သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၁၆)

in #myanmar7 years ago

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၁၆)
image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#ငယ်ကရမ်း ကြီးမှမှတ်။
image
မိမိတို့ပတ်ဝန်းကျင်မှာ အများကြီးရှိကြပါလိမ့်မည်။ငယ်တုန်းအခါမှာ မိဘများ၏ အလိုလိုက်မှုကြောင့်ဆိုးနေသူတွေ ရှိသလို မိဘတို့၏မကောင်းမှုကြောင့်ရမ်းကားနေသူများလည်း ရှိကြပါသည်။တစ်ချို့က ပတ်ဝန်းကျင်မကောင်းလို့ရမ်းကားခါ အရွဲ့တိုက်သူများလည်း ရှိပါသည်။သို့သော် ဘယ်လိုပင် ရမ်းကားရမ်းကား ထိုရမ်းကားခြင်းအလုပ် အပြုအမှုကတော့ မိမိတို့ပတ်ဝန်းကျင်အတွက် မကောင်းတာတော့အမှန်ဘဲ။ရမ်းကားခြင်းသည် မိမိအတွက်မကောင်းသလို ပတ်ဝန်းကျင်အတွက်လည်း လုံးဝလုံးဝမကောင်းနိင်ပါ။ထိုရမ်းကားခြင်းဟာ ငယ်တုန်းအခါမှာ ဘာမှမဖြစ်သော်လည်း ကြီးလာတဲ့အခါ မိမိမိသားစုအတွက် ဆိုးကျိုးများဖြစ်လာတတ်ပါသည်။ထိုသို့အသက်ကြီးလာတော့မှ နောင်တရပါလိမ့်မည်။ထိုသို့နောင်မှတတဲ့ နောင်တမျိုး အသက်ကြီးလာမှ မဖြစ်ရအောင် ငယ်စဉ်အခါထဲက လိမ္မာရေးခြားရှိကြပါလို့ပြောပါရစေ။

#ရေသာခိုခြင်း
image
လူဘောင်လူလောကမှာ အများဆုံးတွေ့ကြုံတတ်ပါသည်။ရေသာခိုခြင်းဟာ တစ်ချို့က အမည်ဆိုးသော်လည်း မိမိတို့အတွက် ပင်ပန်းမှုသက်သာသည်ဟု ပြောကြပါလိမ့်မည်။နောက်ရေသာခိုသူတွေကို လေ့လာကြည့်လျင် ဝေလေဘေသမားများ အများဆုံးဟာ ရေသာခိုခြင်းကို ပြုလုပ်တတ်ကြသည်။သူတို့ဟာ အများသူတွေနဲ့အတူ စကားကြီးစကားကျယ်ပြောကာ ဝေလေလေနဲ့ အုတ်ရောရော ကျောက်ရောရော နေတတ်ကြသည်ကိုတွေ့မြင်ရပါလိမ့်မည်။ဒါကြောင့် မိမိလုပ်ငန်းထဲမှာဘဲဖြစ်ဖြစ် လက်အောက်မှာဘဲဖြစ်ဖြစ် စကားကြီးစကားကျယ်ပြောပြီး ဝေလေလေစကားဖောင်ဖွဲ့သူများရှိလျင် ထိုသူများကိုသတိထားပါ။မိမိတို့အနေနဲ့လည်း ဝေလေလေနေကား လူအများနဲ့အုတ်ရောရော ကျောက်ရောရော မဖြစ်ရအောင် နေထိုင်ကြပါ။ရေသာခိုခြင်း အလုပ်မျိုးကို စိတ်ထဲတွင် မရှိအောင် အမြဲလေ့ကျင့်ပါလို့ပြောပါရစေ။

