ရိုးရာ စကားပုံ ဖွင့်ဆိုချက်-၄၇

in #myanmar5 years ago (edited)

ရိုးရာ စကားပုံ ဖွင့်ဆိုချက်-၄၇

eztmoyy1pf.jpg

ဘူးသီးမှ အရီးတော်သည်။ ။မိန်းမကြီးတစ်ယောက်အား ဘူးပင်မစိုက်မီက မည်သူမျှဆွေမျိုးတော်ချင်သူ ခေါ် ပြောခင်မင်သူ မရှိငြားသော်လည်း ဘူးပင်စိုက်၍ ဘူးသီးသီးလာသောအခါ ဘူးသီး လက်ဆောင်ရယူလိုသဖြင့် သူသူငှာငှာ အရီး အရီးဟုပြောကာ ဆွေမျိုးစပ်လာကြသည် ဟုဆိုလိုသည်။ အခွင့်အရေး လာဘ်လာဘရရန် အကြောင်းမမြင်သောအခါ အရေး မစိုက်ဘဲ အခွင့်အလမ်းရယူစရာ မြင်လာသောအခါမှ အရေးတယူပြုလာသည့်အခါတွင် သုံးနှုန်းသည်။

မြွေမသေ တုတ်မကျိုး။ ။မြွေတစ်ကောင်၏ အန္တရာယ်ကို ဖယ်ရှားရာ၌ မြွေကိုရိုက်သတ်ခြင်းဖြင့် မြွေလည်းသေ၊ ရိုက်သည့်တုတ်လည်းကျိုးနိုင်သည်ဖြစ်ရာ မြွေကိုအဝေးသို့ထွက်ပြေး အောင် ခြိမ်းခြောက်မောင်းနှင်ခြင်းဖြင့် အန္တရာယ်လည်းကင်း၊ မြွေလည်းမသေ၊ တုတ်လည်းမကျိုး၊ အကျိုးရှိစေနိုင်သည်ဟု ဆိုလိုသည်။ နှစ်ဖက်အကျိုးမယုတ်ဘဲ ပြီး ပြတ်စေသော ဖြေရှင်းနည်းကို ရည်ညွှန်း၍ သုံးနှုန်းသည်။

မကတတ်သော် ဖျာအပြစ်တင်။ ။အကမတတ်သည့်သူသည် မိမိကရာတွင် အဆင်မပြေဖြစ်သည့်အခါ မိမိ၏ ချို့ယွင်းချက်ကို အပြစ်မတင်ဘဲ ဖျာကမကောင်း၍သာ အကအဆင်မပြေသည့်အနေ ဖြင့် ဖျာကို အပြစ်တင်၍ ပြောဆိုသည်ဟုဆိုလိုသည်။ မိမိအပြစ်ကိုမမြင်ဘဲ အခြားအရာ ၀တ္တုအပေါ်၌လည်းကောင်း၊ သူတစ်ပါးအပေါ်၌လည်းကောင်း အပြစ်ဖို့လွှဲချတတ်ခြင်း ကိုတင်စား၍ သုံးသည်။

https://nextcolony.io/

Thank You

@esteemapp @good-karma @sawlwin @suhlaing @lwanwai @mmunited @steempress-io @aunggyi100 @nannhtike @nailyourhome @nextcolony @oliverschmid @shaka @jarunik @rondras @warofcraft @blissfish @moonsteem @curationvoter @tombstone @curie @backinblackdevil

Do you use eSteem?
‌eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps.

eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.

Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple StoreDownload eSteem Surfer for your PC💻
Available for all OS GithubJoin eSteem Discord https://discord.gg/UrTnddTJoin eSteem Telegram http://t.me/esteemappProud to be a member of The Steemians Directory
Join eSteem Community

Sort:  

Congratulations @tunnaingwin !
🚀 🌕 You WON the Player’s Upvote Lottery for playing moonSTEEM
Here's a 100% Upvote for you ! May the Moon be with you !

Moon your steem everyday ! Instant Dividend payout after every game - moonSTEEM.com

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63294.77
ETH 2638.69
USDT 1.00
SBD 2.70