Need mind believe
ကျွန်တော်တို့ပတ်ဝန်ကျင်ကို လေ့လာကြည့်မယ်ဆိုရင် မတူညီကြတဲ့ လူ ၂မျိုးကိုတွေ့ရတတ်ပါတယ်။ပထမ လူတစ်မျိုးက အရှုံးပေးပြီး အရာရာကိုစိတ်ပျက်ကာ လက်မှိုင်ကျနေသူတွေဖြစ်ပြီး ဘဝက အတော်ထုထောင်းထားလို့ ပေးဆပ်ရတာများပြီး ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရသလို ဖြစ်နေတတ်ကြတယ်။နောက်သူတို့မျက်နှာမှာ နစ်မွန်းခံနေရတဲ့ပုံတွေပေါ်နေပါတယ်။နောက်လူတစ်မျိုးကတော့ ဘဝကို အရှုံးမပေး လက်မမြောက်ဘဲ ကြံ့ကြံ့ခံနိင်ကာ သူတို့ကိုအမြဲတမ်းကြည့်လျင် မျက်နှာက လန်းဆန်းတတ်ကြွတဲ့ပုံပေါက်နေပါတယ်။
ကိုယ်ကိုကို အမြဲတမ်းစိတ်ဖိမှုဒဏ်မခံဘဲ ပေါ့ပေါ့ပါးပါးဖြစ်နေအောင် ထိန်းကျောင်းတတ်ပြီး လောကရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ကာ စိန်ခေါ်မှုတွေကို ဖြေရှင်းရာတွင်လည်း တစ်ခုနဲ့တစ်ခု ခြားနားလာပါတယ်။မိမိကိုယ်ကိုကို ဘယ်တော့မှ အကျအဆုံးမခံ လက်မလျော့ဘဲ အပျက်အစီးမခံကား လက်နက်ချအညံ့ခံမဲ့ သူမျိုးဖြစ်ပါတယ်။ဒါက စိတ်ထားတတ်မှုတစ်ရက်ဖြစ်ပါတယ်။မိမိရဲ့စိတ်ကဘဲ မိမိအနာဂတ် နဲ့ မိမိဘဝကို ဖန်တီးနေတာပါ။နေ့စဉ်နေ့တိုင်းဟာ ကျွန်တော်တို့ရဲ့ ဘဝအနာဂတ်တွေ စိတ်ကြောင့်ဖြစ်နေတာလို့ ထင်မိပါတယ်။
ဒါကြောင့် ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ မိမိရဲ့ စိတ်တွေကို အသက်သာဆုံးဖြစ်နေအောင် ဖြေလျော့ရပါမယ်။ကျွန်တော်တို့ပိုင်ဆိုင်တဲ့ နေ့ရက်တွေကို ကောင်းကောင်းဆိုးဆိုး ခံစားတတ်ပြီး လေးစားမှုရှိနေရပါမယ်။

နောက်တစ်ခုက ကျွန်တော်တို့ရဲ့လက်ရှိ ယုံကြည်တဲ့စိတ်ဘယ်လောက်တိုးတတ်လာတယ်ဆိုတာ ဆန်းစစ်ရပါမယ်။ယုံကြည်စိတ်ကို ရှင်းရှငိးလင်းလင်းသိအောင် လုပ်ပါ။မိမိရဲ့ ယုံကြည်စိတ် ဘယ်လောက် %ရှိလည်းဆိုတာ ၀% မှ၁၀၀%အထိ အဆင့်သတ်မှတ်၍ မိမိဟာ ဘယ်အဆင့်%ရောက်နေတယ်ဆိုတာကို ခန့်မှန်းပြီး သတ်မှတ်ချက်တစ်ခုကို စနစ်တကျသေသေချာချာ သတ်မှတ်သင့်ပါတယ်။ကိုယ်%ဘယ်လောက်ဘဲရှိတယ်ဆိုတာ စိုးရိမ်နေစရာမလိုဘဲ အဆင့်သတ်မှတ်တစ်ခုကိုရှင်းရှင်းလင်းလင်းသိထားဖို့ဘဲ လိုပါတယ်။
ဒါဟာ မိမိတို့ဘဝမှာရှိတဲ့ ပင်မနယ်ပယ်တွေကို သိအောင် တိုင်းတာဖို့အတွက်ဖြစ်ပါတယ်။သတ်မှတ်ချက် ကိန်းဂဏာန်းသတ်မှတ်ချက်နည်းနေတယ်ဆိုပြီး အချိန်မကုန်ဘဲ သတ်မှတ်ချက်အဆင့်တွေကို တစ်ဆင့်ချင်း တိုးတတ်အောင် ပြုလုပ်သွားရပါမယ်။မိမိခေါင်းထဲဝင်လာတဲ့ အရာတွေကို သယ်ဆောင်သွားပြီး ဆန်းစစ်မှုလုပ်ပါ။တစ်နေရာမှာ ကိုယ်ရဲ့ယုံကြည်စိတ်ဟာ မြင့်မားရင် မြင့်မားနေလိမ့်မယ်။တစ်ချို့နေရာတွေမှာတော့ အတော်ကို လျော့နည်းရင် လျော့နည်းလိမ့်မယ်။
ဒါကြောင့် steemit အဖွဲ့သားအားလုံး ခုချိန်ကစပြီး ပြုလုပ်ကြပါ။အားလုံး အောင်မြင်တဲ့ လူတော်လူကောင်းဖြစ်ကြပါစေ။
အမြဲကြိုးစားလျက်
author tunnaingwin
Photo credit image google
8.12.17/13:20am
Msc-100

အဆိုးအကောင်းဒွန်တွဲနေတယ်နော်
ဟုတ်တာပေါ
Like
thank u
Good
I like it
ဟုတ်အမ