How different between myanmar worker and foreign worker
မြန်မာနိုင်ငံမှာတုန်းကဆောက်လုပ်ရေးcompany မှာအလုပ်ဝင်ဖူးတယ်။Owner ကတော့မြန်မာတရုတ်အပိုင်ပါ။5star hotel တစ်ခုလုံးပီးစီးဖို့ အချိန်5နှစ်လောက်ကြာမည့် Project တွင် ပြည်ကြီးတရုတ်သာခန့် ထားတာတွေ့ တယ်။လုပ်အားခအနည်းငယ်သာပေးရတဲ့ မြန်မာအလုပ်သမားတွေထက် စားစရိတ်နေစရိတ်တာဝန်ယူပေးရတဲ့ ပြည်ကြီးတရုတ်တွေဘဲ ခေါ်ယူပီးအဘယ်ကြောင့်အလုပ်ခန့် ထားရသည်ကိုစိတ်ဝင်စားမိသည်။ဥပမာProject Manager Level မျိုးပြည်ပကနေခေါ်ယူခန့် ထားတာမျိုးတော့မပြောလို။Myanmar နိင်ငံမှာလုပ်ကိုင်နေသာProject ဖြစ်သည့်အလျောက်သာမန် General worker လိုမျိုးကိုဘာလို့ ပြည်ကြီးတရုတ်တွေခေါ်ခန့် ထားတာလဲစသည်ဖြင့်သိချင်မိသည်။
ဒါနဲ့ မိမိနဲ့ လုပ်ဖော်ကိုင်ဖက် senior အမကိုမေးကြည့်တော့ သူကဒီလိုပြောပြတယ်။အရင်ကမြန်မာအလုပ်သမားတွေနဲ့ လုပ်ကိုင်ဖူးကြောင်းကိုလည်းပြောပြတယ်။အခုတရုတ်အလုပ်သမားတွေခန့် ထားရတဲ့ အကြောင်းက သူတို့ ကမနက်အစောကြီးအလုပ်ခွင်ရောက်တယ်။မနက်စာကိုလည်းအိမ်ကအပီးအစီးစားလာကြတာ သီးခြားအချိန်ယူမစားဘူး။နေ့လည်မှာ ချောင်ခိုပြီး အိပ်နေတာမရှိဘူး။ပစ္စည်းမခိုးဘူး။လုပ်ငန်းကျွမ်းကျင်တယ် အချိန်ပိုဆင်းရတာတို့ငြိုငြင်မှုမရှိဘူး စသည်ဖြင့်ပြောပြသည်။မြန်မာအလုပ်သမားတွေကျတော့ မနက်ဆိုအမြဲနောက်ကျမှရောက်တယ်။ကားပိတ်လမ်းပိတ်တာဘဲအမြဲဆင်ခြင်ပေးလေ့ရှိတယ်။အလုပ်ထဲရောက်ရင်မနက်စာစားဖို့ ဝိုင်းဖွဲ့ ကြတယ်။အလုပ်စလုပ်တော့လဲ ဟိုယောင်ဒီယောင် ယောင်တောင်တောင်ပေါ့။ဒါနဲ့ နေ့လည်လည်းရောက်ရောထမင်းစားပီးအိပ်သေးတယ်။ညနေရောက်ရင်အလုပ်သိမ်းဖို့ အိမ်ပြန်ရဖို့ ဘဲတွေးနေတာ တိုတာလျိုတာကရှိသေး။
ဒီတော့ နိုင်ငံခြားသားကို လုပ်အားခပိုပေးပြီးငှားတဲ့ အလုပ်ရှင် မှန်လားမှားလားတဲ့  အဲဒါလည်းစဉ်းစားစရာပါ။
သူများတန်းတူအလုပ်လုပ်ရင် သူများတန်းတူလစာနဲ့ ကိုယ့်လူမျိုးကို ဦးစားပေးအလုပ်ခန့်လိမ့်မယ်။ပျင်းလည်းပျင်း ဖျင်းလည်းဖျင်း ညစ်လည်းညစ်တဲ့အပြင် အလုပ်မလုပ်ဘဲ ပိုက်ဆံလိုချင်နေ ထစ်ကနဲရှိ ဆန္ဒပြနေသူတွေကို ဘယ်အလုပ်ချင်ကမှ မခန့်ချင်ဘူး။အော်ဆိုပီးစိတ်ထဲမကောင်းဖြစ်မိသည်။ဒါကြောင့်မြန်မာလူမျိုးများသည်ခေတ်နောက်ကျကျန်ခဲ့ လေသလား။လူတစ်ဦးတစ်ယောက်ချင်းကြိုးစားချင်စိတ်ရှိမှသာတိုင်းပြည်တိုးတတ်မည်။အစိုးရကိုချည်းအပြစ်တင်ဝေဖန်နေရုံဖြင့် တိုးတတ်ပြောင်းလဲလာမည်မဟုတ်ပေ။သူများနိုင်ငံသားတွေအလုပ်ကြိုးစားပုံကိုအတုယူလိုက်နာလုပ်ဆောင်သင့်ကြောင်းကိုအကြံပြုရင်း ရေးသားတင်ပြလိုက်ပါတယ်။
Photo Credit By Google Image
Author@tthanthansoe(Steemit)