စည်းကမ်းဟူသည်လူတန်ဖိုး
"စည်းကမ်းဟူသည်လူ့ တန်ဖိုးဆိုသကဲ့ သို့ "
အိမ်တွင်အိမ်စည်းကမ်း၊ကျောင်းတွင်ကျောင်းစည်းကမ်း၊လမ်းတွင်လမ်းစည်းကမ်း၊ရုံးတွင်ရုံးစည်းကမ်း စသည်ဖြင့် လိုက်နာရန်လိုအပ်ပေသည်။မိမိမှာလည်း စင်ကာပူသို့ ရောက်စတွင် တစ်ချို့ စည်းကမ်းများကိုနားမလည်သော်လည်း သူငယ်တစ်ချို့ ပြောပြထားသဖြင့် သိရှိနေသည်။စင်င်္ကာပူက စည်းကမ်းနဲ့ ပက်သတ်လာရင်ထိထိရောက်ရောက်နဲ့ အရေးယူမှုတွေရှိတာကြောင့်စည်းကမ်းချိုးဖောက်တဲ့ သူ တော့လူအနည်းစုမျှသာရှိသည်။
မိမိမှာလည်းထိုနည်းတူစွာ ဘယ်နေရာရောက်ရောက်အမှိုက်ကို အောက်သို့ ပစ်မချတော့ဘဲ အမှိုက်ပုံးရှိရာသို့ ရှာဖွေစွန့်ပစ်တတ်လာပီလေ။
ဘာဝယ်ဝယ် အလေ့ကျစီတန်းသော(Queue)ဟူသော စနစ်ကိုကျင့်သုံးတတ်နေပီလေ။
Escalator စက်လှေကားစီးရင်လည်း ညာဘက်သို့ ကပ်ရပ်ပီးဘယ်ဘက်မှ နေရာအားတစ်ခြားသူတွေအတတ်အဆင်းမြန်အောင်ရှောင်ဖယ်ပေးတတ်ခဲ့ လေပီ။
ကိစ္စ အကြီးအငယ်ဘယ်ကိစ္စမဆို ကူညီတဲ့ သူမျိုးကို ကျေးဇူးတင်ကြောင်းပြောတတ်နေလေပီ။
ဘယ်နေရာမဆို တွံတွေး အလွယ်တစ်ကူမစွန့် ပစ်ဘဲ သန့် စင်ခန်းသွားပီး ရှင်းပစ်တော့တယ်။သန့် ရှင်းနေသောပတ်ဝန်းကျင်ကိုယ့်ကြောင့် ညစ်ပတ်ပျက်စီးသွားမှာမလိုလားမိသည်အမှန်ပင် စသည်ဖြင့်စည်းကမ်းဥပဒေတွေအများကြီးလိုက်နာရန်ရှိနေအုံးမည်။မိမိမှာလည်းမြန်မာလူမျိုးဖြစ်သည့်အားလျှော်စွာ ကိုယ့်နိုင်ငံကိုယ်လူမျိုးကိုလည်း၏ကဲ့ သို့ အသေးအဖွေးလေးတွေ စည်းကမ်းလိုက်နာစေချင်သည်။တစ်ယောက်အားဖြင့်တွန်းမရွှေ့ သော်လည်းပြိုင်တူတွန်းလျှင်ကားရွှေ့နိုင်မည်။
တစ်နေ့ မြန်မာနိုင်ငံကိုလည်းစင်င်္ကာပူလိုသန့် ရှင်းသပ်ရပ်သာစည်းကမ်းလိုက်နာသောနိုင်ငံဖြစ်အောင် မိမိတို့မှာသာတာဝန်ရှိပေတကား.........စဉ်းစားရင်းနောက်နေ့အတွက် ပြင်ဆင်ရပေအုံးမယ်။
Steemit အဖွဲ့ သားအပေါင်း အားလုံးအောင်မြင်ကြပါစေ ။
Photo Credit by Google image
Together we are there is nothing impossible.
Keep moving.
By the way, why you don't upvote your post. I think you forgot this.
Yes I forgot it😂.Let’s try together for our country 👍🏻