ဥာဏ်စမ်းလေးတွေ ဖြေကြည့်ကြမယ်

in #myanmar6 years ago

ဒီတစ်ခေါက်မှာတော့ ဥာဏ်စမ်းလေးတွေနဲ့ ပတ်သက်ပြီး မေးခွန်းလေးတွေကို တင်ပေးသွားမှာပါ။
အဖြေကိုတော့ နောက်နှစ်လောက်နေရင် comment မှာ ရေးပေးထားပါ့မယ်။ အဖြေဘယ်နှစ်ခုမှန်သလဲ စစ်ကြည့်ကြပါအုံး။

ပထမပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့မြို့တွေ နာမည်ကို ဖွက်ထားတာ ဖြစ်ပါတယ်။

၁။ မြစ်အမေကြီးနဲ့မြစ်အဖေကြီးကမွေးတဲ့မြို့

၂။ လူကြီးမဖြစ်သေးတဲ့မြို့

၃။ ဒီနေ့ညငါကင်းစောင့်ရမယ့်အလှည့်မဟုတ်ဘူးဆိုတဲ့မြို့

၎။ ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့

၅။ သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့

၆။ ဆင်တွေကတဲ့မြို့

၇။ စိုစိုပြည်ပြည်မရှိတဲ့မြို့

၈။ ကျန်စစ်သားမိန်းမအမည်နဲ့မြို့

၉။ ဖားကောက်ခိုင်းတဲ့မြို့

၁၀။ လောကကြီးနဲ့ဆန့်ကျင်ဘက်အရက်ကမြို့

၁၁။ ညီမတွေရှိရင် ယောကျာင်္းယူတဲ့အခါသတိထားရမယ့်မြို့

၁၂။ ငှက်ရုပ်ဆိုးကြီးပြောင်းပြန်နေတဲ့မြို့

၁၃။ ရွာလိုက်တာမှသဲကြီးမဲကြီးပဲဆိုတဲ့မြို့

၁၄။ အနာထဲကအရည်မြို့

၁၅။ ရုံးသွားကျောင်းသွားသတိထားဒါတွေယူကွယ်မမေ့နဲ့ဆိုတဲ့မြို့

ဒုတိယပိုင်းကတော့ အောက်ကမေးခွန်းလေးတွေပါ။ ဖြေကြည့်ကြပါအုံးဗျ။

၁။ ရတနာတွေထဲမှာ သက်ရှိက ဖြစ်တည်တဲ့ ရတနာကဘာပါလဲ ။ (ပုလဲ မဟုတ်ပါ )

၂။ လူတွေ ခရီးသွားကြတဲ့အခါ ဘာစီးသွားကြပါသလဲ။

၃။ ဆန့် ဆန့် ကြီးနေတဲ့မြို့ ကဘာမြို့ လဲ။

၎။ အဲဒီ ပစ္စည်းကို အသုံးပြုဖို့ လို အပ်တဲ့ အချိန်မှာ လွင့်ပစ်လိုက် ပြီးမလို အပ်တဲ့ အချိန်မှာတော့ ပြန်သိမ်းထားတယ် တဲ့  အဲတာဘာပစ္စည်းလဲ ဗျ။

၅။ လူ၏ ခန္ဓာကိုယ်တွင် အကြီးဆုံးအင်္ဂါအစိတ်အပိုင်းသည် မည်သည့်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါသလဲ။

၆။ သူရှိနေတာ နှစ်ပေါင်းသန်းနဲ့ချီ ကြာနေပြီ....ဒါပေမယ့်သူ့အသက်ကတော့ တစ်လမကျော်ဘူး...သူဘယ်သူလဲ။

၇။ အိမ်တွေမှာ လူတွေလုံခြုံရေးအတွက် ပန်းတစ်မျိုး ထားတတ်ကြပါတယ်..ဘာပန်းဖြစ်ပါသလဲ ။

၈။ လူရယ်လို. ဖြစ်လာတာနဲ. မသင်ပဲ တတ်တာ ဘာဖြစ်မလဲ။ (ငို ခြင်းကိုပြောတာ မဟုတ် )

၉။ လူတစ်ယောက်က ရာဇ၀တ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားတယ်။ အဲဒါဆို ရင် သူကို ပြစ်ဒဏ်ပေးတယ်။ အဲ အဲဒီ ရာဇ၀တ်မှုက
အောင်မြင်သွားတယ်ဆိုရင်တော့ သူ့ကို ဘယ်သူမှ ပြစ်ဒဏ်မပေးတော့ဘူး ။ အဲဒီ ရာဇ၀တ်မှုက ဘာရာဇ၀တ်မှုလဲ။

၁၀။ သူ့ကိုအစာကျွေးရင် အသက်ရှင်မယ်။ ရေတိုက်ရင်တော့ သူသေရလိမ့်မယ်။

မေးခွန်းများမှာ အင်တာနက်နှင့် စာအုပ်များမှ ကိုးကားထားပါသည်။

@wailinn
MSU - 010

Sort:  

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 61940.56
ETH 3421.31
USDT 1.00
SBD 2.49