SP 100 မှသည် SP 10000သို့ 

in #myanmar8 years ago

ဘာလိုလိုနဲ့ Steemit လောကထဲရောက်တာ၂လပြည့်လေပီ။လွန်ခဲ့ သော၂၀၁၆က Steemit ဆိုသောအရာကိုကြားဖူးနားဝရှိခဲ့ သည်။အကြောင်းမှာရုံး၌အတူအလုပ်ကိုင်လျှက်ရှိသောကိုးရီးယားလူမျိုး @Dubi မှတစ်ဆင့်ကြားသိခွင့်ရသည်။အဲအချိန်က ရုံး၌ကိုဟင်@kachinhenry မှလွဲမည်သူမှစိတ်မဝင်စားပေ။ကိုဟင်@kachinhenry တစ်ယောက်ဘဲစိတ်ပါဝင်စားစွာလေ့လာသင်ယူမှတ်သားသည်။အခုအချိန်တွင်ကိုဟင်ရဲ့ ကြိုးစားအားထုတ်မှုကြောင့်မြန်မာလူမျိုးတွေSteemit ကိုထိတွေ့ ခွင့်ရသည်။ကိုဟင်ရဲ့ စိတ်ရှည်၊သည်းခံမှုကြောင့်အခုအချိန်တွင်ကိုဟင်တစ်ယောက်Myanmar Steemit လောကတွင်အောင်မြင်နေလေပီ။ရည်မှန်းချက်ပန်းတိုင်သို့ အဖွဲ့ ဝင်များနဲ့ ချီတတ်နေလေပီ။
1.jpg
credit by google image
မိမိမှာကားလွန်လေပီးသောအချိန်များကိုနှမြောမိသောနောင်တများဖြင့်။ရှိစေတော့ ဒီလိုဖြင့်ခဏခဏတိုက်တွန်းသောကိုဟင်ကြောင့်၂၀၁၈နှစ်စပိုင်းလောက်စမ်းသုံးမိသည်။ပိုက်ဆံဟူသောအကျိုးတစ်ခုကိုမျှော်ကိုးလျှက်လုပ်ခဲ့ သော်လည်း ကိုယ်တိုင်အသုံးချကြည့်မှ Steemit တန်ဖိုးကိုပိုနားလည်လာသည်။တစ်ဖြည်းဖြည်းသဘောပေါက်လာသည်။စာရေးရတာလည်းပိုခုံမင်လာသည်။အားလပ်သောအချိန်တစ်ချို့ Steemit ဖြင့်သာကုန်လွန်ခဲ့ သည်။တစ်ချို့ နားမလည်သောအကြောင်းအရာများကို ကိုဟင်ကစိတ်ရှည်လက်ရှည်ရှင်းပြပေးသည်။
Thank-You-Free-PNG-Image.png
credit by google image
၂လဆိုသောကာလအတွင်း'SP100'ထိတင်နိုင်ခဲ့ သည်မှာ ကိုဟင်ကျေးဇေူးကြောင့်ပင်။တစ်ခြားသော မိမိ post ကိုဝင်ရောက်ဖတ်ရှုvote ပေးသောညီအကိုမောင်နမအယောက်စီတိုင်းကိုလည်းကျေးဇူးတင်လှသည်။မိမိမှာMSC အဖွဲ့ ဝင်မဟုတ်ပေမယ့် MSC မှ Admin များနဲ့ ပင်ခင်မင်လျှက်ရှိသည်။ခင်မင်စရာလည်းကောင်း၏။မိသားစုစိတ်ဓါတ်ကို အထင်းသားတွေ့ မြင်ရသည်။တစ်နေ့ MSC အောင်မြင်မည်ဟုလည်းယုံကြည်၏။
images.png
credit by google myanmar Steemit image
မိမိလည်းတတ်နိုင်သလောက် သူငယ်ချင်းများအားမျှဝေပေးသည်။တစ်ချို့ လည်းစိတ်ဝင်စားသည်။စိတ်မဝင်စားသူများလည်းရှိသည်။ထားစေတေ့ လူအမျိုးမျိုးစိတ်အထွေထွေပင်။Steemit သည်တစ်ဦးတစ်ယောက်တည်း လျောက်လို့ ရသောလမ်းမဟုတ် Teamwork ဖြင့်သာ လုပ်ဆောင်မှအောင်မြင်မှုရမည်။ဆင်းရဲချမ်းသာမရွေးလူတိုင်းပိုက်ဆံကိုလိုချင်တတ်မက်သည်။သို့ သော် လောဘနောက်လိုက်လျှင်အရှူံးနဲ့ ရင်ဆိုင်ရမည်မှာဧကန်မုချ။
3.jpg
credit by google image
ဥပမာ ကိုယ့်ကျSPမတင်ဘဲ SP ပုံမှန်တင်နေသော သူငယ်ချင်းများကို ကိုယ့်post ကို လာရောက့်vote ခိုင်းမည်ဆိုလျှင် Fair မည်သို့ ဖြစ်မည်နည်း။ကိုယ်လည်းရသမျှကိုစုပီးSPတင်မှ သူများကိုVote ပေးလျှင်တူသောအကျိုးရပေမည်။Voting Powerအနည်းအများကကိုယ့်ကြိုးစားအားထုတ်မှုနဲ့ တိုက်ရိုက်အချိုးကျသည်။သူများတွေ ကြိုးစားပီးOwn tune တွေရေးနေတဲ့ အချိန် မိမိမှာ Copy Paste ပြုလုပ်နေလျှင်လည်းfair မည်သို့ ဖြစ်မည်နည်း။ဒါကြောင့်မိမိမှာ ကြိုးစားပီးဦးနှောက်မှထွက်သလောက် ရသမျိုးစုံချရေးတော့သည်။တစ်ခါမှာစာမရေးဖူးသူဖြစ်လင့်ကစား ကြိုးစားပီးရေးသည်။နောင်လည်းရေးနေအုံးမယ်ပေမည်။ဒီလိုဖြင့်ယနေ့ မှ SP 100မှသည်1000၊1000မှသည်10000သို့  ကြိုးစားလျှင်ကားဘာမဆိုဖြစ်နိုင်သည်ဟုယုံကြည်လျှက် Steemit ၂လမှသည်နှောင်နှစ်များစွာထိ ဆက်လက်ကြိုးစားသွားမည်ဟုအဓိဌါန်ချမှတ်ရင်း......ကဲတော်သေးပီ။
5.jpg
credit by google image
written By @tthanthansoe(Steemit)