#အရက်သောက် အသိဥာဏ်ပျောက်။
image

မိမိတို့ မိသာစု ဆွေမျိုး ပတ်ဝန်းကျင်စသော နေရာတွေမှာ အရက်သောက်သူများမြင်ဖူးကြပါလိမ့်မည်။တစ်ချို့က အရမ်းသောက်ရင် မိမိအတိုင်းအတာနဲ့မိမိသောက်ကြသည်။တစ်ချို့ကြတော့ အရမ်းစွဲပြီး အရက်ကို အတိုင်းအတာမရှိသောက်ကြသည်။တစ်ချို့က ဆေးဖြစ်ဝါးဖြစ်သောက်ကြသည်။သို့သော် ဘယ်လိုပင်သောက်သောက် ထိုအရက်သောက်ခြင်းကို ဘုရားလည်းမကြိုက်သလို မိမိတို့မိသားစုကရော ကြိုက်မည်မထင်။နောက်တစ်ခုက အရက်အရမ်းလွန်းလွန်းကျူးကျူးသောင်ပြန်ရင် အသိစိတ် အသိဥာဏ်တွေပျောက်က လူသတ်မှု မုဒိန်းမှု ခိုးဆိုးလုယက်စသောအပြုများ ပြုလုပ်ဖို့ လက်ရဲဇက်ရဲပြုတတ်ကြသည်။ထိုကြောင့် အရက်ကို မသောက်တာ အကောင်းဆုံးဟုထင်မိပါသည်။သို့ဖြစ်ပါသောကြောင့် မိမိတို့အနေနဲ့ အရက်သေစား သောက်စားမှုးယစ်ခြင်းမှ ကင်းဝေပါစေလို့ပြောပါရစေ။

(စကားလက်ဆောင်)

ငယ်ကရမ်း ကြီးမှမှတ်။

ရေသာခိုးခြင်း။

အရက်သောက် အသိဥာဏ်ပျောက်။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

ပြုပြင်အပ်သော အကြောင်းတရားများပါပေ

ဟုတ်ကဲ့။နောက်လည်းကြိုးစားပြီးရေးနေပါတယ်

အား​ပေးလျက်​ပါ ​ကောင်းပါတယ်​တယ်​တင်​ပြသွားတာ​တွေ

ဟုတ်ကဲ့။အစဉ်ကြိုးစားလျက်ပါနော်

ဖြစ်‌‌လေ့ဖြစ်‌ထ ရှိတာ‌တွေကို ‌ထောက်‌ ပြ သတိ‌ပေးသွားတာ ‌ကောင်းပါတယ်‌ အစ်‌ကို၊ လိုက်‌နာပါ့မယ်‌။

ဟုတ်ကဲ့။သိသလောက်မှတ်သလောက်ရေးသားခြင်းဖြစ်ပါသည်။

ကိုအေးရဲ့ ပိုလ့်တော်တော်များများကတော့ မှတ်သားလိုက်နာစရာတွေနဲ့ ပြည့်နေပါတယ်

ဟုတ်မစု။ခုလိုအညးပေးတာ အားဖြစ်စေပါတယ်

မကောင်းတဲ့အကျင့်ကို ငယ်ငယ်ကတည်းကကျင့်တော့ အသက်ကြီးလာရင်ဖျောက်မရတော့တာပေါ့နော်

ကလေးဘ၀ပြန်ရောက်ရင် မကောင်းတဲ့ အကျင့် ကျင့်တော့ဘူး ☺☺☺

အင်း။ကလေးဘဝတော့ပြန်မရောက်တော့ဘူးနော်ဟီးဟီး

အရက်​က ​သောက်​ကိုမ​သောက်​တတ်​တာ ဟီး

မသောက်တတ်ရင်တော့အကောင်းသားဘဲ

သောက်​တတ်​ရင်​ပို​ကောင်းတယ်

မကောင်းပါကွယ်

လေးစားပါတယ်​ဗျာ ဒီလိုသိမှတ်​ဖွယ်​ရာများ
ဆောင်းပါးများကို​ရေး​ပေး​နေလို့ ဆက်​လက်​အား​ပေး​နေပါမယ၊်

ဟုတ်ကဲ့။ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ

ဆေးထက် အရက်ကတော်သေးဖြစ်နေပ

ဟုဒယ်

သေရည် သေရက်ကို အလွန် အကျွံမသောက်စားသင့်ပါခင်ဗျာ

ဟုတ်တယ်

မလွန်​မကျွံ ​လေးပဲ​ကောင်းပါတယ်

နိကကြိုက်တော့ ပြောအားရှိတာပေါ့

မတ်မတ် အရက်သောက်ဝူး😁

မ​သောက်​တဲ့သူများ​လေ​လေ ကမ္ဘာကြီးမှာ အရက်​​တွေသိပ်​မ​လျော့​လေပဲ​ကောင်းတယ်
အရက်​​တေကုန်​သွားမှာ​ကြောက်​လို့

သောက်တယ်လို့မပြောဘူးနော်။ကသက်က အရက်မသောက်တဲ့သူများလေလေ သူအတွက်ပိုကောင်းလေလေမဟုတ်လား

Coin Marketplace

STEEM 0.12
TRX 0.33
JST 0.032
BTC 111864.27
ETH 4110.84
USDT 1.00
SBD 0.76