ဇာတိချက်ခြွေမွေးရပ်မြေ

in #myanmar7 years ago

စာရေးသူသည်ရခိုင်ပြည်နယ် စစ်တွေမြို့ တွင်မွေးဖွားသည်။မိဘနှစ်ပါးလုံးမှာရခိုင်စင်စစ်ဖြစ်သည်။မိမိ ဇာတိမြေဖြစ်သော စစ်တွေမြို့ အကြောင်းကိုဆရာအောင်လှသိန်း ရေးသားသည့် `ရခိုင်သုတအဘိဓာန်´စာအုပ်မှ ကောက်နှုတ်ကာ ဗဟုသုတရရန်အလို့ ဌါတင်ပြပေးလိုက်ပါတယ်။

ကုလားတန်မြစ်ဝ၏ အနောက်ဖက်ကမ်းနှင့် ဘင်္ဂလားပင်လယ်အော်တို့ ဆုံရာအရပ်တွင် တည်ရှိပြီး သဘာဝပထဝီ ကျောထောက်နောက်ခံ ကောင်းသည်။ မြို့၏မြောက်ဖက်ကို ဆတ်ရိုးကျချောင်းက ပိုင်းဖြတ်ထားသည်။ ရခိုင်ပြည်၏ မြို့တော်ဖြစ်ကာ ဧရိယာအကျဉ်းဆုံးမြို့လည်းဖြစ်သည်။

တောင်နှင့်မြောက် သုံးမိုင်ခွဲ၊ အရှေ့နှင့်အနောက်က နှစ်မိုင်ခန့်ရှိသည်။ အကျဉ်းဆုံးနေရာသည် ခြောက်ဖာလုံ ရှိသည်။ မြို့ဧရိယာမှာ (၃.၃၄) စတုရန်းမိုင် ရှိသည်။ `မြို့ပေါ်တွင်´ လူဦးရေ (၁.၂၇) သိန်းကျော် နေထိုင်သည်။ စစ်တွေမြို့နယ် တစ်ခုလုံး၏ လူဦးရေမှာမူ (၂.၃၃) သိန်း ရှိပါသည်။

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ စစ်တွေမှ ဆန်တန်ချိန် တစ်သိန်းကျော်အထိ နှစ်စဉ်တင်ပို့နေသဖြင့် ဆန်မြို့ဟုလည်း အမည်တွင်ခဲ့သည်ရန္တပိုစာချုပ်အရ အင်္ဂလိပ်တို့ ရခိုင်ကိုသိမ်းပြီးသောအခါ မြောက်ဦးမြို့သည် အနေအထား မကောင်းတော့သဖြင့် ၁၈၃၆ - ခုနှစ်တွင် စစ်တွေကို တည်ထောင်သည်။ `စစ်တဲကြီး´တစ်ခု ရှိခဲ့သည်ကို အစွဲပြု၍ စစ်တွေဟုတွင်လာသည်။ အာကျပ်ကုန်းရှိ အာကျပ်တော်စေတီကို အစွဲပြု၍ အင်္ဂလိပ်တို့က အာကျပ် (AKYAB)ဟု ခေါ်ကြသည်။

စစ်တွေမြို့နယ်ဧရိယာ၏ (၃၅) ရာခိုင်နှုန်းမှာ ဆန်စပါးစိုက်ပျိုးသည်။ သစ်တောဧရိယာ မရှိပါ။ ပုဇွန်ကန် (၄၂၆) ကန်နှင့် မွေးမြူရေးဧရိယာ (၄၈၉၀) ဧကရှိသည်။ အဓိကထွက်ကုန်မှာ ဆန်စပါး၊ ငါးနှင့် ရခိုင်လုံချည်တို့ ဖြစ်သည်။
စစ်တွေအနောက်ဖက်ရှိ ပေ (၂၀) ခန့်မြင့်သည့် တောင်ကုန်းငယ်တစ်ခုသာ အမြင့်ဆုံးကုန်းမြင့် ဖြစ်ပါ သည်။ ကျေးရွာအုပ်စု (၂၇) စုနှင့် ကျေးရွာငယ် (၈၇) ရွာရှိပါသည်။ ကန်တော်ကြီး၊ ဘုရားကြီး၊ ဧစေတီ၊ သလုံးတော်ဓာတ်စေတီ၊ လောကာနန္ဒာစေတီ၊ မင်းကြီးကျောက်တန်း၊ ရှုခင်းသာလမ်း၊ ပွိုင့်၊ စစ်တွေဟော်တယ်ရှေ့ကမ်းခြေ၊ နန္ဒာဝန်ဥယျာဉ်တို့မှာ ထင်ရှားသည်။ကူးသန်းရောင်းဝယ်ရေးသယ်ယူပို့ ဆောင်ရေးစသည်များကိုလုပ်ကိုင်ရန် ရေကြောင်းလမ်း၊လေကြောင်းလမ်း၊ကုန်းကြောင်းစသည်ဖြင့်ကုန်သွယ်ရေးကိုအဓိက အားထားရသောမြို့ တစ်မြို့ ပင်ဖြစ်ကြောင်းတင်ပြပေးလိုက်ပါသည်။
destination-sittwe-myanmar.jpg
Photo Credit by Google Image
@tthanthansoe(Steemit)

Sort:  

စိတ်ဝင်စားဖွယ်ပါပဲဗျာ။

လာလည်ဖို့ ဖိတ်ခေါ်ပါတယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61726.97
ETH 2392.47
USDT 1.00
SBD 2.60