သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၄၀)
#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၄၀)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။
အဖေထက် သားတစ်လကြီး။
ကျွန်တော်တို့ ပတ်ဝန်းကျင်နဲ့ တောရွာနေရာအများစုမှာ အဖေထက် သားတစ်လကြီးသူတွေများလာသည်။တစ်ကယ်တော့ ဒီစကားလေးဖြစ်လာပုံက အနော်ရထားမင်း လက်ထက်က အစပြုလာသည့်ဟု ဖတ်မှတ်သိရှိရပါသည်။အနော်ရထားမင်းဟာ သထုံပြည်ကိုအောင်နိင်တော့ ဘုရားဓာတ်တော်နဲ့ နတ်ရုပ်တွေလည်း ပါလာသည်။ထိုနတ်ရုပ်တွေထဲ ရွေညိုနဲ့ရွှေစကားနတ် သားအဖရုပ်ထုတွေ ပါလာသည်။ထိုနတ်ရုပ်တွေကို ထားတဲ့အခါ ရွှေစကားနတ်ကအမြင့်မှာဖြစ်ပြီး ရွှေညိုနတ်က အောက်မှာထားခြင်းခံရသည်။ရွှေညိုနတ်က အဖေဖြစ်ပြီး ရွှေစကားနတ်က သားဖြစ်သည်။တစ်နေ့ အနော်ရထားမင်းလည်း လာရောက်ကြည့်တဲ့အခါ ထိုနတ်ရုပ်ထားပုံကိုတွေ့ပြီး အဖေထက် သားတလကြီးနေပါလားဟု ပြောတော့ ထိုအမှုထမ်းဟာ ရွှေစကားနတ်က တစ်လစောပြီးရောက်လာသောကြောင့် ခုလိုထားခြင်းဖြစ်ပါသည်ဟု ပြန်လျောက်တင်ခြင်းဖြစ်သည်။ထိုအချိန်အခါမှခုချိန်ထိ အဖေထက် သားတလကြီးစကားတွေကို လူအများပါးစပ်မှာ ပြောလာခြင်းဖြစ်သည်။ခုနောက်ပိုင်း ခေတ်လူငယ်တွေက ခေတ်နဲ့အညီ သိတတ်လာတော့ အဖေတွေအပေါ် ဆရာလုပ်တတ်လာကြသည်။ထိုအခါ အဖေက သားဖြစ်သူများကို အဖေထက်သားတစ်လကြီးနေသူဟု ပြောစမှတ်ပြုလာခြင်းဖြစ်ကြောင်းပြောပါရစေ။
သေတူ ရှင်ဘက်။
ကျွန်တော်တို့ စစ်သားတွေဘဝဟာ သေတူရှင်ဘက်ဘဝလို့ တစ်ယောက်နဲ့တစ်ယောက် ခင်တွယ်ကြသည်။တကယ်လို့ စစ်တိုက်တဲ့အခါ သေရင် အတူတူသေနိင်သောကြောင့်ဖြစ်သည်။နောက် အသက်ရှင်လျင် အတူတူရှင်ပါလိမ့်မည်။အသက်နဲ့စစ်ကစားနေကြသူများလည်းဖြစ်သည်။အသက်ကို ဖက်ရွက်တစ်ခုလိုသဘောထားကာ လေတိုက်ရာအရပ်ကို ရွက်လွင့်သွားကြသူတွေ ဖြစ်ကြပါသည်။ထိုအတူ ဆွေမတော် မျိုးမစပ်ဘဲ နေသူများလည်း ဖြစ်ပြန်သည်။ဒါတွေဟာ သေတူရှင်ဘက်ဖြစ်သင့်သောအကြောင်းအရာတွေ ဖြစ်ပါသည်။သို့သော် စကားပုံရဲ့ဆိုလိုရင်းက မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေး(၄)ယောက်က ချစ်ကြိုက်ပြီးဖြစ်လာတဲ့ စကားလေးဖြစ်ပါသည်။ထိုဖြစ်ကြောင်းလေးကို ပြောပြချင်ပါတယ်။သူငယ်ချင်း ၄ယောက်က ကောင်းမလေးတစ်ယောက်ကို ချစ်တော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်ကြောင်းပြောဆိုသော စကားဖြစ်ပါသည်။