Sort:  

ဆင်ခြင်စရာအချက်တွေကို ထောက်ပြသွားတာပါပဲ ကျွန်တော်လည်း အစက ယောင်လည်လည်ပါ နောက်ပိုင်း MSC ရဲ့ ကူညီဖေးမမှု ဆရာသမားတွေရဲ့လမ်းပြမှု သူငယ်ချင်းတွေရဲ့နေရာပေးမှု စာဖတ်သူတွေရဲ့ အားပေးမှုကြောင့် ခွန်အားတွေ ရရှိပြီး ခရီးဆက်နိုင်ခဲ့တာပါ

အောင်မြင်ပါစေ

အောင်​မြင်​မှာပါညီမ​ရေ့
English ကျွမ်းကျင်​စွာတပ်​သူက
ဘယ်​လိုဖြစ်​ဖြစ်​တဘမ်းက​တော့သာပြီးသားပဲ​လေ

ကျေးဇူးပါ MSCအဖွဲ့ သားများအောင်မြင်ကြပါစေ

သူမ စာရှည်ရှည် ရေးသော ပိုစ့်
😂
စတာပါအေ။
ရေးထားတာ ကောင်း

ဟုတ်ပဆက်ရေးရင်ရသေးတယ်နော်ရပ်ထားလိုက်တာ😂

အေးပါကွာ ....

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 63791.40
ETH 1787.91
USDT 1.00
SBD 0.38