမိကိုယ်တိုင် ရေးသားပါ။ အစပိုင်းမှာ အရေးအသားမကောင်းဘူး ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် ရေးတာများလာရင် အရေးအသားတက်လာမှာပါ။ နောက်တစ်ခုက စာများများဖတ်ပါ။ ဖတ်ထားတဲ့စာတွေထဲကနေ မိမိရဲ့ အထင်အမြင်ကို ပြန်လည်ရေးသားနိုင်ပါသေးတယ်။ မိမိတို့ ကြည့်ဖူးတဲ့ ရုပ်ရှင်၊ ဇာတ်ကားတွေအကြောင်း ပြန်လည်ဝေမျှ ရေးသားအုံးမလား။ မိမိ အာဘော်တော့ ဖြစ်ဖို့လိုတာပေါ့ဗျာ။ ရေးသားချင်စိတ်လေးတစ်ခုပဲ ရှိဖို့လိုတာပါ။ စလုံးရေသာစလိုက်ပါ။ နောက်ပိုင်း ဖြစ်လာပါလိမ့်မယ်ဗျ။
image
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
Photo Credit - google
@wailinn (ရဲဝင့်)

Sort:  

No copy
ကော်​ပီမကူးရ
ပုံ >>STEEMIT

ကိုယ်​​ရေကိုယ်​​သွေး​တွေ ​ပျောက်​ပျက်​ကုန်​မှာစိုးလို့ပါ

ဟုတ်ပါ့ ကိုယ်တိုင်ရေးလေ အစွမ်းတက်လေပါပဲ

အမှန်ဘဲ ဘဒို

ဟုတ်ပါ့ဗျာ

ဟုတ်bro

ရေးနေဖို့သာအဓိကပါဗျာ

မမ ဘာရေးရမယ်မသိဖစ်နာ ရဲဝင့်ရေ😁😁

အကြံပေးကြည့်မယ်နော်
လုပ်ငန်းခွင်တွင်းတစ်နေ့တာ ဆိုပြီးရေးပါလားဗျ

Good ဘဒို

ဟုတ်ကဲ့ ကျေးဇူးပါဗျ

Thanks......

ဟုတ်ပါတယ်...bro...
ကြိုးစားပီးရေးမယ်ဆို ရပါတယ်။ရေးစရာ
အကြောင်းအရာကအများကြီးပါ...

ဟုတ်ပါ့ဗျာ
ရေးလိုက်ပါ ရေးစရာတွေအများကြီးပဲရယ်

အတန်တန်တားနေတဲ့ကြားကလုပ်ကျတာ

ဟုတ်တယ် အစ်မရေ
ရေးပါ ကိုယ့်ဟာကိုယ် ရေးစရာတွေတပုံကြီးပါဗျာ

Good post bro

ကျေးဇူးပါဗျ

အရမ်းကောင်းတယ် good post

သူ့အရေးအသားတွေကိုမမီပါဘူးဗျာ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26