ယုံကြည်မှု(believe)

in #myanmar8 years ago (edited)

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ယုံကြည်မှု

image
ဒီဆောင်းပါးလေးကိုဖတ်ပြီး steemitအဖွဲ့သားများ မိမိကိုယ်ကိုယုံကြည်မှုရှိလာပါစေ။
ဘဝမှာ ကျွန်တော်တို့ ရနိင်တဲ့ကြီးမားဆုံးအကျိုအမြတ်တစ်ခုရှိပြီး ထိုအကျိုးအမြတ်ဟာ မိမိကိုယ်ကိုယုံကြည်မှုဘဲ ဖြစ်တယ်။မိမိကိုယ်ကို ဘဝကို ထိန်းကျောင်းနိင်သူသည် သာမန်လူတွေထက် ပိုပြီး သာလွန်သော ယုံကြည်မှုများရှိကြပါလိမ့်မယ်။ထိုသူတို့ဟာ လောကကြီးနဲ့ အဆင်ပြေအောင်နေတတ်ကြတယ်။နေတတ်ရင် ကျေနပ်စရာတွေလိုဘဲ အမြဲတမ်းတွေးကြတယ်။

ဒါက ယုံကြည်မှုရှိတဲ့ သူတွေအတွက် သဘာဝဖြစ်တယ်။ယုံကြည်မှုရှိတဲ့သူတွေဟာ သူအဆင့်နဲ့သူ ကြွယ်ဝကြပြီး ဘဝမှာ အောင်မြင်မှုတွေရတတ်ပါတယ်။ယုံကြည်မှုရှိတဲ့သူကို မည်သူကမှ ချိုးဖောက်ပြီး ပျက်ပြားအောင် မလုပ်နိင်ပါ။ဘယ်လိုစိန်ခေါ်မှုမဆို ယုံကြာ်မှုရှိတဲ့သူဟာ မယိုင်မလဲဘဲ ကြံ့ကြံ့ခံနိင်ကြတယ်။

နောက် သူတို့တွေဟာ ပင်ကိုအစွမ်းအစတွေကို အပြည့်အဝသုံးတတ်ကြတယ်။ယုံကြည်မှုပိုရှိလာရင် ဘဝမှာ ဘာလုပ်လုပ် အဆင်ပြေပြီး အခက်အခဲမရှိဘဲ လွယ်ကူလာပါတယ်။စိတ်နေစိတ်ထားကောင်းမွန်လာပြီး အရာရာကို စဉ်းစားနိင်လာပါတယ်။အရာရာကို စိတ်အားထက်သန်လာပြီး စိတ်မှာတကယ်ခံယူလိုက်ရင် ဘာမလို မလုပ်နိင်တာမရှိ မဖြစ်နိင်တာမရှိဆိုတာ ခံယူလာကြတယ်။ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ဖြစ်အောင်လုပ်နိင်ပါတယ်။
ကိုယ်ကိုကို ခွန်အားဖြစ်စေပြီး လောကဓံဘယ်လောက်ကြမ်းကြမ်း မိမိကိုယ်ကို ထိန်းကျောင်းပဲ့ကိုင်နိင်ပြီး ဘဝကို ပျော်ရွှင်မှုတွေနဲ့ ရှေ့ဆက်နိင်ပါတယ်။ဒါဟာ မိမိရဲ့ အစွမ်းအစ စိတ်နေသဘောထား အကျင့်စရိုက် အရည်အချင်းတွေကို တိုးတတ်လာတယ်ဆိုတဲ့ မှတ်ကျောက်တင်နိင်ပါတယ်။

stemmit myanmarအဖွဲ့သားများအားလုံး အောင်မြင်မှုပန်းတိုင်ရောက်ကြပါစေ။

အမြဲကြိုးစားလျက်
author tunnaingwin
7.3.18/12:20am
msc100

Sort:  

မိမိကိုယ်ကိုယုံကြည်မှု ရှိတာတိုးတက်​​ကောင်းမွန်​သလို
လိုအပ်​တာထက်​အလွန်​အကျွံဆို
ဘဝင်​မြင့်​သလိုဖြစ်​သွာတတ်​ သတိ​လေးထိန်းညှိပါ​စေ။

ယုံကြည်မှုရှိဖို့အတွက် အားဆေးပေးတဲ့ Post တစ်ခုပါဘဲ အစ်ကို

ကျေးဇူးတင်ပါတယ်@thein

ယုံကြည်​မှု ဟာ အ​ကောင်းဆုံးထွက်​​ပေါက်​ပါပဲ..
ဗုဒ္ဓ ဘာသာမှာဆိုရင်​ မိမိကိုယ်​ကိုယုံကြည်​ပြီး
ဘုရားတရားသံဃာ အ​ပေါ် မမှိတ်​မသုန်​ ယုံကြည်​တဲ့သူဟာ
ဂတိမြဲပြီ ဖြစ်​ပါတယ်

Right
ယုံကြည်​မှုရှိသင့်​ပါတယ်​...

ကိုယ်​ကိုကိုယ်​ယုံကြည်​မှုရှိမှ ​အောင်​မြင်​နိုင်​မှာပါ

ခွန်းအားဖြစ်​​စေတဲ့ စာ​လေးပါ 

ဟုတ်ကဲ့ပါ

မိမိကိုယ်​သာ ယုံကြည်​ရာ၏

စာသားလေးကောင်းတယ်@nwe

ကိုယ့်ကိုကိုယ် ယုံကြည်မူ့ အပြည့်ရှိရမေ😁😁

မှတ်ထားပါမယ်မကြည်

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပါပဲ မတွန့်ကြေဖို့ပဲ လိုပါတယ်

good မှတ်ထားပါမယ်@lwan

မိမိကိုယ်မိမိယုံကြည်မှုရှိဖို့ကနံပါတ် (၁)အရေးကြီးပါတယ်။အစ်ကိုရေ believe လား belive လားဗျ။tag မှာပါမှားသွားနိုင်လို့ပါနော်။

ဟုတ်။အမှားပြင်ဆင်ပြီးပါပြီး

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.098
BTC 62793.02
ETH 1826.68
USDT 1.00
SBD 0.38