လူနေချုံကြား စိတ်နေဘုံဖျား

in #myanmar8 years ago (edited)

#လူနေချုံကြား စိတ်နေဘုံဖျား
IMG_20180429_072229.jpg
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
IMG_20180429_071449.jpg

ဒီဆောင်းပါးလေးအမည်ကို လူနေချုံကြား စိတ်နေဘုံဖျား ဟု အမည်ပေးထားပါသည်။
မိမိတို့ရဲ့စိတ်ကို မြင့်အောင်ထားတတ်ရမည်။စိတ်မြင့်မှ အရည်အသွေးက တဖြည်းဖြည်းမြင့်တတ်လာမည်။အရည်အသွေးမြင့်တတ်လာတော့ မိမိရဲ့ဘဝက တစ်ဆစ်ချိုးပြောင်းလဲသွားမည်။ထိုဖြစ်ပါသောကြောင့် မိမိတို့စိတ်ကို မြင်အောင်၊မိမိတို့ အရည်အသွေးတိုးတတ်အောင် အမြဲပြုလုပ်နေရမည်။စိတ်မြင့်အောင် အမြဲလေ့ကျင့်မှုများလာရင် တဖြည်းဖြည်း စိတ်ရင့်ကျက်လာပြီး ဘဝရဲ့အခက်အခဲ အတားအစီးတွေ ကျော်ဖြတ်နိင်လာလိမ့်မည်။
IMG_20180429_071633.jpg
လူနေချုံကြား စိတ်နေဘုံဖျားဆိုတဲ့ ခေါင်းစဉ်လေးနဲ့ လိုက်ဖတ်အောင် သာဓကလေးထည့်ပြီး အသိပညာပေးချင်ပါသည်။ထိုသာဓကလေးကို လေ့လာကြည့်မိသောအားဖြင့် မှတ်မိကာ အသိပညာတိုးနိင်လိမ့်မည်။စာသားသက်သက်ရေးသာထက် သာဓက ပုံပြင် စသောအရာများနဲ့ တင်ပြရေးပြလျှင် ပိုပြီး စိတ်ဝင်စားမှု ရှိစေမှာ အမှန်ပါ။ဒါကြောင့် သာဓကနဲ့ တင်ပြလိုက်ပါ၏။စာဖတ်သူတို့အနေနဲ့ လိုအပ်တာရှိရင် ထောက်ပြ အကြံဥာဏ်ပေးပါလို့ စိတ်ထဲရင်ထဲက လှိုက်လှိုက်လှဲလှဲကြိုဆိုပါ၏။ဝေဖန် အကြံပြုစာများ မှတ်ချက်များ ပေးကြပါ။
IMG_20180429_071747.jpg
ဂျန်ပန်နိင်ငံမှာ အရမ်းချမ်းသာပြီး တိုက်အထပ် ၈၀ ထပ်ကို ပိုင်ဆိုင်ထားသော သူဋ္ဌေးမကြီးတစ်ယောက်ရှိသည်။နောက်သူဋ္ဌေးမကြီးဆီမှာ ဘဏ် စက်ရုံ စသောအလုပ်များလည်း ပိုင်ဆိုင်ထားပါသည်။သူဋ္ဌေးမကြီးက နေ့စဉ် အမြဲတိုင်း မနက်တစ်ကြိမ် ၊နေ့လည်တစ်ကြိမ်၊ညနေတစ်ကြိမ် တိုက်အထပ် ၈၀ကနေ မိမိ ပတ်ဝန်းကျင်အခြေအနေကို ကြည့်တတ်သော အလေ့အကျင့်တစ်ခုရှိသည်။ထိုသို့ ကြည့်ရင် သူဋ္ဌေးမကြီးစိတ်ထဲမှာ မိမိထက် အထက်နိမ့် တိုက်တွေ ဆင်းရဲသားရက်ကွက်တွေ စသော ပတ်ဝန်းကျင်ကို မြင်ကာ ငါလည်း ထိုသို့ ဆင်းရဲသောနေရာရောက်ရင် ဘာလုပ်ရမလဲဟု စိတ်ထဲတွေးနေမိတယ်။
IMG_20180429_071857.jpg
နေ့စဉ်အမြဲ သူဋ္ဌေးမကြီး စိတ်ထဲမှာ မကောင်းသောအတွေးများ ဝင်ရောက်လာပြီး သောကရောက်နေတယ်။သို့သော် သူဋ္ဌေးမကြီးဟာ နေ့စဉ်ရက်ဆက် ထိုအတွေးများက မိမိကိုယ်ကို ထိခိုက် ပျက်စီးစေတတ်တယ်ဆိုတာ မသိဘူး။နောက်ငါးနှစ်ရောက်လာသောအခါ သူဋ္ဌေးမကြီးဟာ ကမ္ဘာဈေးကွက် ကပ်ဆိုက်တော့ မိမိပိုင်ဆိုင်သော အလုပ်တွေ ဒေဝါလီခံကာ ဆင်းရဲသွားလေသည်။ဆင်းရဲတော့ နေထိုင်တဲ့နေရာက မိမိအထပ် ၈၀ကျော် ပိုင်ဆိုင်သောအချိန်က အမြဲကြည့်ကာ စိတ်ထဲပြောပြောနေတဲ့ ဆင်းရဲတဲ့ရက်ကွက်ထဲမှာ နေရလေသည်။
IMG_20180429_072054.jpg
ထိုဆင်းရဲသော သူဋ္ဌေးမက အိုးမဲ့ အိမ်မဲ့ဘဝလေးတွေကြည့်ပြီး စိတ်ထဲမှာ ပြောကာ နေထိုင်ပြန်သည်။နောက်မကြာပါဘူ။သူဋ္ဌေးမက အိုမဲ့အိမ်မဲ့ဖြစ်သွားပြန်သည်။တစ်နေ့တော့ သူငယ်ငယ်တုန်းက ဆရာကြီးရောက်လာပြီး သူဋ္ဌေးမရဲ့ ဘဝဖြစ်စဉ်ကိုမေးတော့ အကြောင်းစုံရှင်းပြလေသည်။ထိုအခါမှ ဆရာကြီးလည်း အဖြေရကာ သူဋ္ဌေးမကို နေ့စဉ်နေ့တိုင်း မိမိနေ့ထိုင်ခဲ့သော အထပ် ၈၀ထပ်ကိုကြည့်က ငါတစ်နေ့ပိုင်ဆိုင်ရမည့်ဟု နေ့တိုင်းပြောဆိုခိုင်လေသည်။နောက် သုံးနှစ်ကြာသော် သူဋ္ဌေးမကြီးဟာ အထပ်၈၀ကို ပိုင်ဆိုင်ခွင့်ပြန်ရသွားပါသည်။ဘာကြောင့်ဆို အစိုးရက ဒေဝါလီခံသော သူများကို ပြန်လည် ဖေးမသောကြောင့်ဖြစ်ပါသည်။

