လောကတွင်သနားစရာအကောင်းဆုံးကဘယ်သူတွေလို့ ထင်ပါသလဲ?????

in #myanmar9 years ago (edited)

မိမိ၏အလုပ်ရှင် သူဌေးမသည် အသက်အရွယ်အရ လူလတ်ပိုင်းမျှသာ ပိုက်ဆံချမ်းသာပီး လုပ်တတ်ကိုင်တတ်ပေသည်။သူ့ လုပ်ငန်းတွေလည်းအောင်မြင်လျှက်ရှိသည်။သို့ ပေမယ့် မိမိမှာသူ့ ကိုကြည့်ပီးသနားမိသည်။ရယ်စရာအလား လို့ ထင်ရအောင်ပင်။လက်အောက် ဝန်ထမ်းက သူဌေးလို လူမျိုးကို သနားတယ်ဆိုသည်မှာ အကြောင်းအရင်းရှိပေသည်။သူလေ......

(၁) ဘယ်သူ့ကိုမှ မယုံတဲ့သူပေါ့

(၂)အရာရာမှာ ငါရှိမှ၊ ငါလုပ်မှ ဖြစ်မယ်လို့ တွေးထားတာသူပေါ့

(၃)မိမိ အတ္တတစ်ခုတည်းဖြင့် အားလုံးကို တိုင်းတာသူပေါ့

(၄)မမြဲတဲ့ သင်္ခါရသဘောတရားကိုနားမလည်တာလဲသူပေါ့

လောကတွင်သနားစရာအကောင်းဆုံး လူသားများဟုပင်ထင်မြင်မိသည်။မိမိအယူအဆဖြင့်သာ ရေးသားထားခြင်းဖြစ်သည်။
1.jpg

Steemit သူငယ်ချင်းများအနေဖြင့် လောကတွင်သနားစရာအကောင်းဆုံးက ဘယ်သူတွေလို့ ထင်ပါသလဲ????????

cmt မှာချရေးခဲ့ လို့ ရပါတယ်

STEEMIT အဖွဲ့ သားများအားလုံးအောင်မြင်ကြပါစေဗျာ.........

Photo Credit by google image

Written By Than Than Soe (Steemit)

Sort:  

လောကကြီးကိုဘောင်ခတ်ပြီးကြည့်သူ
ပြောရရင်တော့ သူပတ်ဝန်းကျင်မှာ သူသာအတော်ဆုးံ သူလုပ်မှဖြစ်မည်လို့ခံယူသူ

ဟုတ်ပဗျာ

သနားစရာအကောင်းဆုံးကတော့ ကိုယ်ကို့ကိုယ်ပဲ။

အမှန်​တရားကို အမှန်​တရားလိုမသိတဲ့သူ

ဒါလည်းဟုတ်တာဘဲ👍🏻

ဟုတ် ဟုတ်
သူဌေးမကို ပြောပြပေးလိုက်ပါ့မယ် ဗျ

ပြုတ်စော်နံချင်သေးဘူးနော်😂

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.104
BTC 64479.17
ETH 1881.96
USDT 1.00
SBD 0.37