လော့ကျခြင်းအထိန်းအမှတ်
အော် လစာ လစာ ကပ်ထဲဝင်ပီးလားဝင်ပီလားနဲ့ စစ်လိုက်ရတာ ဘဏ်ကပ်တောင်Lock ကျသွားလေရဲ့ 😂။Bank ကနေ မိမိအကောင့်ကိုblock လုပ်လိုက်တာနဲ့ ဘယ်လိုမှဝင်မရဘူးဖြစ်နေတယ်လေ။အော်ဒါနဲ့ ရုံးဆင်းမှာဘဲလုပ်ပါတော့မယ်ဆိုပီးစိတ်လျော့ထားတယ်။အိမ်ရောက်တာနဲ့  Bank ဖုန်းနံပါတ်ကိုဆက်တော့ ၁ကိုနှိတ်ပါ ၃ကိုနှိတ်ပါဆိုပီးoperator ကပြောပီးခဏနေတော့ဖုန်းဝင်သွားလေတယ်။လူလတ်ပိုင်းအမျိုးသားတစ်ယောက်ကိုင်ပီး ဘာကူညီပေးရမလဲ လို့ မေးတယ်။ဒါနဲ့ အကြောင်းစုံရှင်းပြတော့ passport နံပါတ်တောင်းတယ်လေ passport နံပါတ်ကအသစ်ပြောင်းထားတာမကြာသေး အရင်အဟောင်းနံပါတ်နဲ့ဘဲ ဝင်ရမှာဆိုတော့ရုတ်တရက် အဟောင်းစာအုပ်အပြေးအလွှားရှာရပီလေ ဟိုဘက်ကလည်းဖုန်းကိုင်ပေးပီးစောင့်နေရှာတယ်။စာအုပ်ဟောင်းကရှာမရဘူးလေ ဒါနဲ့ ဘီဒိုထဲရှာနေတာ တစ်ဘက်ကသီးခံပီး ကိုင်ပီးစောင့်ပေးရှာတယ် မိမိနိုင်ငံမှာဆိုစောင့်ရလို့ ဖုန်းချပီးအဆဲခံရပေအုံးမယ်။ စာအုပ်ရှာတွေ့ပီ နံပါတ်ပြောလိုက်သည် ။ခဏနေတော့ ဘဏ်ဝန်ထမ်းအမျိုးသားက ဘယ်နေ့ ကဘယ်နှစ်ကြိမ်bank အကောင့်ထဲစစ်ကြည့်တာတို့ အကုန်record တွေကို သူကပြောပြတယ်။အခုတော့ blockဖြည်လိုက်ပါပီတဲ့ Account ထဲဝင်ကြည့်ပီ့း User ID Name change လိုက်ပါတဲ့ ။ကျေးဇူးတင်ပါတယ်လို့ပြောပီးဖုန်းကိုညင်သာစွာချလိုက်ပါတယ်။ဒါနဲ့ ဘယ်မှသွားစရာမလိုဘဲဖုန်းနဲ့ အဆင်ပြေသွားရှာတယ်။Customer Service ကတစ်ကယ်တော့Customer တွေကိုစိတ်ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးတဲ့  စလုံးကဝန်ဆောင်မှုကို စိတ်ကျေနပ်မိတယ်။မြန်မာနိုင်ငံအလည်ပြန်တုံးက KBZ ဘဏ်ဝန်ထမ်းကိုယ့်အပေါ်ဆက်ဆံပုံကိုပြန်သတိရမိသည်။အော် ပြောင်းလဲချိန်တန်ပီဟူသောအတွေးတစ်ခုဘဲဝင်မိသည်။
@Photo Credit By Google Image
@Author Than Than Soe(Steemit)
ဒီမှာလား စောင့်လေ။
တလောက atm card စက်ထဲမှာ ခံနေရော။ ပိုက်ဆံ မထုတ်ရတဲ့ အပြင် ကိုယ့်ကဒ်ပါ စက်ထဲ ကျန်နေရော။ ကဒ်ကျန် ph ဆက်ရန်ကို ဆက်တော့ အခုက bank မှာ အလုပ် ရှုပ်နေလို့ပါတဲ့။ bank ပိတ်ချိန်မှ လာထုတ်ပေးပြီး ကဒ်ကို အဲ့ mini bank မှာ ရှိတဲ့ လုံခြုံရေးဝန်ထမ်းကို ပေးထားပေးပါမယ်တဲ့။
ကဲ ...
ကဲအေးရော စိတ်တွေလည်ပါတယ်နော်😂😂😂