🌸🌸🌸အချစ်ပန်း💕💕💕

in #love8 years ago

ချစ်သူပြုံးပြလိုက်လို့..
မိုနာလီဇာ ပန်းချီကားတွေ
ဈေးကျသွားတယ်...။

ကိတ်ဝင်းစလက်ရဲ့
နှုတ်ခမ်းလေးကိုမြင်ဖူးတယ် မဟုတ်လား.
အဲ့ဒါ.ချစ်သူဆီက ခဏ
ငှါးသွားတဲ့ နှင်းဆီ တပွင့်ပေါ့..။

ဖူဂျီယားမား မီးတောင်ကြီးပေါက်ကွဲတုန်းက
စီးကျလာတဲ့ ချော်ရည်တွေ
ပူမယ်လို့တောင် မထင်မိဘူး
ချစ်သူငိုတုန်းက မျက်ရည်တွေကို
မြင်ရတာ
ရင်ထဲမှာ...ပူလိုက်တာ။

အညတရ ပန်းတပွင့်ကို
ချစ်သူပန်ဆင်လိုက်တဲ့အခါ
အခြားပန်းတွေ အကုန်လုံး
ဈေးနှုန်း ကျသွားတယ်။
ချစ်သူပန်ဆင်တဲ့ ပန်း
ဘာပန်းလဲသိလား
အဲ့တာ
ကျွန်တော်ပေးတဲ့
အချစ်ပန်း...။ ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.084
BTC 60911.74
ETH 1565.41
USDT 1.00
SBD 0.47