ရိုးရာ စကားပုံ ဖွင့်ဆိုချက်-၁၄
ရိုးရာ စကားပုံ ဖွင့်ဆိုချက်-၁၄
အရှင်သုံး ဓားမတုံးထက်၏။ ။မြှောက်စားမည့်သူ အားပေးမြှောက်စား၍ အသုံးချသောအခါ တုံးနေသောဓားကဲ့ သို့ ဉာဏ်ထက်လာရသည်ဟုဆိုလိုသည်။ အသုံးချခြင်းဖြင့် ထက်မြက်မှုရရှိနိုင်သည်ကို ရည်၍ သုံးနှုန်းသည်။
အရပ်ကောင်းမှ အလောင်းလှသည်။ ။ရပ်ရွာတွင် အစုအပေါင်း အသိုက်အ၀န်းနှင့် နေထိုင်သူတို့သည် အရပ်အတွင်းရှိ လူများနှင့် သင့်တင့်ရင်းနှီးခြင်းဖြင့် ကူညီထောက်ပံ့မှုရရှိနိုင်သည့်အလျောက် မရှိဆင်းရဲ သူ သေဆုံးရလျှင်ပင် အရပ်အကူအညီဖြင့် အလောင်းလှအောင် ပြင်ဆင်နိုင်သည်ဟုဆို လိုသည်။ မိမိနေထိုင်ရာရပ်ရွာပတ်ဝန်းကျင်နှင့် သင့်မြတ်အောင် နေထိုင်တတ်ရန် သတိပေးသည့်အနေဖြင့် သုံးနှုန်းသည်။
အရင်းလဲတော့ အဖျားထင်းဖြစ်။ ။
သစ်ပင်ကြီးကို ခုတ်လှဲပြုသည့်အခါ အကိုင်းအခတ် တစ်ခုစီကို ရှေးဦးစွာ မခုတ်ပိုင်းဥေးစေကာမူ အရင်းမှခုတ်လှဲလိုက်သည်တွင် အပင်ကြီးတစ်ခုလုံး လဲမည် ဖြစ်၍ အဖျားပိုင်းများသည် အလိုအလျောက် ထင်းအဖြစ်သို့ ရောက်ရမြဲဖြစ်သည်ဟု ဆိုလိုသည်။ မူလအရင်းခံကို နှိမ်နင်းနိုင်လျှင် အဆွယ်အပွားတို့သည် အလိုအလျောက် ညှိုးကျ ပြိုပျက်ရမြဲသဘောကို ထင်ရှားစေရန် သုံးနှုန်းသည်။
Posted from my blog with SteemPress : http://steemhosting.com/knowledgereader/2019/05/18/%ef%bb%bf%e1%80%9b%e1%80%af%e1%80%ad%e1%80%b8%e1%80%9b%e1%80%ac-%e1%80%85%e1%80%80%e1%80%ac%e1%80%b8%e1%80%95%e1%80%af%e1%80%b6-%e1%80%96%e1%80%bc%e1%80%84%e1%80%b9%e1%80%b7%e1%80%86%e1%80%af%e1%80%ad/

Du hast ein Upvote von mir erhalten. Ich bin ein automatischer VotingBot und veröffentliche einmal am Tag einen Post in dem alle Votes zu finden sind.
Der @curationvoter wünscht Dir und deinen Lieben eine tolle Zeit.
Vorallem mit viel Sonne.
Euer Curationvoter
Bis denne
Nice shot