ကျေးဇူး(Grace)

in #myanmar7 years ago (edited)

image

ဒီဆောင်းပါးခေါင်းစဉ်ကို ကျေးဇူး လို့အမည်ပေးထားပါတယ်။ဆောင်ပါးလေးကိုဖတ်ပြီး အသိပညာဗဟုသုတ တိုးပွားပါစေ။

အရင်ဦးဆုံး ကျေးဇူးဆိုတဲ့စကားဖြစ်ပေါ်လာခြင်းအကြောင်းကိုအရင်ပြောပါရစေ။လောကမှာ လူရဲ့လို့ဖြစ်လာရင် တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီကာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသလို မှီခိုအားထားနေကြရတယ်။

ဒီလိုတစ်ဦးနဲ့တစ်ဦး အပြန်အလှန်မှီခိုရင် ကျေးဇူးဆိုတဲ့စကားတွေဖြစ်လာကြတယ်။အခြားသူက မိမိကိုကူညီတာဘဲဖြစ်ဖြစ် ရေတစ်ခွက်တိုက်တာဘဲဖြစ်ဖြစ် ရှိကြပါလိမ့်မယ်။ဒါဆို သူက မိမိအပေါ် ကျေးဇူးရှိသွားပြီးဖြင့်သဖြင့် ကျေးဇူဆိုတာ ပြန်မဆပ်ရဘူးလား။ပြန်ဆပ်ရမှာပေါ့နော်။တစ်ချို့ကျေးဇူးမဆပ်တဲ့သူတွေရှိကြပါလိမ့်မယ်။ကျေးဇူးဆိုတာ ဆပ်ရမှာဖြစ်ပြီး ကျေးဇူးမဆပ်ရင်နေ ကျေးဇူးတော့မကန်းနဲ့ဆိုတာ အရပ်ထဲတွေမှာ လူအများဆုံးပြောကြပါတယ်။မိမိပတ်ဝန်းကျင်မှာလည်း ကျေးဇူးဆပ်တဲ့လူတွေရှိကြသလို ကျေးဇူးမဆပ်တဲ့သူတွေရှိကြပါလိမ့်မယ်။ဒါပေ့မဲ့ ကျေးဇူးတော့ မကန်းကြပါနဲ့။

ခုဆိုရင် ရက်ထဲ ရွာထဲမှာဆို အရွယ်လေးရောက်တာနဲ့အရက်သောက်ပြီး ရွာရိုးကိုးပေါက်လျောက်ကား မှုးမှုးရူးရူးသီချင်းဆိုကြ ဆဲကြနဲ့ မိဘကျေးဇူးကိုအပြည့်အဝဆပ်နေကြတာတွေ့ရတာမြင်ရတော့ မိဘတွေအတွင် စိတ်မကောင်းဘူး။မိဘတွေမှာသာ သားသမီးကို လိမ္မာရေးခြားရှိစေချင်ကြတယ်။ဒါပေ့မဲ့ သားသမီးတွေကတော့ အရက်သောက်ပြီး ကျေးဇူးဆပ်နေကြတယ်။မိဘတွေအတွက် သားယောကျာ်းလေးက ရတနာမဖြစ်ဘဲ ရတာနာတယ်လို ဆိုလိုနိင်ပါတယ်။ထိုသားသမီးမျိုးရတဲ့မိခင်မှာ ဝမ်းရေစပ်ပါတယ်။

ကျေးဇူးတကာ ကျေးဇူးထဲမှာ မိဘကျေးဇူးဟာ အကောင်းဆုံးဖြစ်ပါတယ်။နောက်ပတ်ဝန်ကျးင်ကျေးဇူးကို သိတတ်သူဟာ မေတ္တာတရားကြီးမားသူဖြစ်ပါတယ်။ကျေးဇူးသိတဲ့သူဟာ မေတ္တာနဲ့ကြည့်မှ မြင်တဲ့အတွက် မေတ္တာကြီးမားသြူုဖစ်တာပါ။မေတ္တာတရားရှိသူ ကျေးဇူးကိုသိသူသည် ဘဝမှာအောင်မြင်ပြီး ကြီးပွားတတ်ပါတယ်။မိဘကျေးဇူးသိတတ်တဲ့သား သမီးတွေဟာ ဘယ်တော့မှမဆင်းရဲပါဘူး။ဒါဆို မိဘကျေးဇူးရော သားသမီးတွေအနေနဲ့ မဆပ်ချင်ကြဘူးလား။သားသမီးတွေဟာ မိဘကျေးဇူးဆပ်တဲ့သူ နည်းပါတယ်။မိဘကျေးဇူးဆပ်ချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းတခုရှိပါတယ်။မိဘကျေးဇူးဆပ်နည်းကိုလည်း မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောပြခဲ့ဖူးတာလည်း ရှိပါတယ်။အကောင်းဆုံးမိဘကျေးဇူးဆပ်နည်းက တရားနဲ့မိဘကျေးဇူးဆပ်တာပါ။

ဘယ်သူအပေါ်ကျေးဇူးဆပ်ဆပ် တရားအလှူဆိုတဲ့ ဆပ်နည်းဟာ အကောင်းဆုံးအမြတ်ဆုံး ကျေးဇူးဆပ်နည်းဖြစ်ပါတယ်။ဒါကြောင့်လူတိုင်းဟာ ကျေးဇူးနဲ့မကင်းကြပါဘူး။ကျေးဇူးကင်းတဲ့သူလည်း လောကမှ မရှိပါဘူး။တစ်ယောက်နဲ့တစ်ယောက်အမှီသဟဲပြုနေရကြတာပါ။ကျေးဇူးရှိသူများကို ကျေးဇူးဆပ်ကြပါ။အကြွေးမထားပါနဲ့။အကြွေးထားတာလည်းမကောင်းပါဘူး။ဒီထဲမှာပြောချင်ပါတယ်။မိဘကျေးဇူးကို ကျေးအောင်ဆပ်ပြီး လောကကြီးကိုအလှဆင်ကြပါ။သူတော်သူကောင်းများဖြစ်ကြပြီး သားလိမ္မာ သမီးလိမ္မာလေးများဖြစ်ကြပါစေ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
22.12.2017/20:00
Msc.100
HFS-3

Sort:  

This post received a 11% upvote from @morwhale team thanks to @tunnaingwin! For more information, click here! , TeamMorocco! .
STEEM Price : 3.1 $

ကောင်းပါတယ်​bro.....
ကျေးဇူးတရား​တွေ လွမ်းခြုံထားတဲ့ပတ်​ဝန်းကျင်​က အမြဲအးချမ်းပါတယ်

အားပေးနေပါတယ်

ကျေးဇူးရှိသူကိုကျေးဇူးဆပ်ခြင်းဟာလည်းမင်္ဂလာတစ်ပါးပါပဲ

မှန်ပါတယ် ဘုရားမရှိခိုးရင် ကုသိုလ်မရရုံပဲရှိမယ်
မိဘကျေးဇူးကို ပြန်မသိတတ်တာကတော့ အပြစ်ဖြစ်ပါတယ်

Good post bro

အားပေးလျှက်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62907.73
ETH 2531.30
USDT 1.00
SBD 2.62