ပထမယောကျာ်းလေးက တစ်ကယ်လို့ မိန်းကလေးသေဆုံးရင် သူကိုယ်တိုင် သဂြိုလ်မည်ဟုပြောသည်။
ဒုတိယတစ်ယောက်က ထိုမိန်းကလေးကို သဂြိုလ်ပေးမည်အပြင် သူအရိုးပြာကို မြစ်ထဲမျောပေးမယ်လို့ ဆိုပြန်သည်။
တတိယတစ်ယောက်က အထက်ကနှစ်ယောက်ပြောတဲ့အလုပ်ကိုသူလုပ်ပေးမည်အပြင် အရိုးပြာကို တစ်သက်လုံး သူလည်ပင်းမှာ တစ်သက်လုံးဆွဲထားမည်ဟုဆိုသည်။
နောက်ဆုံးတစ်ယောက်က အထက်ကသုံးယောက်ပြောတဲ့အလုပ်ကိုသူလုပ်ပေးမည်အပြင် အရိုးပြာကို အုတ်ဂူသွင်းရာတွင် ထိုအုတ်ဂူဘေးမှာ တစ်သက်လုံးနေမည်ဟုဆိုသည်။
ထိုလေးယောက်တွင် ဘယ်တစ်ယောက်က ပိုပြီးချစ်ကြောင်း commentရေးပေးကြပါ။ဘယ်သူနဲ့ သေတူရှင်ဘက် ဖြစ်သင့်ပါသလဲ?????????????????????????????
(စကားလက်ဆောင်)
အဖေထက် သားတလကြီး။
သေသူ ရှင်ဘက်။
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
အကြောင်းအရာတွေ တော်တော်များနေပြီ။အစ်ကိုရေးပေးတော့ ဖတ် ဖြစ်တယ် ။အသိတွေတိုးလို့ ကျေးဇူးပါကိုအေး။
ဟုတ်ကဲ့။နောက်လည်း ရေးဖို့ရှိပါသေးတယ်
Posted using Partiko Android
အိုးစားဖက်
Posted using Partiko Android
ဟုတ်တယ်။
Posted using Partiko Android
ဥပဒေသတွေရေးလာလိုက်တာ ၄၀တောင်ရောက်ပါပကော ကိုအေးရေ
Posted using Partiko Android
ဟုတ်ကဲ့မစု။ဥပဒေသတွေဘဲ တေစ်စိုက်မတ်မတ်ရေးတော့မယ်မစု။အမြဲအားပေးလို့ကျေးဇူးပါမစု
Posted using Partiko Android
အဖေ့ထက်သား တစ်လ မကတော့ပါဘူး
ကြီးတာပြောပါတယ်
အယ် မသိပါဘူးဗျာ
Posted using Partiko Android
စကား ဥပဒေသလေးတွေကို ဖြစ်ပေါ်လာတဲ့ နောက်ခံသမိုင်းကြောင်းလေးတွေနဲ့ ဖော်ပြထားတာ ပေါ်လွင်ထိမိပါတယ်။ကောင်းလှပါတယ်အစ်ကို။
ဟုတ်ကဲ့ပါအကို။နောက်လည်းရေးနိင်ဖို့ကြိုးစားနေပါတယ်
Posted using Partiko Android
ဗဟုသုတရစေပါသည်
ကျေးဇူးပါ
Posted using Partiko Android
အားလုံးကမှားနေကြတော့လေ။ပြောတတ်ဘူး။သေမှတော့ ချစ်မနေကြနဲ့တော့ မသေခင်သာ ချစ်ကြရမှာ
ဟုတ်တယ်။
Posted using Partiko Android
တကယ်တော့ ကိုယ့်အတ္တကိုကျော်လွန်ပြီး ဘယ်သူ့ကိုမှမချစ်နိုင်ဘူးရယ် အဲဒါအမှန်ပါပဲ
ဟုတ်ကဲ့အကို
Posted using Partiko Android
မှတ်သားထိုက်တဲ့ စကားပုံလေးတွေပါဆရာအေး
ဟုတ်ကဲ့ပါအကို
Posted using Partiko Android
ဗဟုသုတတွေ တိုးစေပါတယ်
ကျေးဇူးပါ။အမြဲကြိုးစားလျက်
Posted using Partiko Android