ဒါကိုကြည့်လျှင် မိမိတို့အတွေးအမြင်နဲ့ အသိပညာ ထုတ်ကြပါ။တစ်ခေါက်ဖတ်ရင် အသိပညာတစ်ခုရမည်။အခေါက် ၁၀၀၀ဖတ်ရင် အသိပညာ ၁၀၀၀တွေ့ပါလိမ့်မည်။အားလုံးစိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

(စကားလက်ဆောင်)

*လူတိုင်း မိမိကိုယ်ကို အမြဲတမ်း အကောင်းမြင်စိတ်ရှိပါ။

*မိမိပတ်ဝန်းကျင်ကိုလည်း အကောင်းမြင်စိတ်နဲ့ကြည့်ပါ။

*မိမိစိတ်ကို မြင့်အောင် မိမိအရည်အသွေးတိုးတတ်လာအောင် ကြိုးစားပါ။

*မိမိလုပ်နိင်တဲ့အရည်အသွေးကို နေ့စဉ်နေ့တိုင်း ချီးမွမ်းပါ။

*မိမိကိုယ်ကို လူနေချုံကြား စိတ်နေဘုံဖျား ထားပါ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
28/4/2018
16:20pm

Sort:  

အရမ်းမှန်တာဘဲဗျ

ဟုတ်ကဲ့@thi

စိတ် အတွေးအမြင်လေးတွေကို မှန်မှန်ကန်ကန် မြင့်မြင့်မားမား ထားတတ်စေရန် တိုက်တွန်းထားတာလေး အရမ်းသဘောကြပါတယ်။စိတ်ခွန်အားကိုလည်း တိုးစေပါတယ်။ဥပမာလေးနဲ့ဆိုတော့ ပိုပြီးပေါ်လွင်သွားတာပေါ့အစ်ကို

ခုလိုအားပေးတော့ ရေးရတာ အားဖြစ်စေပါတယ်။

စိတ်ညစ်စေမဲ့အတွေးမျိုးမလုပ်တာ အကောင်းဆုံးပါပဲဗျာ😊😊

မှန်ပ။စိတ်ညစ်စေတဲ့အကြောင်းမလုပ်တာ အကောင်းဆုံးပေါ့

ဟုတ်ကဲ့ခွန်အားဖြစ်စေတဲ့postပါ

ဟုတ် ခုလိုကြားရတောါ အားဖြစ်စေပါတယ်

ရိုးရိုးကြင့်​ မြင့်​မြင့်​ကြံ
ဆိုတာ ဒါကို​ပြောတာ

ဟုတ်ကဲ့ပါ။ခုလိုကြားရတာ ကျေးဇူးပါ

အ‌တွေးဟာ အရမ်း အ‌ရေးကြီး‌ကြောင်း ‌ပြောတာ‌ပေါ့‌နော်‌။ ‌အော်‌တိုဆပ်‌ဂျက်‌ရှင်းနည်းဖြင့်‌ ဘဝကို မြှင့်‌တင်‌တာ‌လေး သ‌ဘောကြတယ်‌ဗျာ။

ခုလိုအားပေးတာ အားဖြစ်စေပါတယ်

သိပ်​​ကောင်းပါတယ်​​ဗျာ

ဟုတ်ကဲ့ပါ။

ဒီလိုသာဓကနှင့်​ယှဉ်​တွဲ​ပြောပြတာ​ကောင်းပါတယ်​။စကားလက်​​ဆောင်​အတွက်​လည်း​​ကျေးဇူးပါ...

ဟုတ် ခုလိုအားပေးတဲ့အတွက် အားရှိစေပါတယ်aster

ဘာဖောင့်နဲ့ ရေးတာတုံးဗျကြည့်ထဲ စကားလက်ဆောင်ဆိုမှပဲ မြင်ရတာ ကျန်တာ ဖတ်မရပုဖတ်ရတာလေး.ဖတ်လိုက်ရတာ ok တယ် မှတ်ထားပါ့မယ်လို့😁

Firefoxနဲ့သုံးလေမကြည်။unicodeနဲ့ရေးထားတာပါ

စိတ်ထဲမှာကိန်းအောင်းတာများလာတော့ တစ်နေ့လက်တွေ့ကြုံလာရတာပေါ့ အစ်ကိုရယ်

ဟုတ်ကဲ့။ကြိုးစားပါ။အကိုလည်းခုစာရေးနေရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားလျက်ပါ

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.079
BTC 62490.60
ETH 1674.10
USDT 1.00
SBD 0.47